အကျွန်ုပ်ကိုဝိုင်းရံထားသောသူတို့သည် မာန်ထောင်ကြပါ၏။ သူတို့၏နှုတ်ခမ်းမှထွက်သောမကောင်းကျိုးသည် သူတို့ကိုဖုံးလွှမ်းကြပါစေ။
သုတ္တံကျမ်း။ 18:7 - မြန်မာ့စံမီသမ္မာကျမ်း မိုက်မဲသောသူ၏နှုတ်သည် သူ့အတွက် ပျက်စီးခြင်းအကြောင်းဖြစ်၏။ သူ၏နှုတ်ခမ်းသည်လည်း သူ၏စိတ်ဝိညာဉ်ကိုဖမ်းမိသောထောင်ချောက်ဖြစ်၏။ Common Language Bible မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာ အကြောင်းဖြစ်၏။ Garrad Bible မိုက် မဲ သူ၏ နှုတ် သည် ကိုယ့် ပျက် စီး ရာ၊ နှုတ် ခမ်း လည်း ကိုယ့် အ သက် ကို ကျော့ မိ ရာ အ ကြောင်း ဖြစ် ၏။ Judson Bible မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာအကြောင်းဖြစ်၏။ |
အကျွန်ုပ်ကိုဝိုင်းရံထားသောသူတို့သည် မာန်ထောင်ကြပါ၏။ သူတို့၏နှုတ်ခမ်းမှထွက်သောမကောင်းကျိုးသည် သူတို့ကိုဖုံးလွှမ်းကြပါစေ။
ကိုယ်တော်သည် သူတို့လျှာကြောင့် သူတို့ကိုလဲကျစေတော်မူလိမ့်မည်။ သူတို့ကိုမြင်သောသူအပေါင်းတို့သည် ထွက်ပြေးကြလိမ့်မည်။
ပညာရှိသောသူသည် အသိပညာကိုသိုမှီးတတ်၏။ ဆိုးမိုက်သောသူ၏နှုတ်မူကား ပျက်စီးခြင်းနှင့်နီးကပ်၏။
စိတ်နှလုံး၌ပညာရှိသောသူသည် ပညတ်ချက်တို့ကို လက်ခံတတ်၏။ နှုတ်ဖွာသည့် ဆိုးမိုက်သောသူကား ပျက်စီးခြင်းသို့ ရောက်ရလိမ့်မည်။
မကောင်းမှုပြုသောသူသည် မိမိနှုတ်ကျူးလွန်သောအပြစ်အားဖြင့် ထောင်ချောက်မိတတ်၏။ ဖြောင့်မတ်သောသူမူကား ဆင်းရဲဒုက္ခထဲမှ လွတ်မြောက်တတ်၏။
မိမိနှုတ်ကိုစောင့်စည်းသောသူသည် မိမိအသက်ကိုစောင့်ရှောက်၏။ နှုတ်ဖွာသောသူသည် ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။
ဆိုးမိုက်သောသူ၏နှုတ်တွင် မာန်မာနအတက်ပေါက်လျက်ရှိ၏။ ပညာရှိသောသူတို့၏နှုတ်ခမ်းမူကား သူတို့ကိုစောင့်ရှောက်လိမ့်မည်။
ဉာဏ်စွမ်းကိုပိုင်ဆိုင်သောသူအတွက် ထိုဉာဏ်စွမ်းသည် အသက်စမ်းရေတွင်းဖြစ်၏။ မိုက်မဲခြင်းမူကား ဆိုးမိုက်သောသူတို့ခံရသော အပြစ်ဒဏ်ဖြစ်၏။
အတင်းအဖျင်းပြောဆိုသောသူ၏စကားတို့သည် စားကောင်းသောက်ဖွယ်များကဲ့သို့ဖြစ်၍ အတွင်းအကျဆုံးနေရာများသို့ဆင်းသွားတတ်၏။
ဆိုးယုတ်သောသူသည် မိမိဒုစရိုက်များဖြင့် ဖမ်းဆီးခြင်းခံရ၍ မိမိအပြစ်ကြိုးများဖြင့် ချည်နှောင်ခြင်းခံရလိမ့်မည်။
ကိုယ့်နှုတ်ထွက်စကားနှင့်ကိုယ်ကျော့မိ၍ ကိုယ့်နှုတ်ထွက်စကားနှင့်ကိုယ် အဖမ်းခံရလေပြီ။
ယေဖသသည် သမီးကိုမြင်သောအခါ မိမိအဝတ်ကိုဆုတ်ပြီး “အို ငါ့သမီး၊ ငါ့ကို အလွန်စိတ်ဆင်းရဲစေပြီတကား။ အလွန်ဒုက္ခရောက်စေပြီတကား။ ငါသည် ထာဝရဘုရားကို ကတိသစ္စာပြုပြီးမှ ချိုးဖောက်၍မရတော့ပြီ”ဟု ဆိုလေ၏။