အပြစ်တင်စရာမရှိသောသူကို မှတ်သားဆင်ခြင်လော့။ ဖြောင့်မှန်သောသူကို ကြည့်ရှုလော့။ အကြောင်းမူကား ငြိမ်းချမ်းခြင်းဆောင်ကြဉ်းသူအတွက် အနာဂတ်ရှိ၏။
သုတ္တံကျမ်း။ 19:20 - မြန်မာ့စံမီသမ္မာကျမ်း အကြံဉာဏ်ကိုနားထောင်၍ ဆုံးမပဲ့ပြင်ခြင်းကိုလက်ခံလော့။ သို့ပြုလျှင် နောက်ဆုံး၌ သင်သည် ဉာဏ်ပညာကိုရရှိလိမ့်မည်။ Common Language Bible နောက်ဆုံးကာလ၌ ပညာရှိဖြစ်လိုသောငှါ၊ ဆုံးမသော စကားကို နားထောင်၍ နည်းဥပဒေကို ခံယူ လော့။ Garrad Bible အ ဆုံး၌ ပ ညာ ရ စေ ခြင်း ငှာ၊ အ ကြံ ပေး ရာ ကို ဆင် ခြင်၍၊ ဆုံး မ သွန် သင် ခြင်း ကို လည်း၊ နာ ယူ လော့။ Judson Bible နောက်ဆုံးကာလ၌ ပညာရှိဖြစ်လိုသောငှာ၊ ဆုံးမသောစကားကို နားထောင်၍ နည်းဥပဒေကို ခံယူလော့။ |
အပြစ်တင်စရာမရှိသောသူကို မှတ်သားဆင်ခြင်လော့။ ဖြောင့်မှန်သောသူကို ကြည့်ရှုလော့။ အကြောင်းမူကား ငြိမ်းချမ်းခြင်းဆောင်ကြဉ်းသူအတွက် အနာဂတ်ရှိ၏။
အကျွန်ုပ်တို့သည် ဉာဏ်ပညာနှင့်ပြည့်စုံသော စိတ်နှလုံးရှိလာမည့်အကြောင်း အကျွန်ုပ်တို့၏ နေ့ရက်များကို မှန်ကန်စွာရေတွက်နိုင်ရန် သွန်သင်တော်မူပါ။
နံနက်အချိန်၌ ကိုယ်တော်၏မေတ္တာကရုဏာတော်အားဖြင့် အကျွန်ုပ်တို့ကိုပြည့်စုံကြွယ်ဝစေတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏အသက်တာတစ်လျှောက်လုံး ရွှင်လန်းစွာသီချင်းဆို၍ ဝမ်းမြောက်ရပါလိမ့်မည်။
ဤစကားတို့သည် ဉာဏ်ပညာနှင့်ဆုံးမပဲ့ပြင်ခြင်းကို သိရှိစေရန်အတွက်လည်းကောင်း၊ အသိဉာဏ်နှင့်ဆိုင်သောစကားတို့ကို နားလည်စေရန်အတွက်လည်းကောင်း၊
ပညာသတိနှင့်ဆိုင်သောဆုံးမပဲ့ပြင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်းနှင့် သမာသမတ်ရှိခြင်းကို ရရှိစေရန်အတွက်လည်းကောင်း၊
ငါ့သား၊ သင့်ဖခင်၏ဆုံးမပဲ့ပြင်ခြင်းကို နားထောင်လော့။ သင့်မိခင်၏သွန်သင်ချက်ကိုလည်း မပစ်ပယ်နှင့်။
ဆိုးမိုက်သောသူသည် မိမိပြုမူကျင့်ကြံသောအမှုအရာကို မှန်သည်ဟု ထင်မြင်တတ်၏။ ပညာရှိသောသူမူကား အကြံဉာဏ်ကိုနားထောင်တတ်၏။
မာနထောင်လွှားခြင်းသည် ခိုက်ရန်ကိုသာဖြစ်ပွားစေတတ်၏။ အကြံပေးခြင်းကိုလက်ခံသောသူ၌ကား ဉာဏ်ပညာရှိ၏။
ဆုံးမပဲ့ပြင်ခြင်းကိုလျစ်လျူရှုသောသူသည် ကိုယ့်ကိုယ်ကိုယ်အလေးမထားတတ်။ ဆိုဆုံးမစကားကိုနားထောင်သောသူမူကား အသိဉာဏ်ကိုရတတ်၏။
အမျက်ဒေါသကြီးမားသောသူသည် အပြစ်ဒဏ်ခံရလိမ့်မည်။ သူ့ကိုကယ်နုတ်လျှင်လည်း နောက်တစ်ဖန်ထပ်၍ ကယ်နုတ်ရဦးမည်။
သားသမီးတို့၊ ဖခင်၏ဆုံးမပဲ့ပြင်ခြင်းကိုနားထောင်ကြလော့။ အသိဉာဏ်ကိုရရှိရန် အာရုံစိုက်ကြလော့။
ငါ၌ အကြံဉာဏ်နှင့် မှန်ကန်ပြည့်စုံသောဉာဏ်ရှိ၏။ ငါသည် အသိဉာဏ်ဖြစ်ပြီး ငါ၌အစွမ်းတန်ခိုးရှိ၏။
ဆုံးမပဲ့ပြင်ခြင်းကိုနားထောင်၍ ဉာဏ်ပညာရှိကြလော့။ ၎င်းကိုလျစ်လျူမရှုကြနှင့်။
အို ဂျေရုဆလင်မြို့၊ ဆုံးမပဲ့ပြင်ခြင်းကိုခံယူလော့။ သို့မဟုတ်လျှင် သင့်ကို ငါစွန့်ခွာသွားမည်။ သင့်ကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ် ဖြစ်စေမည်”ဟု မိန့်တော်မူ၏။
ငါက ‘သင်သည် ငါ့ကိုကြောက်ရွံ့လိမ့်မည်၊ ငါ၏ဆုံးမစကားကို နာခံလိမ့်မည်၊ ထို့ကြောင့် သင့်ကို တစ်ခုမျှဒဏ်မခတ်၊ သင့်နေရာကို မဖျက်ဆီး’ဟု ဆိုသော်လည်း စင်စစ် သူတို့၏အပြုအမူများမှာ ပိုမိုဆိုးဝါးလာ၏။
ယာကုပ်အမျိုးမြေမှုန့်ကို မည်သူရေတွက်နိုင်မည်နည်း။ အစ္စရေးလူမျိုး၏လေးပုံတစ်ပုံကို မည်သူရေတွက်နိုင်မည်နည်း။ ဖြောင့်မှန်သောသူတို့သေသကဲ့သို့ ငါသေပါရစေ။ ငါ၏နိဂုံးသည်လည်း သူ၏နိဂုံးကဲ့သို့ဖြစ်ပါစေ”ဟု ဆိုလေ၏။
သူတို့သည် ဉာဏ်ပညာရှိလျှင် ဤအမှုကိုနားလည်ကြလိမ့်မည်။ သူတို့၏နိဂုံးကိုဆင်ခြင်မိကြလိမ့်မည်။
သင့်ဘိုးဘေးတို့မသိသောမန္နမုန့်ဖြင့် တောကန္တာရ၌ သင့်ကိုကျွေးမွေးတော်မူသောအရှင်၊ နောက်ဆုံး၌ သင့်ကိုကောင်းစားစေမည့်အကြောင်း သင့်ကိုနှိမ့်ချခြင်းဖြင့် စမ်းသပ်တော်မူခဲ့သောအရှင်ဖြစ်တော်မူသည့် သင်၏ဘုရားသခင်ထာဝရဘုရားကို သင်မေ့လျော့လိမ့်မည်။