အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဝတ်​ပြု 9:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တစ်ဖန် မောရှေ​က အာရုန်​အား “​ယဇ်ပလ္လင်​သို့​ချဉ်းကပ်​လော့​။ ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​သည့်​အတိုင်း သင်​၏​အပြစ်ဖြေရာယဇ်​နှင့်​မီးရှို့ရာယဇ်​ကို​ပူဇော်​၍ သင့်​အတွက်​၊ လူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​လော့​။ လူ​တို့​၏​ပူဇော်သက္ကာ​ကို​လည်း ပူဇော်​၍ သူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​လော့​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို့​နောက်​သူ​သည်​အာ​ရုန်​အား``သင်​၏​အ​ပြစ် နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​အ​ပြစ် ပြေ​ရန်​အ​တွက် ယဇ်​ပလ္လင်​သို့​သွား​၍​အ​ပြစ် ဖြေ​ရာ​ယဇ်​ကို​လည်း​ကောင်း၊ မီး​ရှို့​ရာ​ယဇ်​ကို လည်း​ကောင်း​ပူ​ဇော်​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​တွက်​အ​ပြစ်​ဖြေ​ရာ​ယဇ်​ကို ပူ​ဇော်​လော့'' ဟု​ဆို​လေ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

အာ ရုန် အား လည်း မော ရှေ က၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း ပူ ဇော် ရာ ပ လ္လင် တော် သို့ ချဉ်း ကပ် လျက် ကိုယ် ဆိုင် သော အ ပြစ် ဖြေ ရာ သ က္ကာ၊ ကိုယ် ဆိုင် သော မီး ရှို့ ရာ သ က္ကာ များ ကို ဆက် ကပ် ၍ ကိုယ့် အ ပြစ် နှင့် လူ ပ ရိ သတ် အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု ပြီး လျှင် လူ ပ ရိ သတ်၏ အ လှူ ဒါ ကို ဆက် ကပ် ၍ ၎င်း တို့ အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု လော့ ဟု မိန့် ဆို သည့် အ လျောက်၊

အခန်းကိုကြည့်ပါ။

Judson Bible

အာ​ရုန်​အား​လည်း၊ သင်​သည်​ယဇ်​ပ​လ္လင်​သို့​သွား၍ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်၏​အ​ပြစ်​ဖြေ​ရာ​ယဇ်၊ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​သ​ဖြင့်၊ သင်​နှင့်​လူ​များ​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လော့။ လူ​များ​ဆောင်​ယူ​ခဲ့​သော ပူ​ဇော်​သ​ကာ​ကို​လည်း​ပူ​ဇော်၍၊ သူ​တို့​အ​တွက် အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​လော့​ဟူ၍​လည်း​ကောင်း​ဆို​လေ၏။

အခန်းကိုကြည့်ပါ။



ဝတ်​ပြု 9:7
12 ပူးပေါင်းရင်းမြစ်များ  

အာရုန်​သည် မိမိ​အတွက် အပြစ်ဖြေရာယဇ်​အဖြစ် နွားထီး​ကို ပူဇော်​ရ​မည်​။ မိမိ​နှင့်​မိမိ​အိမ်သူအိမ်သား​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို ပြု​ရ​မည်​။ မိမိ​အတွက် အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​ကို သတ်​ရ​မည်​။


သူ​သည် သန့်ရှင်း​သော​နေရာ​၌ ရေချိုး​ပြီးလျှင် မိမိ​အဝတ်​ကို​ဝတ်​ရ​မည်​။ ထို့နောက် ထွက်လာ​၍ မိမိ​၏​မီးရှို့ရာယဇ်​၊ လူ​တို့​၏​မီးရှို့ရာယဇ်​တို့​ကို ပူဇော်​ခြင်း​ဖြင့် မိမိ​အတွက်​၊ လူ​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရ​မည်​။


အာရုန်​သည် မိမိ​အတွက် အပြစ်ဖြေရာယဇ်​အဖြစ် နွားထီး​ကို ပူဇော်​ရ​မည်​။ မိမိ​နှင့်​မိမိ​အိမ်သူအိမ်သား​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို ပြု​ရ​မည်​။


ဘိသိက်ခံ​ယဇ်ပုရောဟိတ်​သည် အပြစ်ပြု​သဖြင့် လူ​တို့​အပေါ် အပြစ်​သက်ရောက်​စေ​လျှင်​လည်းကောင်း သူ​ကျူးလွန်​သော​အပြစ်​အတွက် အပြစ်ဖြေရာယဇ်​အဖြစ် အပြစ်အနာအဆာကင်း​သည့် နွားထီးပျို​တစ်​ကောင်​ကို ထာဝရဘုရား​အား ပူဇော်​ရ​မည်​။


ဤ​နေ့ရက်​၌​ပြု​သည့်​နည်းတူ သင်​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် ထာဝရဘုရား​မိန့်မှာ​တော်မူ​ခဲ့​၏​။


အာရုန်​အား “​အပြစ်ဖြေရာယဇ်​အတွက် နွားအုပ်​ထဲမှ​နွားသငယ်​တစ်​ကောင်​နှင့် မီးရှို့ရာယဇ်​အတွက် အပြစ်အနာအဆာကင်း​သော​သိုးထီး​တစ်​ကောင်​ကို သင့်​အဖို့​ယူ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ပူဇော်​လော့​။


လူ​တို့​အထဲမှ ရွေးကောက်​ခြင်း​ခံရ​သော​ယဇ်ပုရောဟိတ်​မင်း​မှန်သမျှ​သည် အပြစ်​ဖြေ​ရာ​ယဇ်​များ​နှင့်​ပူဇော်သက္ကာ​များ​ကို လူ​တို့​၏​ကိုယ်စား ဘုရားသခင်​ထံ​ပူဇော်​ဆက်ကပ်​ရန် ခန့်ထား​ခြင်း​ခံရ​၏။


ဤ​အကြောင်း​ကြောင့် သူ​သည် လူ​တို့​အတွက်​သာမက မိမိ​အတွက်​ပါ အပြစ်​ဖြေ​ရာ​ယဇ်​ကို​ပူဇော်​ရ​၏။


ဒုတိယ​အခန်း​ထဲသို့​မူကား ယဇ်ပုရောဟိတ်​မင်း​တစ်ပါးတည်း​သာ တစ်​နှစ်​တစ်ကြိမ်​ဝင်​လေ​၏။ ထိုသို့​ဝင်​သောအခါ မိမိ​အတွက်​လည်းကောင်း၊ လူ​တို့​မ​သိ​နားမလည်​၍​ကျူးလွန်​မိ​သော​အပြစ်​များ​အတွက်​လည်းကောင်း ပူဇော်​သည့်​သွေး​မ​ပါ​ဘဲ​ဝင်​ခြင်း​မ​ရှိ။


ထို့ကြောင့် ဧလိ​၏​အိမ်သူအိမ်သား​တို့​ကို ငါ​ကျိန်​ထား​ခဲ့​ပြီ​။ ဧလိ​အိမ်သူအိမ်သား​တို့​၏​ဒုစရိုက်အပြစ်​သည် ယဇ်ပူဇော်​ခြင်း​၊ ဘောဇဉ်ပူဇော်သက္ကာ​ပူဇော်​ခြင်း​အားဖြင့် မည်သည့်​အခါ​မျှ​အပြစ်လွတ်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။