ပြည်သူပြည်သားများပြားခြင်းသည် ရှင်ဘုရင်အတွက် အသရေဖြစ်၏။ တိုင်းသူပြည်သားမရှိခြင်းမူကား အုပ်ချုပ်သူအတွက် ပျက်စီးခြင်းအကြောင်းဖြစ်၏။
ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ဘုန်းတော် တည်၏။ ပြည်သားနည်းပါးရာ၌ကား၊ မင်းအကျိုးနည်း ခြင်းရှိ၏။
ပြည် သူ ပြည် သား တိုး ပွား များ ပြား ခြင်း သည်၊ ဘု ရင် မင်း၏ ဘုန်း တည် ရာ အ ကြောင်း၊ တိမ် ကော ခြင်း မူ ကား၊ မင်း၏ ပျက် စီး ရာ အ ကြောင်း ဖြစ် ၏။
ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ဘုန်းတော်တည်၏။ ပြည်သားနည်းပါးရာ၌ကား၊ မင်းအကျိုးနည်းခြင်းရှိ၏။
ယခု ထပါ။ အရှင့်အမှုထမ်းတို့ထံသွား၍ နှစ်သိမ့်စကားမြွက်ဆိုပေးပါ။ အရှင်မင်းကြီးမသွားလျှင် ယခုညတွင်ပင် အရှင်မင်းကြီးထံပါး၌ မည်သူမျှကျန်ခဲ့မည်မဟုတ်ပါ။ ဤအမှုသည် အရှင်မင်းကြီး ငယ်စဉ်မှစ၍ ယခုချိန်ထိ ကြုံဖူးသောဒုက္ခအားလုံးထဲတွင် အဆိုးဆုံးဖြစ်လိမ့်မည်ကို ထာဝရဘုရားကိုတိုင်တည်၍ အကျွန်ုပ်ကျိန်ဝံ့ပါ၏”ဟု လျှောက်တင်လေ၏။
ယွာဘကလည်း ရှင်ဘုရင်အား “အရှင်မင်းကြီး၏ဘုရားသခင်ထာဝရဘုရားသည် လူတို့ကို သူတို့ရှိသည်ထက် အဆတစ်ရာ တိုးပွားစေသည်ကို အရှင်မင်းကြီး ကိုယ်တိုင်မြင်တွေ့ရပါစေသော။ အဘယ်ကြောင့် အရှင်မင်းကြီး ဤအမှုကို ပြုလိုပါသနည်း”ဟု လျှောက်တင်၏။
အစ္စရေးအမျိုးသားတို့လည်း စုရုံး၍ ရိက္ခာဖြည့်တင်းပြီးလျှင် ဆီးရီးယားတပ်နှင့်ရင်ဆိုင်တိုက်ခိုက်ရန် ချီလာကာ မျက်နှာချင်းဆိုင်တွင် စခန်းချကြ၏။ အစ္စရေးအမျိုးသားတို့သည် သူတို့ရှေ့တွင် ဆိတ်အုပ်လေးနှစ်အုပ်သဖွယ်ဖြစ်နေ၏။ ဆီးရီးယားတို့မူကား တစ်ပြည်လုံးအနှံ့တပ်စွဲထားကြ၏။
ဆီးရီးယားဘုရင်က အစ္စရေးစစ်တပ်ကို ဖျက်ဆီးပစ်၍ ကောက်နယ်တလင်းရှိအမှုန့်ကဲ့သို့ ဖြစ်စေသောကြောင့် ယောခတ်မင်းကြီးတွင် မြင်းတပ်သားအယောက်ငါးဆယ်၊ စစ်ရထား ဆယ်စီး၊ ခြေလျင်တပ်သားအယောက်တစ်သောင်းမှလွဲ၍ စစ်တပ်ဟူ၍ပင် မရှိတော့ပေ။
သို့သော် သူတို့ကို နှိပ်စက်လေ ပို၍တိုးပွားပျံ့နှံ့လာလေဖြစ်သောကြောင့် အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကြောင့် စိုးရိမ်ပူပန်ခြင်းသို့ရောက်ကြရ၏။
ဖာရောမင်းကြီးကလည်း မိမိလူအပေါင်းတို့အား “မွေးလာသောယောက်ျားလေးရှိသမျှကို နိုင်းမြစ်ထဲသို့ပစ်ချစေ။ မိန်းကလေးရှိသမျှကိုကား အသက်ရှင်စေ”ဟု အမိန့်ပေးလေ၏။
ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသက်စမ်းရေတွင်းဖြစ်၍ သေခြင်း၏ထောင်ချောက်များမှ ဖယ်ခွာစေတတ်၏။
စိတ်ရှည်သောသူ၌ ကြီးမားသောထိုးထွင်းဉာဏ်ရှိ၏။ စိတ်တိုသောသူမူကား မိုက်မဲမှုကိုချီးမြှောက်တတ်၏။
မြောက်ဘက်အရပ်မှလာသောသူတို့ကို မျှော်ကြည့်လော့။ သင့်အား ပေးအပ်ထားသောသိုးစု၊ သင်ဂုဏ်ယူရာသိုးကား အဘယ်မှာနည်း။