ဖြောင့်မတ်သောသူ၏အနည်းငယ်သောဥစ္စာသည် ဆိုးယုတ်သောသူတို့၏များစွာသော စည်းစိမ်ဘဏ္ဍာထက် ပို၍ကောင်း၏။
သုတ္တံကျမ်း။ 17:1 - မြန်မာ့စံမီသမ္မာကျမ်း ငြိမ်းချမ်းမှုနှင့်ယှဉ်တွဲလျက်ရှိသော မုန့်ခြောက်အနည်းငယ်သည် ခိုက်ရန်ဖြစ်ပွားခြင်းနှင့်ယှဉ်တွဲလျက်ရှိသည့် စားသောက်ဖွယ်အပြည့်ရှိသောအိမ်ထက် ပို၍ကောင်း၏။ Common Language Bible တအိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့ သော စိတ်နှင့်စားရသည်ထက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ် သော မုန့်တလုပ်စာသည်သာ၍ကောင်း၏။ Garrad Bible ရန် တွေ့ ခြင်း ကို၊ ဖြစ် ပွား စေ သော အိမ် လုံး ပြည့် ခဲ ဖွယ် စား ဖွယ် ထက်၊ ငြိမ် သက် စွာ စား ရ သော မုန့် ခြောက် တစ် လုပ် စာ သည်၊ သာ၍ ကောင်း ၏။ Judson Bible တစ်အိမ်လုံးပြည့်သော ယဇ်ပူဇော်ပွဲကို ရန်တွေ့သောစိတ်နှင့် စားရသည်ထက်၊ ငြိမ်သက်ခြင်းနှင့် ယှဉ်သော မုန့်တစ်လုပ်စာသည် သာ၍ကောင်း၏။ |
ဖြောင့်မတ်သောသူ၏အနည်းငယ်သောဥစ္စာသည် ဆိုးယုတ်သောသူတို့၏များစွာသော စည်းစိမ်ဘဏ္ဍာထက် ပို၍ကောင်း၏။
ဥစ္စာဘဏ္ဍာအနည်းငယ်သာရှိပြီး ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် ဥစ္စာဘဏ္ဍာများစွာရှိပြီး ရှုပ်ထွေးသောပြဿနာနှင့်ကြုံရခြင်းထက် ပို၍ကောင်း၏။
ချစ်ခြင်းမေတ္တာရှိရာအရပ်၌ ဟင်းသီးဟင်းရွက်ကိုစားရခြင်းသည် မုန်းတီးခြင်းရှိရာအရပ်၌ ဆူဖြိုးသောနွားကိုစားရခြင်းထက် ပို၍ကောင်း၏။
တရားသဖြင့်ရသော အမြတ်အစွန်းအနည်းငယ်သည် မတရားသဖြင့်ရသော အမြတ်အစွန်းများစွာထက် ပို၍ကောင်း၏။
ပညာသတိရှိသောအစေအပါးသည် အရှက်ကွဲစေသောသားကိုအုပ်စိုး၍ ညီအစ်ကိုတို့နှင့်အတူ အမွေဝေစုကိုရရှိလိမ့်မည်။
စိတ်ဆတ်၍ ငြင်းခုံရန်တွေ့တတ်သောမယားနှင့် နေရခြင်းထက် တောကန္တာရအရပ်၌နေရခြင်းသည် ပို၍ကောင်း၏။
ငြင်းခုံရန်တွေ့တတ်သောမယားနှင့် တစ်အိမ်တည်းအတူနေရခြင်းထက် ခေါင်မိုးပြင်ထောင့်၌နေရခြင်းသည် ပို၍ကောင်း၏။
“ကျွန်မသည် မိတ်သဟာယယဇ်များပူဇော်ရန်ရှိ၍ ယနေ့ပင် ကျွန်မ၏ကတိသစ္စာတို့ကို ပြည့်စုံစေပါပြီ။