သင့်အစ်ကိုအာရုန်ဂုဏ်သရေရှိ၍ တင့်တယ်ခန့်ညားဖို့ သူ့အတွက် သန့်ရှင်းသောအဝတ်တန်ဆာကို သင်ချုပ်လုပ်ပေးရမည်။
ဝတ်ပြု 8:7 - မြန်မာ့စံမီသမ္မာကျမ်း အာရုန်အား အတွင်းသင်တိုင်းဝတ်ပေးပြီး ခါးစည်းစည်းပေး၏။ ဝတ်လုံဝတ်ပေးပြီး ဧဖုဒ်ဆင်ပေး၏။ ဧဖုဒ်၏ခါးပတ်ပြားကိုစည်းပေး၍ ခါးပတ်ပြားကို ဧဖုဒ်နှင့် တွဲချည်ပေး၏။ Common Language Bible အာရုန်အားအင်္ကျီ၊ ဝတ်ရုံနှင့်ခါးပန်းကို ခါးတွင်ဝတ်ဆင်ပေး၏။ ထိုနောက်သင်တိုင်း ကိုဝတ်ပေး၍လှပစွာရက်ထားသောခါး စည်းဖြင့်သင်တိုင်းကိုချည်နှောင်ပေး၏။- Garrad Bible အာ ရုန်၌ လက် ကြပ် ဝတ် လုံ ဆင် ယင် ခြင်း၊ ခါး ပန်း စည်း ခြင်း၊ ဝတ် လုံ ဝတ် ခြင်း၊ ကိုယ် ဝတ် ဆင် ယင် ခြင်း၊ ကိုယ် ဝတ် ရင် စည်း ဖြင့် စည်း ပတ် ခြင်း၊ Judson Bible အာရုန်ကို အင်္ကျီဝတ်စေ၍၊ ခါးပန်းကိုစည်းစေလေ၏။ ဝတ်လုံနှင့် သင်တိုင်းကိုလည်းခြုံစေ၍၊ ထူးဆန်းသော သင်တိုင်းခါးစည်းဖြင့် စည်းလေ၏။ |
သင့်အစ်ကိုအာရုန်ဂုဏ်သရေရှိ၍ တင့်တယ်ခန့်ညားဖို့ သူ့အတွက် သန့်ရှင်းသောအဝတ်တန်ဆာကို သင်ချုပ်လုပ်ပေးရမည်။
သူတို့ပြုလုပ်ရမည့်အဝတ်တန်ဆာများကား ရင်ခံပြား၊ ဧဖုဒ်၊ ဝတ်လုံ၊ ရက်လုပ်ထားသောအတွင်းသင်တိုင်း၊ ခေါင်းပေါင်းနှင့် ခါးစည်း တို့ဖြစ်၏။ ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် သင့်အစ်ကိုအာရုန်နှင့် သူ့သားများအတွက် သန့်ရှင်းသောအဝတ်တန်ဆာကိုချုပ်လုပ်ရမည်။
ဧဖုဒ်ကို ရွှေချည်၊ အပြာရောင်ချည်၊ ခရမ်းရောင်ချည်၊ အနီရောင်ချည် တို့ဖြင့်ရက်လုပ်သောပိတ်ချောထည်ဖြင့် လက်ရာမြောက်စွာ ချုပ်လုပ်ရမည်။
အဝတ်တန်ဆာကိုယူ၍ အာရုန်အား အတွင်းသင်တိုင်း၊ ဧဖုဒ်အောက်ရှိဝတ်လုံ၊ ဧဖုဒ်နှင့် ရင်ခံပြားတို့ကို ဝတ်ဆင်ပေးပြီး ရင်ခံပြားကို ဧဖုဒ်၏ခါးပတ်ပြားဖြင့် တွဲချည်ရမည်။
ငါသည် ထာဝရဘုရား၌ အလွန်ဝမ်းမြောက်မည်။ ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌ ရွှင်လန်းမည်။ အကြောင်းမူကား သတို့သားသည် ခေါင်းပေါင်းပေါင်းထားသကဲ့သို့၊ သတို့သမီးသည် ရတနာများဖြင့် ကိုယ်ကိုတန်ဆာဆင်ထားသကဲ့သို့ ကိုယ်တော်သည် ငါ့ကို ကယ်တင်ခြင်းအဝတ်တန်ဆာဆင်ယင်ပေး၍ ဖြောင့်မတ်ခြင်းဝတ်ရုံလွှမ်းခြုံစေတော်မူပြီ။
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။
ယဇ်ပုရောဟိတ်တို့သည် ထိုသန့်ရှင်းသောနေရာထဲသို့ဝင်ပြီး အပြင်ဝင်းသို့ ပြန်ထွက်သောအခါ အမှုတော်ထမ်းဆောင်စဉ် ဝတ်ခဲ့သောအဝတ်တို့ကို ချွတ်ထားခဲ့ရမည်။ မချွတ်ထားခဲ့ဘဲ ထွက်မလာရ။ အကြောင်းမှာ ထိုအဝတ်တို့သည် သန့်ရှင်း၏။ အဝတ်လဲပြီးမှ လူအများရှိရာသို့ သွားရ၏”ဟု ဆို၏။
သခင်ယေရှုခရစ်တော်ကို ဝတ်ဆင်ကြလော့။ သွေးသားဇာတိ၏တပ်မက်ခြင်းကိုဖြည့်ဆည်းရန် မကြံစည်ကြနှင့်။
၎င်းမှာ ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ယုံကြည်သူအပေါင်းတို့အပေါ်သက်ရောက်သော ဘုရားသခင်၏ဖြောင့်မတ်ခြင်းဖြစ်၏။ ဤတွင် မည်သည့်ခြားနားမှုမျှမရှိ။
အဘယ်ကြောင့်ဆိုသော် ခရစ်တော်၌ဗတ္တိဇံခံသောသူရှိသမျှတို့သည် ခရစ်တော်ကိုဝတ်ဆင်ကြ၏။
ငါ၏ယဇ်ပလ္လင်ပေါ်သို့တက်ပြီး နံ့သာပေါင်းကိုမီးရှို့ပူဇော်ရန်နှင့် ဧဖုဒ်ကိုဝတ်ဆင်ပြီး ငါ့ရှေ့၌ ခစားရန်အတွက် ငါ၏ယဇ်ပုရောဟိတ်အဖြစ် အစ္စရေးအမျိုးအနွယ်အပေါင်းတို့ထဲမှ သူတို့ကို ငါရွေးကောက်ခဲ့သည်မဟုတ်လော။ အစ္စရေးအမျိုးသားတို့ မီးဖြင့်ပူဇော်သောယဇ်အလုံးစုံကိုလည်း သင့်ဘိုးဘေး၏အမျိုးအနွယ်အား ငါပေးခဲ့သည်မဟုတ်လော။