အစ္စရေးဘုရင်အာခတ်မင်းကြီးကြောင့် ယုဒပြည်သားတို့သည် ထာဝရဘုရားအပေါ် သစ္စာမရှိ ဖောက်ပြန်မှားယွင်း၍ အထိန်းအကွပ်မဲ့ပြုမူကြ၏။ ထို့ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို နှိမ့်ချတော်မူ၏။
သုတ္တံကျမ်း။ 14:34 - မြန်မာ့စံမီသမ္မာကျမ်း ဖြောင့်မတ်ခြင်းသည် တိုင်းပြည်ကိုချီးမြှောက်တတ်၏။ အပြစ်မူကား တိုင်းသူပြည်သားတို့ကို အရှက်ကွဲစေတတ်၏။ Common Language Bible ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကို ချီးမြှောက်တတ်၏။ ဒုစရိုက်အပြစ်မူကား၊ ပြည်သားများ တို့ကို ရှုတ်ချတတ်၏။ Garrad Bible ဖြောင့် မတ် ခြင်း သည်၊ ပြည် သူ ပြည် သား တို့ ကို ထွန်း ကား စေ၏။ ဒု စ ရိုက် မှု ကား၊ ကျိုး ယုတ် ရှက် ကွဲ စေ တတ် ၏။ Judson Bible ဖြောင့်မတ်ခြင်းတရားသည် ပြည်သားတို့ကို ချီးမြှောက်တတ်၏။ ဒုစရိုက်အပြစ်မူကား၊ ပြည်သားများတို့ကို ရှုတ်ချတတ်၏။ |
အစ္စရေးဘုရင်အာခတ်မင်းကြီးကြောင့် ယုဒပြည်သားတို့သည် ထာဝရဘုရားအပေါ် သစ္စာမရှိ ဖောက်ပြန်မှားယွင်း၍ အထိန်းအကွပ်မဲ့ပြုမူကြ၏။ ထို့ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို နှိမ့်ချတော်မူ၏။
အသီးအနှံဖြစ်ထွန်းသောမြေကို ဆားမြေအဖြစ်သို့လည်းကောင်း ပြောင်းလဲစေတော်မူ၏။ ထိုသို့ပြုတော်မူခြင်းမှာ ထိုအရပ်၌နေထိုင်သောသူတို့၏မကောင်းမှုကြောင့်ဖြစ်၏။
ဉာဏ်ပညာသည် အသိဉာဏ်ရှိသောသူ၏ စိတ်နှလုံးထဲ၌ ကိန်းဝပ်၍ မိုက်မဲသောသူတို့၏အလယ်၌ပင် ကိုယ့်ကိုယ်ကိုယ်ဖော်ပြတတ်၏။
ပညာသတိရှိသောအစေအပါးကို ရှင်ဘုရင်နှစ်သက်တတ်၏။ အရှက်ကွဲစေသောသူအပေါ်၌မူကား အမျက်တော်သက်ရောက်တတ်၏။
ရှင်ဘုရင်သည် တရားမျှတမှုအားဖြင့် တိုင်းပြည်ကိုတည်မြဲစေတတ်၏။ အခွန်မတရားကောက်ခံသောသူမူကား တိုင်းပြည်ကိုပြိုပျက်စေတတ်၏။
ဧဖရိမ်အမျိုး နှုတ်ဟလိုက်သည်နှင့် လူတို့ ထိတ်လန့်ကြရ၏။ အစ္စရေးအမျိုးတွင် သူသည် ဩဇာညောင်းသူဖြစ်၏။ သို့သော် ဗာလဘုရားကြောင့် အပြစ်သင့်၍ သေဆုံးရ၏။