ထာဝရဘုရားက “အဖိနှိပ်ခံရသောသူတို့ကြုံရသည့်ညှဉ်းဆဲခြင်းနှင့် နွမ်းပါးသောသူတို့၏ညည်းတွားခြင်းကြောင့် ယခုပင် ငါထမည်။ သူတို့တမ်းတသောလုံခြုံရာအရပ်၌ သူတို့ကိုငါထားမည်”ဟု မိန့်တော်မူ၏။
သုတ္တံကျမ်း။ 18:21 - မြန်မာ့စံမီသမ္မာကျမ်း သေခြင်းနှင့်အသက်ရှင်ခြင်းသည် လျှာ၏တန်ခိုးအောက်၌ရှိသည်ဖြစ်၍ လျှာကိုချစ်ခင်သောသူသည် ၎င်း၏အသီးကိုစားရလိမ့်မည်။ Common Language Bible လျှာသည်အသက်သေခြင်းနှင့် ရှင်ခြင်းကို အစိုးရ ၏။ လျှာကို နှစ်သက်သောသူသည်လည်း၊ လျှာ၏အသီးကို စားရ၏။ Garrad Bible လျှာ သည်၊ အ သက် ရှင် စေ ရန်၊ သေ စေ ရန် တန် ခိုး ရှိ၏။ လျှာ ကို နှစ် သက် သော သူ လည်း၊ ၎င်း၏ အ သီး ကို စား ရ လိမ့် မည်။ Judson Bible လျှာသည် အသက်သေခြင်းနှင့် ရှင်ခြင်းကိုအစိုးရ၏။ လျှာကိုနှစ်သက်သောသူသည်လည်း၊ လျှာ၏အသီးကို စားရ၏။ |
ထာဝရဘုရားက “အဖိနှိပ်ခံရသောသူတို့ကြုံရသည့်ညှဉ်းဆဲခြင်းနှင့် နွမ်းပါးသောသူတို့၏ညည်းတွားခြင်းကြောင့် ယခုပင် ငါထမည်။ သူတို့တမ်းတသောလုံခြုံရာအရပ်၌ သူတို့ကိုငါထားမည်”ဟု မိန့်တော်မူ၏။
ဖြောင့်မတ်သောသူ၏နှုတ်သည် ဉာဏ်ပညာကိုတိုးပွားစေ၏။ ဖောက်ပြန်လွဲမှားသောလျှာမူကား အဖြတ်ခံရလိမ့်မည်။
ဖြောင့်မတ်သောသူ၏အသီးအပွင့်သည် အသက်ပင်သဖွယ်ဖြစ်၏။ စိတ်ဝိညာဉ်များကိုဆွဲဆောင်စည်းရုံးနိုင်သောသူသည် ပညာရှိဖြစ်၏။
မကောင်းမှုပြုသောသူသည် မိမိနှုတ်ကျူးလွန်သောအပြစ်အားဖြင့် ထောင်ချောက်မိတတ်၏။ ဖြောင့်မတ်သောသူမူကား ဆင်းရဲဒုက္ခထဲမှ လွတ်မြောက်တတ်၏။
မိမိနှုတ်နှင့် လျှာကို စောင့်ထိန်းသောသူသည် မိမိအသက်ကို ဆင်းရဲဒုက္ခမှ စောင့်ထိန်းသောသူဖြစ်၏။
ဖြောင့်မတ်သောသူတို့သည် မိမိတို့လုပ်ဆောင်မှု၏အသီးအပွင့်ကိုစားရမည်ဖြစ်သောကြောင့် ကောင်းပေသည်ဟု သူတို့အား ပြောကြားလော့။
နှုတ်ခမ်းအသီးကို ငါဖန်ဆင်း၏။ ဝေးသောသူ၊ နီးသောသူတို့၌ ငြိမ်သက်ခြင်း ရှိစေသော။ ငါသည် သူ့ကို ကုသပေးမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သင်တို့သည် ဆိုးယုတ်မှုကို စိုက်ပျိုးသောကြောင့် မတရားမှုကိုရိတ်သိမ်းရ၏။ မုသားအသီးကို စားရ၏။ အကြောင်းမှာ ကိုယ့်နည်းလမ်း၊ ကိုယ့်စစ်သူရဲအလုံးအရင်းကိုသာ ယုံကြည်အားကိုးကြ၏။
သို့ဖြစ်၍ စာတန်၏အမှုဆောင်တို့သည်လည်း ဖြောင့်မတ်ခြင်း၏အမှုဆောင်အဖြစ် ယောင်ဆောင်ကြလျှင် အံ့ဩစရာမဟုတ်။ ထိုသူတို့၏နိဂုံးသည် မိမိတို့ပြုသောအမှုများအတိုင်းဖြစ်လိမ့်မည်။
အချို့သောသူတို့အတွက် သေခြင်းသို့ပို့ဆောင်သည့် သေခြင်း၏ရနံ့ဖြစ်ကြပြီး အချို့သောသူတို့အတွက်ကား အသက်ရှင်ခြင်းသို့ပို့ဆောင်သည့် အသက်ရှင်ခြင်း၏ရနံ့ဖြစ်ကြ၏။ သို့ဖြစ်လျှင် ဤအမှုအရာများနှင့် မည်သူသည် ထိုက်တန်သနည်း။
သင်တို့၏နှုတ်ထဲမှ မကောင်းသောစကားတစ်ခွန်းကိုမျှ မထွက်စေနှင့်။ ကြားရသောသူတို့ကို ကျေးဇူးပြုနိုင်ရန် လိုအပ်ချက်နှင့်အညီ တည်ဆောက်စရာဖြစ်စေသည့် ကောင်းသောစကားတို့ကိုသာ ပြောဆိုကြလော့။
လူတစ်ဦးစီအား မည်သို့ပြန်ဖြေရမည်ကို သင်တို့သိရှိနိုင်ရန် သင်တို့၏စကားသည် ဆားဖြင့်အရသာရှိလျက် အစဉ်အမြဲတင့်တယ်ခြင်းရှိပါစေ။
အကြောင်းမူကား သူတို့သည် အချည်းနှီးချဲ့ထွင်ဝါကြွားပြောဆိုလျက် မှားယွင်းခြင်း၌အသက်ရှင်နေထိုင်သောသူတို့ထဲမှ လွတ်မြောက်ခါစရှိသောသူတို့ကို သွေးသားဇာတိ၏တပ်မက်ခြင်းနှင့်ကာမဂုဏ်လိုက်စားခြင်းတို့ဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။