အို ထာဝရဘုရား၊ အကျွန်ုပ်သည် အပြစ်ကင်းခြင်းထဲ၌ အကျွန်ုပ်၏လက်ကိုဆေးကြော၍ ကိုယ်တော်၏ယဇ်ပလ္လင်ကိုလှည့်ပတ်ကာ
ဝတ်ပြု 8:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အာရုန်နှင့်သူ၏သားတို့ကိုခေါ်ဆောင်လာ၍ သူတို့ကို ရေဖြင့် ဆေးကြောပေးပြီးလျှင် Common Language Bible ထို့နောက်မောရှေသည် ထာဝရဘုရားမိန့်မှာ တော်မူသည်အတိုင်း အာရုန်နှင့်သူ၏သား တို့ကိုရှေ့သို့ထုတ်ဆောင်၍ရေဆေးကြော စေ၏။- Garrad Bible မော ရှေ သည် အာ ရုန် နှင့် သား တို့ ကို ခေါ်၍ ရေ ဆေး ကြော စေ ပြီး မှ၊ Judson Bible ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ အာရုန်နှင့် သူ၏သားတို့ကိုခေါ်ခဲ့၍ ရေချိုးပြီးလျှင်၊ |
အို ထာဝရဘုရား၊ အကျွန်ုပ်သည် အပြစ်ကင်းခြင်းထဲ၌ အကျွန်ုပ်၏လက်ကိုဆေးကြော၍ ကိုယ်တော်၏ယဇ်ပလ္လင်ကိုလှည့်ပတ်ကာ
အကျွန်ုပ်၏ဒုစရိုက်ကို အကုန်အစင်ဆေးကြော၍ အကျွန်ုပ်၏အပြစ်မှ အကျွန်ုပ်ကိုစင်ကြယ်စေတော်မူပါ။
အကျွန်ုပ်ကို ဟုဿုပ်ခက်ဖြင့် သန့်စင်စေတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် စင်ကြယ်ပါလိမ့်မည်။ အကျွန်ုပ်ကိုဆေးကြောတော်မူပါ။ ထိုအခါ အကျွန်ုပ်သည် နှင်းပွင့်ထက် ပို၍ဖြူပါလိမ့်မည်။
အာရုန်နှင့်သူ၏သားတို့ကိုလည်း တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ ခေါ်လာ၍ သူတို့ကို ရေဖြင့် ဆေးကြောရမည်။
အာရုန်နှင့်သူ၏သားတို့သည် ထိုအင်တုံ၌ မိမိတို့၏ခြေလက်ကို ဆေးကြောရမည်။
တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ၌ဖြစ်စေ၊ ထာဝရဘုရားထံ၌ အမှုတော်ဆောင်ရွက်ရန်နှင့် မီးဖြင့်ပူဇော်သောယဇ်ကိုပူဇော်ရန် ယဇ်ပလ္လင်တော်သို့ ချဉ်းကပ်သောအခါ၌ဖြစ်စေ သေဘေးနှင့်ကင်းလွတ်မည့်အကြောင်း ခြေလက်ကိုရေဖြင့်ဆေးကြောရမည်။
အာရုန်နှင့်သူ၏သားတို့ကို တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝသို့ ခေါ်လာ၍ သူတို့ကို ရေဖြင့်ဆေးကြောပြီးလျှင်
ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းစင်ကြယ်အောင်ဆေးကြောကြလော့။ သင်တို့၏ဆိုးညစ်သောလုပ်ရပ်တို့ကို ငါ့မျက်မှောက်မှ ဖယ်ရှားကြလော့။ ဆိုးညစ်သောအမှုပြုခြင်းကို ရပ်တန့်ကြလော့။
သင်တို့ကို သန့်ရှင်းသောရေနှင့်ပက်ဖျန်းသဖြင့် သင်တို့သည် စင်ကြယ်လိမ့်မည်။ သင်တို့၏အညစ်အကြေး၊ သင်တို့၏ရုပ်တုဆင်းတုရှိသမျှတို့မှလည်း သင်တို့ကို စင်ကြယ်စေမည်။
သူသည် ကိုယ်ပေါ်၌ သန့်ရှင်းသောပိတ်ချောအတွင်းသင်တိုင်းနှင့် ပိတ်ချောဘောင်းဘီကိုဝတ်ရမည်။ ပိတ်ချောခါးစည်းကိုစည်း၍ ပိတ်ချောခေါင်းပေါင်းကို ဆောင်းရမည်။ ဤအဝတ်တန်ဆာတို့သည် သန့်ရှင်းသည်ဖြစ်၍ ရေချိုးပြီးမှ ဝတ်ဆင်ရမည်။
ထိုအခါ မောရှေက လူထုတို့အား “ဤအမှုကို လုပ်ဆောင်ရန် ထာဝရဘုရားမိန့်မှာတော်မူပြီ”ဟု ဆို၏။
ထိုနေ့ရက်တွင် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့ အပြစ်နှင့်မစင်ကြယ်မှုများကို ဆေးကြောရန် စမ်းရေတွင်းတစ်ခု ပေါ်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့တွင် အချို့သောသူတို့သည် ထိုသို့သောသူများဖြစ်ခဲ့ကြ၏။ သို့သော် သင်တို့သည် သခင်ယေရှုခရစ်တော်၏နာမတော်နှင့် ငါတို့ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဆေးကြောခြင်းခံရ၍ သန့်ရှင်းစေခြင်းခံရကာ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။
ခရစ်တော်သည် ထိုသို့ပြုခြင်းမှာ ရေနှင့်ဆိုင်သောဆေးကြောခြင်းအားဖြင့် နှုတ်ကပတ်တော်၌ အသင်းတော်ကို သန့်ရှင်းစင်ကြယ်စေရန်နှင့်
ငါတို့၏စိတ်နှလုံးကို ဆိုးညစ်သောအသိစိတ်နှင့်ကင်းစင်စေရန် ပက်ဖျန်းခြင်းခံယူလျက် ကိုယ်ခန္ဓာကိုလည်း စင်ကြယ်သောရေဖြင့်ဆေးကြောကာ ယုံကြည်ခြင်းနှင့်ဆိုင်သောစိတ်ချမှုအပြည့်အဝနှင့် ဖြောင့်မှန်သောစိတ်နှလုံးတို့ဖြင့် အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်စို့။
ထိုအရာတို့သည် စားစရာ၊ သောက်စရာနှင့် အထူးထူးအပြားပြားသောဆေးကြောခြင်းဝတ်များနှင့်ဆိုင်၍ အသစ်ပြုပြင်ရာကာလတိုင်အောင် ထုံးဖွဲ့ထားသော ကိုယ်ကာယနှင့်ဆိုင်သည့် ပြဋ္ဌာန်းချက်များသာဖြစ်ကြ၏။
ငါကလည်း “သခင်၊ ကိုယ်တော်သိပါ၏”ဟု ပြန်လျှောက်လျှင် ထိုသူက “ဤသူတို့သည် ကြီးစွာသောဆင်းရဲဒုက္ခထဲမှ ထွက်လာသောသူများဖြစ်ကြ၏။ သူတို့သည် မိမိတို့၏ဝတ်လုံများကို သိုးသငယ်တော်၏သွေးတော်အားဖြင့် လျှော်ဖွပ်လျက် ဖြူဖွေးစေကြ၏။