ဖြောင့်မတ်သောသူမူကား မိမိလမ်းအတိုင်း တည်ကြည်စွာလျှောက်လှမ်း၍ လက်စင်ကြယ်သောသူသည်လည်း ပို၍ပို၍အားကြီးလာလိမ့်မည်။
သုတ္တံကျမ်း။ 10:25 - မြန်မာ့စံမီသမ္မာကျမ်း လေပွေတိုက်ခတ်သွားသောအခါ ဆိုးယုတ်သောသူသည် ပျောက်ကွယ်သွား၏။ ဖြောင့်မတ်သောသူ၌ကား အစဉ်အမြဲတည်သောအုတ်မြစ်ရှိ၏။ Common Language Bible မတရားသောသူသည် လွန်သွားသော လေဘွေ ကဲ့သို့ ပျောက်တတ်၏။ ဖြောင့်မတ်သောသူမူကား၊ မြဲမြံ သော တိုက်မြစ်ဖြစ်၏။ Garrad Bible လူ ဆိုး သည်၊ လေ ပြင်း တိုက်၍ လွင့် ပျောက်၏။ သူ တော် ကောင်း မူ ကား၊ ထာ ဝ ရ အ ခြေ ရှိ ၏။ Judson Bible မတရားသောသူသည် လွန်သွားသော လေပွေကဲ့သို့ ပျောက်တတ်၏။ ဖြောင့်မတ်သောသူမူကား၊ မြဲမြံသော တိုက်မြစ်ဖြစ်၏။ |
ဖြောင့်မတ်သောသူမူကား မိမိလမ်းအတိုင်း တည်ကြည်စွာလျှောက်လှမ်း၍ လက်စင်ကြယ်သောသူသည်လည်း ပို၍ပို၍အားကြီးလာလိမ့်မည်။
သူသည် အိပ်မက်ကဲ့သို့ ပျောက်ပျက်သွား၍ သူ့ကို တွေ့ရတော့မည်မဟုတ်။ ညအချိန်မြင်ရသောစိတ်အာရုံကဲ့သို့ ထွက်ပြေးသွားလိမ့်မည်။
သူတို့သည် လေနှင်ရာလွင့်သောကောက်ရိုးကဲ့သို့လည်းကောင်း၊ လေပွေတွင်ပါသွားသောဖွဲကဲ့သို့လည်းကောင်း ဖြစ်ဖူးသလော။
ထာဝရဘုရားကို ယုံကြည်ကိုးစားသောသူတို့သည် မတုန်မလှုပ်၊ အစဉ်အမြဲတည်သော ဇိအုန်တောင်ကဲ့သို့ဖြစ်ကြ၏။
မိမိငွေကို အတိုးဖြင့်ချေးငှားခြင်းမပြု၊ အပြစ်ကင်းသောသူကိုထိခိုက်စေသည့် တံစိုးလက်ဆောင်ကိုလက်မခံသောသူပင်တည်း။ ဤသို့ပြုသောသူသည် မည်သည့်အခါမျှတုန်လှုပ်မည်မဟုတ်။
ဖြောင့်မတ်သောသူသည် လက်စားချေခြင်းကိုမြင်ရသဖြင့် ဝမ်းမြောက်လိမ့်မည်။ သူသည် ဆိုးယုတ်သောသူ၏သွေး၌ မိမိ၏ခြေကို ဆေးကြောလိမ့်မည်။
ဆူးလေပင်နှင့်မွှေးသောမီး၏အပူရှိန်ကို သင်တို့အိုးများမသိရမီ ထိုဆူးများသည် စိုနေသည်ဖြစ်စေ၊ ခြောက်နေသည်ဖြစ်စေ ကိုယ်တော်လွင့်ပါးစေတော်မူလိမ့်မည်။
ကြောက်မက်ဖွယ်ဘေးသည် လေပြင်းမုန်တိုင်းကဲ့သို့ သင်တို့အပေါ်သက်ရောက်သောအခါ၌လည်းကောင်း၊ ဘေးဒုက္ခသည် လေပွေကဲ့သို့ သင်တို့ထံရောက်လာသောအခါ၌လည်းကောင်း၊ ဆင်းရဲဒုက္ခနှင့်ဘေးဥပဒ်သည် သင်တို့အပေါ်သက်ရောက်သောအခါ၌လည်းကောင်း
ဖြောင့်မတ်သောသူသည် မည်သည့်အခါမျှမရွေ့ရာ။ ဆိုးယုတ်သောသူတို့မူကား ပြည်တော်၌ နေထိုင်ရလိမ့်မည်မဟုတ်။
လူသည် ဆိုးယုတ်မှုအားဖြင့် မတည်မြဲနိုင်ရာ။ ဖြောင့်မတ်သောသူတို့၏အမြစ်မူကား မရွေ့ရာ။
ဆိုးယုတ်သောသူတို့သည် ဖြိုလှဲခြင်းခံရ၍ ပျောက်ကွယ်သွားကြ၏။ ဖြောင့်မတ်သောသူတို့၏အိမ်မူကား တည်မြဲလိမ့်မည်။
သူတို့သည် စိုက်ခါစပျိုးပင်၊ ကြဲခါစမျိုးစေ့၊ မြေကြီးထဲ၌အမြစ်စွဲခါစအပင်ပေါက်ကဲ့သို့ဖြစ်၍ သူတို့ကို မှုတ်တော်မူသဖြင့် သူတို့သည် ခြောက်သွေ့သွားမည်။ ဖွဲကဲ့သို့ လေပွေတိုက်ရာ လွင့်ပါသွားမည်။
သင့်အား ငါဆိုသည်ကား သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်၌ ငါ၏အသင်းတော်ကို ငါတည်ဆောက်မည်။ မရဏာနိုင်ငံ၏တံခါးတို့သည်လည်း ထိုအသင်းတော်ကို အနိုင်ရကြမည်မဟုတ်။
သင်တို့သည် တမန်တော်များနှင့်ပရောဖက်များ၏အုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းခံရကြ၍ ခရစ်တော်ယေရှုကိုယ်တော်တိုင် ထောင့်ချုပ်ကျောက်ဖြစ်တော်မူ၏။
စစ်မှန်သောအသက်ကိုရယူပိုင်ဆိုင်နိုင်ဖို့ရန် နောင်ဘဝအတွက် ကောင်းသောအုတ်မြစ်ကို မိမိတို့အတွက်ချထားကြရန်လည်းကောင်း ညွှန်ကြားလော့။
သို့ရာတွင် ဘုရားသခင်၏ခိုင်ခံ့သောအုတ်မြစ်သည် တည်မြဲလျက်ရှိ၍ ထိုအုတ်မြစ်ပေါ်၌ “ထာဝရဘုရားသည် မိမိလူတို့ကို သိတော်မူ၏”ဟူ၍လည်းကောင်း၊ “ထာဝရဘုရား၏နာမတော်ကို တိုင်တည်ခေါ်ဆိုသောသူတိုင်း မတရားမှုမှဖယ်ခွာကြလော့”ဟူ၍လည်းကောင်း တံဆိပ်ခတ်နှိပ်ထား၏။