သူသည် ခွန်အားကြီးသည်ဆိုပြီး သူ့ကို ယုံစား၍ရမည်လော။ သင်လုပ်ဆောင်ရမည့်အလုပ်ကြမ်းများကို သူ့အား လွှဲပေး၍ရမည်လော။
သုတ္တံကျမ်း။ 14:4 - မြန်မာ့စံမီသမ္မာကျမ်း နွားမရှိလျှင် တင်းကုပ်သည် သန့်ရှင်း၏။ သို့သော် နွား၏ခွန်အားဖြင့် များစွာသောအသီးအနှံတို့ကိုရရှိ၏။ Common Language Bible နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကို ရတတ်၏။ Garrad Bible နွား မ ရှိ လျှင်၊ တင်း ကုပ် စင် ကြယ် သည် မှန် သော် လည်း၊ နွား၏ ခွန် အား ကြောင့်၊ စီး ပွား တိုး တက် တတ်၏။ Judson Bible နွားထီးမရှိသော တင်းကုပ်သည် စင်ကြယ်၏။ သို့သော်လည်း၊ နွားခွန်အားကိုသုံး၍ များသောစီးပွားကိုရတတ်၏။ |
သူသည် ခွန်အားကြီးသည်ဆိုပြီး သူ့ကို ယုံစား၍ရမည်လော။ သင်လုပ်ဆောင်ရမည့်အလုပ်ကြမ်းများကို သူ့အား လွှဲပေး၍ရမည်လော။
အကျွန်ုပ်တို့၏နွားတို့သည် ထမ်းပိုးကောင်းကြပါစေသော။ မြို့ရိုးကျိုးပေါက်ခြင်းမရှိ၊ သိမ်းသွားခံရခြင်းလည်းမရှိ၊ အကျွန်ုပ်တို့၏လမ်းများ၌ ငိုကြွေးပူဆွေးခြင်းလည်း မရှိပါစေနှင့်။
ဆင်းရဲသောသူတီသောလယ်မြေသည် များစွာသောအစားအစာကို ဖြစ်ထွန်းစေတတ်၏။ သို့သော် မတရားမှုကြောင့် ဖျက်ဆီးခြင်းခံရတတ်၏။
ဆိုးမိုက်သောသူ၏နှုတ်တွင် မာန်မာနအတက်ပေါက်လျက်ရှိ၏။ ပညာရှိသောသူတို့၏နှုတ်ခမ်းမူကား သူတို့ကိုစောင့်ရှောက်လိမ့်မည်။
သစ္စာရှိသောသက်သေသည် လိမ်လည်ခြင်းမပြု။ မုသားသက်သေမူကား လိမ်လည်ထွက်ဆိုတတ်၏။
တစ်ဖန် ထာဝရဘုရားက “သင်တို့မြို့ရွာတိုင်းရှိလူတို့၏သွားကို စင်ကြယ်စေ၏။ နေရာတိုင်းတွင် အစာရေစာပြတ်လပ်စေ၏။ ဤသို့ဖြစ်သော်လည်း သင်တို့သည် ငါ့ထံသို့ပြန်မလာကြ”ဟု မိန့်တော်မူ၏။