သူသည် ဆင်းရဲဒုက္ခရောက်၍ အော်ဟစ်ငိုကြွေးသောအခါ ဘုရားသခင် နားညောင်းတော်မူမည်လော။
သုတ္တံကျမ်း။ 1:27 - မြန်မာ့စံမီသမ္မာကျမ်း ကြောက်မက်ဖွယ်ဘေးသည် လေပြင်းမုန်တိုင်းကဲ့သို့ သင်တို့အပေါ်သက်ရောက်သောအခါ၌လည်းကောင်း၊ ဘေးဒုက္ခသည် လေပွေကဲ့သို့ သင်တို့ထံရောက်လာသောအခါ၌လည်းကောင်း၊ ဆင်းရဲဒုက္ခနှင့်ဘေးဥပဒ်သည် သင်တို့အပေါ်သက်ရောက်သောအခါ၌လည်းကောင်း Common Language Bible သင်တို့ ကြောက်မက်ဘွယ်သော အမှုသည် သုတ်သင်ပယ်ရှင်းခြင်းအမှုကဲ့သို့၎င်း၊ သင်တို့ပျက်စီးခြင်း အမှုသည် လေပြင်းမုန်တိုင်းကဲ့သို့၎င်း ရောက်လာ၍၊ သင်တို့သည်ဆင်းရဲခြင်း၊ ပူပန်ခြင်းနှင့် တွေ့ကြုံသော အခါ၊ Garrad Bible ထို ကြောက် မက် ဖွယ် အ ရေး သည်၊ မုန် တိုင်း ကဲ့ သို့ လည်း ကောင်း၊ ကပ် လည်း၊ လေ ပြင်း ကဲ့ သို့ လည်း ကောင်း၊ သင့် ၍၊ ဒုက္ခ ဆင်း ရဲ ခြင်း နှင့် တွေ့ ကြုံ သော အ ခါ၊ Judson Bible သင်တို့ ကြောက်မက်ဖွယ်သောအမှုသည် သုတ်သင်ပယ်ရှင်းခြင်းအမှုကဲ့သို့လည်းကောင်း၊ သင်တို့ပျက်စီးခြင်းအမှုသည် လေပြင်းမုန်တိုင်းကဲ့သို့လည်းကောင်း ရောက်လာ၍၊ သင်တို့သည် ဆင်းရဲခြင်း၊ ပူပန်ခြင်းနှင့် တွေ့ကြုံသောအခါ၊ |
သူသည် ဆင်းရဲဒုက္ခရောက်၍ အော်ဟစ်ငိုကြွေးသောအခါ ဘုရားသခင် နားညောင်းတော်မူမည်လော။
ဆူးလေပင်နှင့်မွှေးသောမီး၏အပူရှိန်ကို သင်တို့အိုးများမသိရမီ ထိုဆူးများသည် စိုနေသည်ဖြစ်စေ၊ ခြောက်နေသည်ဖြစ်စေ ကိုယ်တော်လွင့်ပါးစေတော်မူလိမ့်မည်။
လူတို့သည် ရေလုံးကြီးတို့၏မြည်ဟည်းသံကဲ့သို့ မြည်ဟည်းကြသော်လည်း ကိုယ်တော်သည် သူတို့ကိုဆုံးမတော်မူသောအခါ အဝေးသို့ထွက်ပြေးကြရလိမ့်မည်။ တောင်ပေါ်မှဖွဲကို လေတိုက်သကဲ့သို့၊ ဖုန်မှုန့်ကို လေပွေတိုက်၍ လုံးထွေးလိမ့်ပါသွားသကဲ့သို့ အလိုက်ခံရကြ၏။
ကြည့်ရှုလော့။ ထာဝရဘုရား၏ဒေါသမုန်တိုင်း တိုက်ခတ်လိမ့်မည်။ ပြင်းစွာသောမုန်တိုင်းသည် ဆိုးယုတ်သောသူတို့၏ခေါင်းပေါ်သို့ ကျရောက်လိမ့်မည်။
ထာဝရဘုရားသည် စိတ်ရှည်သောဘုရား၊ တန်ခိုးကြီးသောဘုရား၊ အပြစ်ရှိသူကို အပြစ်ဒဏ်မခတ်ဘဲမနေသောဘုရားဖြစ်တော်မူ၏။ ထာဝရဘုရားသည် လေပွေနှင့် မိုးသက်မုန်တိုင်းအလယ်တွင် ကြွမြန်းတော်မူ၏။ မိုးတိမ်တို့သည် ခြေတော်အောက်၌ မြေမှုန့်ကဲ့သို့ဖြစ်၏။
ဆင်းရဲဒုက္ခနှင့်နာကျင်ခြင်းဝေဒနာတို့သည် ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် မကောင်းသောအမှုကိုပြုသည့် သက်ရှိလူသားအပေါင်းတို့အပေါ်သို့ ကျရောက်လိမ့်မည်။
“ငြိမ်းချမ်းမှုနှင့်လုံခြုံမှုရှိသည်”ဟု လူတို့ပြောဆိုနေကြသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး၌ သားဖွားခြင်းဝေဒနာရောက်လာသကဲ့သို့ ပျက်စီးခြင်းသည် သူတို့အပေါ် ရုတ်တရက်ရောက်လာ၍ သူတို့သည် လုံးဝလွတ်မြောက်နိုင်မည်မဟုတ်။