အဗရှလုံက “သင့်အမှုကား လျော်ကန်ဖြောင့်မှန်ပါ၏။ သို့သော် သင့်အမှုကို ကြားနာပြီး ရှင်ဘုရင်ထံ တင်ပြပေးမည့်သူ မရှိ”ဟု ပြန်ပြောတတ်၏။
သုတ္တံကျမ်း။ 12:2 - မြန်မာ့စံမီသမ္မာကျမ်း သူတော်ကောင်းသည် ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရလိမ့်မည်။ ကောက်ကျစ်သောဉာဏ်ရှိသောသူမူကား အပြစ်စီရင်ခြင်းခံရလိမ့်မည်။ Common Language Bible သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကို ကြံစည်သော သူမူကား၊ အပြစ်စီရင်တော်မူခြင်းကို ခံရ၏။ Garrad Bible သူ တော် ကောင်း သည်၊ ထာ ဝ ရ ဘု ရား ထံ မှ ကျေး ဇူး တော် ကို ခံ စား ရ လိမ့် မည်။ အ ဆိုး ကြံ စည် သူ့ ကို မူ ကား၊ အ ပြစ် စီ ရင် တော် မူ လိမ့် မည်။ Judson Bible သူတော်ကောင်းသည် ထာဝရဘုရားရှေ့တော်၌ မျက်နှာရတတ်၏။ မကောင်းသောအကြံကို ကြံစည်သောသူမူကား၊ အပြစ်စီရင်တော်မူခြင်းကိုခံရ၏။ |
အဗရှလုံက “သင့်အမှုကား လျော်ကန်ဖြောင့်မှန်ပါ၏။ သို့သော် သင့်အမှုကို ကြားနာပြီး ရှင်ဘုရင်ထံ တင်ပြပေးမည့်သူ မရှိ”ဟု ပြန်ပြောတတ်၏။
သနားတတ်သောသူ၊ ချေးငှားပေးတတ်သောသူနှင့် မိမိ၏အမှုကိစ္စတို့ကို တရားမျှတစွာ စီမံခန့်ခွဲတတ်သောသူသည် ကောင်းကျိုးချမ်းသာကိုခံစားရ၏။
လူမျိုးတကာတို့သည် မိမိတို့တူးထားသောတွင်းထဲသို့ ကျကြပြီ။ သူတို့ခြေသည် မိမိတို့လျှို့ဝှက်စွာထောင်ထားသော ပိုက်ကွန်၌မိလေပြီ။
ထို့ကြောင့် သူတို့သည် မိမိတို့ပြုမူကျင့်ကြံသောအမှုအရာ၏အသီးကိုစား၍ မိမိတို့၏အကျင့်အကြံများနှင့် ဝအီကြလိမ့်မည်။
ဆုံးမပဲ့ပြင်ခြင်းကိုနှစ်သက်သောသူသည် အသိပညာကိုနှစ်သက်သောသူဖြစ်၏။ ဆိုဆုံးမခြင်းကိုမုန်းသောသူမူကား အသိတရားမဲ့သောသူဖြစ်၏။
စိတ်တိုသောသူသည် မိုက်မဲသောအမှုကိုပြုတတ်၏။ ကောက်ကျစ်သောဉာဏ်ရှိသောသူသည်လည်း အမုန်းခံရလိမ့်မည်။
မကောင်းမှုကို တွေးတောကြံစည်သောသူတို့သည် လမ်းလွဲသွားကြသည်မဟုတ်လော။ ကောင်းသောအမှုကို တွေးတောကြံစည်သောသူတို့မူကား မေတ္တာကရုဏာနှင့်သမ္မာတရားကို တွေ့ရှိကြလိမ့်မည်။
ထိုသို့ပြုလျှင် သင်သည် ဘုရားသခင်ရှေ့၊ လူတို့ရှေ့၌မျက်နှာရ၍ ကောင်းသောဉာဏ်စွမ်းနှင့်ပြည့်စုံလိမ့်မည်။
ယုတ်ညံ့သောအကြံအစည်များကို တွေးတောကြံစည်သောစိတ်နှလုံး၊ မကောင်းမှုပြုရာသို့ အလျင်အမြန်ပြေးသောခြေ၊
အကြောင်းမူကား ငါ့ကိုတွေ့သောသူသည် အသက်ကိုတွေ့၍ ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရ၏။
လေကိုတားဆီးရန် မည်သူမျှလေကိုမထိန်းချုပ်နိုင်သကဲ့သို့ သေရမည့်နေ့ရက်အပေါ် အခွင့်အာဏာရှိသောသူမရှိ။ (စစ်ဖြစ်ချိန်၌) စစ်ပွဲမှမည်သူမျှထွက်ခွာခွင့်မရှိသကဲ့သို့ ဆိုးယုတ်မှုသည် ဆိုးယုတ်သောသူကို လွတ်မြောက်ခွင့်ပေးလိမ့်မည်မဟုတ်။
အကြောင်းမူကား သူသည် သူတော်ကောင်းဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်လည်းကောင်း ပြည့်ဝသောသူဖြစ်၏။ ထိုအခါ များစွာသောလူတို့သည် သခင်ဘုရားထံသို့ ပြောင်းလဲလာကြ၏။
အကြောင်းမှာ ဖြောင့်မတ်သောသူအတွက် အသေခံမည့်သူရှိခဲ၏။ သူတော်ကောင်းအတွက်ကား အသေခံဝံ့သူရှိကောင်းရှိလိမ့်မည်။