အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




သုတ္တံကျမ်း။ 14:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ရယ်မော​လျက်​နေ​စဉ်ပင် စိတ်နှလုံး​သည် နာကျင်​နေ​တတ်​၏​။ ဝမ်းမြောက်​ခြင်း​၏​အဆုံး​၌​လည်း ပူဆွေးခြင်း​ရှိ​တတ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

လူသည် ရယ်စဉ်အခါပင်၊ ဝမ်းနည်းသော စိတ် သဘောရှိ၏။ ထိုရယ်မောရွှင်လန်းခြင်းအဆုံး၌လည်း ညှိုးငယ်ခြင်းရှိတတ်၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ရယ် စဉ် အ ခါ၌ ပင်၊ စိတ် ညှိုး ခြင်း ဖြစ် တတ်၏။ ရွှင် လန်း ခြင်း၏ အ ဆုံး လည်း၊ ဒု က္ခ နှင့် မ ကင်း ချေ။

အခန်းကိုကြည့်ပါ။

Judson Bible

လူ​သည် ရယ်​စဉ်​အ​ခါ​ပင်၊ ဝမ်း​နည်း​သော စိတ်​သ​ဘော​ရှိ၏။ ထို​ရယ်​မော​ရွှင်​လန်း​ခြင်း အ​ဆုံး၌​လည်း ညှိုး​ငယ်​ခြင်း​ရှိ​တတ်၏။

အခန်းကိုကြည့်ပါ။



သုတ္တံကျမ်း။ 14:13
9 ပူးပေါင်းရင်းမြစ်များ  

သို့သော် နောက်ဆုံး​၌ သူ​သည် ဒေါန​ကဲ့သို့​ခါး​၍ အသွားနှစ်ဖက်​ပါ​သော​သန်လျက်​ကဲ့သို့ ထက်​၏​။


အချင်း​လူပျို​၊ သင်​ပျိုရွယ်​စဉ်တွင် ဝမ်းမြောက်​လော့​။ သင်​၏​အသက် ပျိုရွယ်​သော​နေ့ရက်​များ​၌​လည်း သင်​၏​စိတ်နှလုံး​သည် ရွှင်လန်း​ပါစေ​။ သင့်​စိတ်နှလုံး​အလိုရှိ​ရာ​လမ်း​များ​နောက်​သို့​လည်းကောင်း​၊ သင့်​မျက်စိ​ပသာဒ​နောက်​သို့​လည်းကောင်း လိုက်​လော့​။ သို့ရာတွင် ထို​အရာ​အားလုံး​အတွက် ဘုရားသခင်​သည် သင့်​ကို​တရားသဖြင့်​စီရင်​တော်မူ​မည်​ဖြစ်ကြောင်း သိမှတ်​လော့​။


ငါ​သည် ငါ့​စိတ်နှလုံး​အား “​ယခု​လာ​လော့​။ အပျော်အပါး​အားဖြင့် သင့်​ကို ငါ​စမ်းသပ်​မည်​။ ကောင်း​သော​အရာ​ကို​လည်း ခံစား​သိရှိ​လော့​”​ဟု မြွက်ဆို​၏​။ သို့ရာတွင် ကြည့်ရှု​လော့​။ ထို​အမှုအရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​။


ရယ်မော​ခြင်း​သည် “​ရူးသွပ်​ခြင်း​ဖြစ်​၏​” ဟူ၍​လည်းကောင်း​၊ အပျော်အပါး​သည် “​မည်သည့်​အကျိုးရှိ​သနည်း​” ဟူ၍​လည်းကောင်း ငါ​ဆို​၏​။


သို့သော် အာဗြဟံ​က ‘ငါ့​သား၊ သင်​သည်​အသက်ရှင်​စဉ်အခါ မိမိ​အတွက် ကောင်း​သော​အရာ​များ​ကို​ရရှိ​ခဲ့​၍ လာဇရု​သည် မကောင်း​သော​အရာ​များ​ကို​ရရှိ​ခဲ့​ကြောင်း သတိရ​လော့။ ယခု​မူကား သူ​သည်​ဤ​နေရာ​တွင် နှစ်သိမ့်​ခြင်း​ကို​ခံစားရ​၍ သင်​သည် ဝေဒနာ​ပြင်းစွာ​ခံစား​နေ​ရ​၏။


စိတ်​ညှိုးငယ်​ခြင်း၊ ဝမ်းနည်း​ကြေကွဲ​ခြင်း​နှင့် ငိုကြွေး​ခြင်း​ရှိ​ကြ​လော့။ သင်​တို့​၏​ရယ်မော​ခြင်း​ကို ဝမ်းနည်း​ကြေကွဲ​ခြင်း​ဖြစ်​စေ​၍ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​ကို ဝမ်းနည်း​ပူဆွေး​ခြင်း​ဖြစ်စေ​ကြ​လော့။