သနားတတ်သောသူ၊ ချေးငှားပေးတတ်သောသူနှင့် မိမိ၏အမှုကိစ္စတို့ကို တရားမျှတစွာ စီမံခန့်ခွဲတတ်သောသူသည် ကောင်းကျိုးချမ်းသာကိုခံစားရ၏။
သုတ္တံကျမ်း။ 13:16 - မြန်မာ့စံမီသမ္မာကျမ်း ဆင်ခြင်ဉာဏ်ရှိသောသူတိုင်းသည် အသိပညာရှိစွာပြုကျင့်တတ်၏။ မိုက်မဲသောသူမူကား မိမိ၏မိုက်မဲမှုကို ပေါ်လွင်ထင်ရှားစေတတ်၏။ Common Language Bible သမ္မာသတိရှိသော သူအပေါင်းတို့သည် ပညာ အတတ်နှင့်ပြုမူတတ်ကြ၏။ မိုက်သောသူမူကား၊ မိမိမိုက် သော အပြစ်ကို ထင်ရှားစေတတ်၏။ Garrad Bible လိ မ္မာ သော သူ ရှိ သ မျှ တို့ သည်၊ အ သိ ပ ညာ နှင့် ပြု လုပ် တတ် ကြ၏။ မိုက် မဲ သော သူ မူ ကား၊ မိုက် မဲ ခြင်း ကို ဖွင့် ပြ တတ် ၏။ Judson Bible သမ္မာသတိရှိသောသူအပေါင်းတို့သည် ပညာအတတ်နှင့် ပြုမူတတ်ကြ၏။ မိုက်သောသူမူကား၊ မိမိမိုက်သော အပြစ်ကို ထင်ရှားစေတတ်၏။ |
သနားတတ်သောသူ၊ ချေးငှားပေးတတ်သောသူနှင့် မိမိ၏အမှုကိစ္စတို့ကို တရားမျှတစွာ စီမံခန့်ခွဲတတ်သောသူသည် ကောင်းကျိုးချမ်းသာကိုခံစားရ၏။
ဉာဏ်ပညာသည် အသိဉာဏ်ရှိသောသူ၏ စိတ်နှလုံးထဲ၌ ကိန်းဝပ်၍ မိုက်မဲသောသူတို့၏အလယ်၌ပင် ကိုယ့်ကိုယ်ကိုယ်ဖော်ပြတတ်၏။
ပညာရှိသောသူတို့၏လျှာသည် အသိပညာကိုထုတ်ဖော်တတ်၏။ မိုက်မဲသောသူတို့၏နှုတ်မူကား မိုက်မဲခြင်းကိုသွန်ထုတ်တတ်၏။
မိုက်မဲသောသူသည် ထိုးထွင်းဉာဏ်ကိုအလိုမရှိဘဲ မိမိစိတ်သဘောကိုသာ ဖော်ပြတတ်၏။
မာနထောင်လွှားလျက် ခက်ထန်မောက်မာသောသူ၏အမည်မှာ “ပြက်ရယ်ပြုတတ်သောသူ” ဟူ၍ဖြစ်၏။ သူသည် အလွန်မာနထောင်လွှားသောစိတ်နှင့် ပြုမူတတ်၏။
သူ၏နှုတ်ထွက်စကားအစသည် မိုက်မဲခြင်းဖြစ်ပြီး သူ့စကား၏အဆုံးသည် ဆိုးရွားသောရူးသွပ်ခြင်းဖြစ်၏။
မိုက်မဲသောသူသည် လမ်း၌လျှောက်သွားစဉ်တွင်ပင် အသိစိတ်ကင်းမဲ့၍ မိမိသည်မိုက်မဲသောသူဖြစ်ကြောင်း လူအပေါင်းတို့ရှေ့၌ဖော်ပြတတ်၏။
ကြည့်ရှုလော့။ ငါ့အစေအပါးသည် ပညာသတိရှိစွာလုပ်ဆောင်မည်။ သူသည် ချီးမြှင့်မြှောက်စားခြင်းခံရ၍ အထွတ်အမြတ်ဖြစ်မည်။
နားထောင်ကြလော့။ ဝံပုလွေများထဲသို့ သိုးတို့ကိုစေလွှတ်သကဲ့သို့ သင်တို့ကို ငါစေလွှတ်၏။ ထို့ကြောင့် မြွေကဲ့သို့လိမ္မာပါးနပ်လျက် ချိုးငှက်ကဲ့သို့ရိုးသားဖြူစင်ကြလော့။
သင်တို့၏နာခံမှုသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍ သင်တို့အတွက် ငါဝမ်းမြောက်၏။ သို့ရာတွင် သင်တို့သည် ကောင်းသောအမှု၌ ပညာရှိဖြစ်ကြပြီး မကောင်းသောအမှု၌ အပြစ်ကင်းစင်သောသူဖြစ်ကြရန် ငါအလိုရှိ၏။
ညီအစ်ကိုတို့၊ စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ ကလေးသူငယ်များမဖြစ်ကြနှင့်။ မကောင်းမှုနှင့်ပတ်သက်၍ ကလေးသူငယ်များကဲ့သို့ဖြစ်ကြလျက် စဉ်းစားဆင်ခြင်မှုနှင့်ပတ်သက်၍ စုံလင်ရင့်ကျက်သောသူများဖြစ်ကြလော့။
သို့ဖြစ်၍ မိုက်မဲသောသူများမဖြစ်ကြဘဲ သခင်ဘုရား၏အလိုတော်သည် မည်သည့်အရာဖြစ်သည်ကို နားလည်ကြလော့။
ယခုမှာ အကျွန်ုပ်တို့သခင်နှင့် အိမ်သူအိမ်သားအားလုံးသည် ဘေးရောက်တော့မည်ဖြစ်၍ မည်သို့ပြုရမည်ကို သခင်မ သိမြင်ပါလော့။ အကျွန်ုပ်တို့သခင်သည် ဆိုးညစ်သူဖြစ်သောကြောင့် သူ့ကိုပြော၍ရမည်မဟုတ်ပါ”ဟု ဆို၏။
အကျွန်ုပ်၏သခင်၊ ဤဆိုးညစ်သောသူနာဗလကို စိတ်ထဲမထားပါနှင့်။ သူသည် သူ၏နာမည်နှင့်လိုက်ပါ၏။ နာဗလဟူသောနာမည်နှင့်အညီ မိုက်မဲသောသူဖြစ်ပါ၏။ သခင်စေလွှတ်လိုက်သော သခင့်လူတို့ကို သခင့်ကျွန်မ မတွေ့လိုက်ရပါ။