သုတ္တံကျမ်း။ 14:28 - Common Language Bible28 ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ဘုန်းတော် တည်၏။ ပြည်သားနည်းပါးရာ၌ကား၊ မင်းအကျိုးနည်း ခြင်းရှိ၏။ အခန်းကိုကြည့်ပါ။Garrad Bible28 ပြည် သူ ပြည် သား တိုး ပွား များ ပြား ခြင်း သည်၊ ဘု ရင် မင်း၏ ဘုန်း တည် ရာ အ ကြောင်း၊ တိမ် ကော ခြင်း မူ ကား၊ မင်း၏ ပျက် စီး ရာ အ ကြောင်း ဖြစ် ၏။ အခန်းကိုကြည့်ပါ။Judson Bible28 ပြည်သားများပြားရာ၌ ရှင်ဘုရင်၏ဘုန်းတော်တည်၏။ ပြည်သားနည်းပါးရာ၌ကား၊ မင်းအကျိုးနည်းခြင်းရှိ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 ပြည်သူပြည်သားများပြားခြင်းသည် ရှင်ဘုရင်အတွက် အသရေဖြစ်၏။ တိုင်းသူပြည်သားမရှိခြင်းမူကား အုပ်ချုပ်သူအတွက် ပျက်စီးခြင်းအကြောင်းဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့သည်လည်းစုရုံး ကာ စားနပ်ရိက္ခာစုံနှင့်မြို့ပြင်သို့ထွက်လာကြ လေသည်။ သူတို့သည်မိမိတို့၏တပ်ကိုနှစ်စု ခွဲ၍ရှုရိတပ်ကိုမျက်နှာမူကာနေရာယူ ကြ၏။ လွင်ပြင်တစ်ခုလုံးပြည့်နှက်နေသည့် ရှုရိအမျိုးသားတို့နှင့်နှိုင်းယှဉ်ကြည့်ပါ လျှင် ဣသရေလအမျိုးသားတို့သည်ဆိတ် အုပ်ကလေးနှစ်စုနှင့်တူပေသည်။
ယခုအရှင်ကြွတော်မူ၍အရှင်၏လူတို့ အားမေတ္တာစကားကိုမိန့်တော်မူပါ။ ထိုသို့ အရှင်ပြုတော်မမူပါလျှင်နက်ဖြန်နံနက် ၌ထိုသူတို့အနက်တစ်ဦးတစ်ယောက်မျှ အရှင်နှင့်အတူရှိနေတော့မည်မဟုတ် သဖြင့် အရှင့်တစ်သက်တွင်အဆိုးရွား ဆုံးသောဘေးအန္တရာယ်နှင့်တွေ့ကြုံရမည် ဖြစ်ကြောင်းကို အကျွန်ုပ်သည်ထာဝရ ဘုရား၏နာမတော်ကိုတိုင်တည်၍ကျိန် ဆိုပါ၏'' ဟုလျှောက်လေ၏။-
သို့ရာတွင်ယွာဘက``အရှင်မင်းကြီး၊ အရှင် ၏ဘုရားသခင်ထာဝရဘုရားသည်ဣသ ရေလအမျိုးသားတို့အား ယခုထက်အဆ တစ်ရာပို၍တိုးပွားအောင်ပြုတော်မူပါ စေသော။ အရှင်သည်လည်းယင်းသို့တိုးပွား သည်ကိုတွေ့မြင်ရသည်တိုင်အောင်အသက် ရှည်တော်မူပါစေသော။ သို့ရာတွင်အရှင် မင်းကြီးသည်အဘယ်ကြောင့်ဤအမှု ကိုပြုတော်မူလိုပါသနည်း'' ဟုဒါဝိဒ် အားလျှောက်လေ၏။-