Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




သုတ္တံကျမ်း။ 14:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ဆိုးမိုက်​သော​သူ​၏​နှုတ်​တွင် မာန်မာန​အတက်​ပေါက်​လျက်​ရှိ​၏​။ ပညာရှိ​သော​သူ​တို့​၏​နှုတ်ခမ်း​မူကား သူ​တို့​ကို​စောင့်ရှောက်​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

3 မိုက်သောသူ၏ နှုတ်၌မာနကြိမ်လုံးရှိ၏။ ပညာ ရှိသောသူ၏ နှုတ်ခမ်းတို့သည် ကယ်တင်သောအမှုကို ပြုတတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 လူ မိုက်၏ နှုတ် တွင်၊ မာ န အ ညှောက် ပေါက် လျက် ရှိ၏။ ပ ညာ ရှိ တို့ နှုတ် ခမ်း မူ ကား၊ ကိုယ် ကို စောင့် ရှောက် တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 မိုက်​သော​သူ၏​နှုတ်၌ မာ​န​ကြိမ်​လုံး​ရှိ၏။ ပ​ညာ​ရှိ​သော​သူ၏​နှုတ်​ခမ်း​တို့​သည် ကယ်​တင်​သော​အ​မှု​ကို ပြု​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




သုတ္တံကျမ်း။ 14:3
21 ပူးပေါင်းရင်းမြစ်များ  

ကျာပွတ်​ကဲ့သို့သော​လျှာ​ဘေး​မှ သင့်​ကို ကွယ်ကာ​လိမ့်မည်​။ ပျက်စီး​ခြင်း​ဘေး​ရောက်လာ​လျှင်​လည်း သင်​ကြောက်ရွံ့​ရ​မည်​မ​ဟုတ်​။


ထာဝရဘုရား​သည် မြှောက်ပင့်​တတ်​သော​နှုတ်ခမ်း​နှင့် ဝါကြွား​ပြောဆို​တတ်​သော​လျှာ​ရှိသမျှ​တို့​ကို ဖယ်ရှား​တော်မူ​ပါစေ​။


ဖြောင့်မတ်​သော​သူ​တစ်ဖက်​၌ မာန်မာန​ဖြင့်​လည်းကောင်း​၊ မထီမဲ့မြင်ပြု​ခြင်း​ဖြင့်​လည်းကောင်း မောက်မာ​စွာ​ပြောဆို​တတ်​သည့် မုသား​နှုတ်ခမ်း​သည် တိတ်ဆိတ်​စွာ​နေ​ရ​ပါစေသော​။


ငါ​၏​စိတ်ဝိညာဉ်​သည် ခြင်္သေ့​တို့​အလယ်​၌​ရှိ​၏​။ အငမ်းမရ​ဝါးမျို​တတ်​သည့် လူသား​တို့​အလယ်​၌ ငါ​လဲလျောင်း​နေ​၏​။ သူ​တို့​၏​သွား​သည် လှံ​နှင့်​မြား​ကဲ့သို့​ဖြစ်​၏​။ သူ​တို့​၏​လျှာ​သည်​လည်း ထက်​သော​ဓား​ကဲ့သို့​ဖြစ်​၏​။


ဆိုးယုတ်​သော​သူ​တို့​၏​စကား​သည် လူ​ကို​သတ်ဖြတ်​ရန် ချောင်းမြောင်း​တတ်​၏​။ ဖြောင့်မှန်​သော​သူ​တို့​၏​နှုတ်​မူကား လူ​တို့​ကို​ကယ်နုတ်​တတ်​၏​။


မိမိ​နှုတ်​ကို​စောင့်စည်း​သော​သူ​သည် မိမိ​အသက်​ကို​စောင့်ရှောက်​၏​။ နှုတ်​ဖွာ​သော​သူ​သည် ပျက်စီး​ခြင်း​သို့​ရောက်​ရ​လိမ့်မည်​။


နွား​မ​ရှိ​လျှင် တင်းကုပ်​သည် သန့်ရှင်း​၏​။ သို့သော် နွား​၏​ခွန်အား​ဖြင့် များစွာ​သော​အသီးအနှံ​တို့​ကို​ရရှိ​၏​။


မိုက်မဲ​သော​သူ​၏​နှုတ်ခမ်း​သည် ခိုက်ရန်ဖြစ်ပွားမှု​ထဲ​ဝင်ပါ​တတ်​၏​။ သူ​၏​နှုတ်​သည်​လည်း ကြိမ်ဒဏ်​ကို​ဖိတ်ခေါ်​တတ်​၏​။


မိုက်မဲ​သော​သူ​၏​နှုတ်​သည် သူ့​အတွက် ပျက်စီး​ခြင်း​အကြောင်း​ဖြစ်​၏​။ သူ​၏​နှုတ်ခမ်း​သည်​လည်း သူ​၏​စိတ်ဝိညာဉ်​ကို​ဖမ်းမိ​သော​ထောင်ချောက်​ဖြစ်​၏​။


မာနထောင်လွှား​လျက် ခက်ထန်​မောက်မာ​သော​သူ​၏​အမည်​မှာ “​ပြက်ရယ်​ပြု​တတ်​သော​သူ​” ဟူ၍​ဖြစ်​၏​။ သူ​သည် အလွန်​မာနထောင်လွှား​သော​စိတ်​နှင့် ပြုမူ​တတ်​၏​။


မတရားမှု​မျိုးစေ့​ကို​ကြဲ​သော​သူ​သည် ဆင်းရဲဒုက္ခ​ကို​ရိတ်သိမ်း​ရ​၍ သူ​၏​ဒေါသ​ကြိမ်လုံး​သည် ပျက်စီး​သွား​လိမ့်မည်​။


လောဘကြီး​သော​သူ​သည် အငြင်းပွားမှု​ဖြစ်​ရန်​လှုံ့ဆော်​တတ်​၏​။ ထာဝရဘုရား​ကို​ယုံကြည်ကိုးစား​သော​သူ​မူကား ပြည့်စုံကြွယ်ဝ​လိမ့်မည်​။


ထို့ပြင် ထို​သားရဲ​၏​ခေါင်း​တွင်​ပေါက်​သော​ချို​ဆယ်​ခု​အကြောင်း​နှင့် နောက်ပေါက်​ချိုငယ်​တစ်ခု​အကြောင်း​ကို​လည်း ငါ​သိ​လို​၏​။ ထို​ချိုငယ်​ရှေ့​တွင်ပင် ချို​သုံး​ချောင်း​သည် နုတ်ပစ်​ခြင်း​ခံရ​၏​။ ထို​ချိုငယ်​သည် မျက်စိ​ပါ​၍ စကားကြီးစကားကျယ်​ပြောဆို​တတ်​သော​နှုတ်​ရှိ​ပြီး အခြား​ချို​များ​ထက်​ထူးခြား​၏​။


အကြောင်းမူကား သူ​တို့​သည် အချည်းနှီး​ချဲ့ထွင်​ဝါကြွား​ပြောဆို​လျက် မှားယွင်း​ခြင်း​၌​အသက်ရှင်​နေထိုင်​သော​သူ​တို့​ထဲမှ လွတ်မြောက်​ခါစ​ရှိ​သော​သူ​တို့​ကို သွေးသား​ဇာတိ​၏​တပ်မက်​ခြင်း​နှင့်​ကာမဂုဏ်​လိုက်စား​ခြင်း​တို့​ဖြင့် လှည့်ဖြား​ဆွဲဆောင်​ကြ​၏။


ညီအစ်ကို​များ​သည် သိုးသငယ်​တော်​၏​သွေး​တော်​အားဖြင့်​လည်းကောင်း၊ မိမိ​တို့​သက်သေခံ​သော​နှုတ်ကပတ်တော်​အားဖြင့်​လည်းကောင်း၊ သူ့​ကို​အောင်နိုင်​ခဲ့​ကြ​၏။ သူ​တို့​သည် အသေခံ​ရ​သည့်​တိုင်အောင် မိမိ​တို့​အသက်​ကို​နှမြော​ခြင်း​မ​ရှိ​ကြ။


သင်​သည် သည်းခံ​ခြင်း​နှင့်ဆိုင်သော ငါ​၏​နှုတ်ကပတ်တရား​ကို လိုက်နာ​စောင့်ထိန်း​သောကြောင့် ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​ကြ​သော​သူ​တို့​ကို စမ်းသပ်​စစ်ဆေး​ရန်​အတွက် ကမ္ဘာ​တစ်ခုလုံး​အပေါ်သို့ သက်ရောက်​လာ​တော့မည့် စမ်းသပ်​စစ်ဆေး​ရာ​ကာလ​တွင် ငါ​သည်​လည်း သင့်​ကို​စောင့်ရှောက်​မည်။


ထာဝရဘုရား​သည် အလုံးစုံ​ကို​သိမြင်​တော်မူ​သော​ဘုရား​ဖြစ်​ပြီး လုပ်ဆောင်မှု​တိုင်း​ကို ကြည့်မှတ်​တော်မူ​သည်​ဖြစ်၍ သင်​တို့​သည် ဝါကြွားထောင်လွှား​သော​စကား​ကို ထပ်၍​မ​ပြောဆို​ကြ​နှင့်​။ မောက်မာ​သော​စကား​ကို သင်​တို့​၏​နှုတ်​မှ မ​ထွက်​စေ​ကြ​နှင့်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ