ငါသတိပြုမိသည်မှာ အပြစ်ဒုစရိုက်ကိုထွန်ယက်၍ အခက်အခဲပြဿနာကိုကြဲသောသူသည် ထိုအရာတို့ကို ပြန်ရိတ်သိမ်းရတတ်၏။
သုတ္တံကျမ်း။ 1:31 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သူတို့သည် မိမိတို့ပြုမူကျင့်ကြံသောအမှုအရာ၏အသီးကိုစား၍ မိမိတို့၏အကျင့်အကြံများနှင့် ဝအီကြလိမ့်မည်။ Common Language Bible ထိုကြောင့်သူတို့သည် ကိုယ်ကျင့်ခြင်း၏ အကျိုး အပြစ်ကိုစား၍၊ ကိုယ်ကြံသော အကြံတို့နှင့် ဝကြလိမ့် မည်။ Garrad Bible ထို့ ကြောင့်၊ ၎င်း တို့ သည် ကိုယ့် အ လေ့ အ ကျင့်၏ အ သီး ကို စား၍၊ ကိုယ့် အ ကြံ အ စည် များ နှင့် သာ ရောင့် ရဲ ကြ ရ မည်။ Judson Bible ထိုကြောင့် သူတို့သည် ကိုယ်ကျင့်ခြင်း၏အကျိုးအပြစ်ကိုစား၍၊ ကိုယ်ကြံသော အကြံတို့နှင့် ဝကြလိမ့်မည်။ |
ငါသတိပြုမိသည်မှာ အပြစ်ဒုစရိုက်ကိုထွန်ယက်၍ အခက်အခဲပြဿနာကိုကြဲသောသူသည် ထိုအရာတို့ကို ပြန်ရိတ်သိမ်းရတတ်၏။
ငါ့လူမျိုးတော်သည် ငါ့စကားကိုနားထောင်၍ အစ္စရေးလူမျိုးသည် ငါ၏လမ်းအတိုင်းလျှောက်လှမ်းခဲ့လျှင်
လူသည် မိမိနှုတ်၏အသီးအပွင့်အားဖြင့် ကောင်းသောအရာနှင့်ပြည့်စုံကြွယ်ဝလိမ့်မည်။ သူ့လက်၏လုပ်ဆောင်မှုသည်လည်း သူ့ထံသို့ပြန်လာလိမ့်မည်။
လူသည် မိမိနှုတ်၏အသီးအပွင့်မှ ကောင်းသောအရာကိုစားရ၏။ သစ္စာမဲ့သောသူတို့၏စိတ်ဆန္ဒကား ရက်စက်ကြမ်းကြုတ်မှုဖြစ်၏။
စိတ်သဘောဖောက်ပြန်သောသူသည် မိမိပြုမူကျင့်ကြံသောအမှုအရာများနှင့် ဝအီလိမ့်မည်။ သူတော်ကောင်းမူကား မိမိပြုမူကျင့်ကြံသောအမှုအရာများနှင့် ပြည့်စုံကြွယ်ဝလိမ့်မည်။
မတရားမှုမျိုးစေ့ကိုကြဲသောသူသည် ဆင်းရဲဒုက္ခကိုရိတ်သိမ်းရ၍ သူ၏ဒေါသကြိမ်လုံးသည် ပျက်စီးသွားလိမ့်မည်။
ဆိုးယုတ်သောသူသည် မိမိဒုစရိုက်များဖြင့် ဖမ်းဆီးခြင်းခံရ၍ မိမိအပြစ်ကြိုးများဖြင့် ချည်နှောင်ခြင်းခံရလိမ့်မည်။
သူသည် ဆုံးမပဲ့ပြင်ခြင်းမခံရသောကြောင့် သေရလိမ့်မည်။ သူ၏ကြီးမားသောမိုက်မဲမှုကြောင့် လမ်းလွဲသွားရလိမ့်မည်။
ငါနှင့်လွဲသွားသောသူမူကား ကိုယ့်ကိုယ်ကိုယ်အကျိုးနည်းစေ၏။ ငါ့ကိုမုန်းသောသူရှိသမျှတို့သည် သေခြင်းကိုချစ်ကြ၏။
ငါခေါ်သောအခါ မည်သူမျှမထူး။ ငါမိန့်သောအခါ နားမထောင်။ သူတို့သည် ငါ့မျက်မှောက်၌ မကောင်းမှုကိုပြု၍ ငါမနှစ်သက်သောအရာတို့ကို ရွေးချယ်ကြသောကြောင့် ငါကိုယ်တော်တိုင် သူတို့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည်။ သူတို့ကြောက်လန့်သောအရာများကို သူတို့အပေါ် ကျရောက်စေမည်။
ပရောဖက်ပြုခံရသောပြည်သားတို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ကြောင့် သေဆုံး၍ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်၌ ပစ်ထားခြင်းခံရလိမ့်မည်။ သူတို့နှင့်တကွ သူတို့၏မယား၊ သားသမီးတို့ကို သင်္ဂြိုဟ်မည့်သူရှိမည်မဟုတ်။ သူတို့ပြုခဲ့သောမကောင်းမှုကို သူတို့အပေါ်သို့ ငါသွန်ချမည်။
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ထာဝရဘုရားက “ငါသည် သင်တို့လုပ်ဆောင်မှုအကျိုးအပြစ်အလျောက် သင်တို့ကို ဒဏ်ခတ်မည်။ သင်တို့တောကိုမီးရှို့သဖြင့် သင်တို့နေရာပတ်ပတ်လည်ကို လောင်ကျွမ်းလိမ့်မည်”ဟု မိန့်တော်မူ၏။
အို ကမ္ဘာမြေကြီး၊ နားထောင်လော့။ ဤလူမျိုးသည် ငါ့စကားကို အာရုံမစိုက်။ ငါ၏ပညတ်တရားကိုလည်း ငြင်းပယ်ကြသောကြောင့် ငါသည် သူတို့ထံသို့ သူတို့အကြံအစည်၏အကျိုးဆက်ဖြစ်သည့် ဘေးအန္တရာယ်ကို ယူဆောင်လာမည်။
ထို့ကြောင့် ငါ့အမျက်ဒေါသကို သူတို့အပေါ် သွန်ချမည်။ ငါ့အမျက်မီးဖြင့် သူတို့ကို လောင်ကျွမ်းစေမည်။ သူတို့ပြုကျင့်ခဲ့သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်ဆို၏။