မောရှေသည် အာရုန်၏သားတို့ကိုလည်းခေါ်ဆောင်လာ၍ သွေးအချို့ဖြင့် သူတို့၏ယာဘက်နားပျဉ်း၌လည်းကောင်း၊ ယာဘက်လက်မနှင့်ယာဘက်ခြေမ၌လည်းကောင်း သုတ်လိမ်း၏။ ထို့နောက် မောရှေသည် ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌လည်း သွေးကိုဖျန်း၏။
ထို့နောက်အာရုန်၏သားတို့ကိုခေါ်ပြီးလျှင် သူတို့၏လက်ယာနားပျဉ်းများ၊ လက်ယာ လက်မများနှင့်လက်ယာခြေမများကို သိုးသွေးဖြင့်သုတ်လေသည်။ မောရှေသည် ကျန်သောသွေးကိုယဇ်ပလ္လင်လေးဘက်ပေါ် သို့ပက်ဖျန်းလေသည်။-
အာ ရုန့် သား တို့ ကို ခေါ်၍ ၎င်း တို့ လက်ျာ နား ပျင်း၊ လက်ျာ လက် မ၊ လက်ျာ ခြေ မ များ၌ အ သွေး သုတ် ခြင်း၊ ပူ ဇော် ရာ ပ လ္လင် တော် ဘေး ပတ် လည် တွင် အ သွေး သွန်း ပက် ခြင်း၊
အာရုန်၏သားတို့ကိုလည်း ခေါ်ခဲ့၍၊ သူတို့လက်ယာနားပျဉ်း၊ လက်ယာလက်မ၊ လက်ယာခြေမတို့၌ အသွေးကိုထည့်ပြီးမှ၊ ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းလေ၏။
ထိုသိုးထီးကိုသတ်ပြီးလျှင် သွေးအချို့ကိုယူ၍ အာရုန်၏ယာဘက်နားပျဉ်းနှင့် သူ့သားတို့၏ယာဘက်နားပျဉ်း၌လည်းကောင်း၊ သူတို့၏ယာဘက်လက်မနှင့်ယာဘက်ခြေမ၌လည်းကောင်း သုတ်လိမ်းပေးရမည်။ ယဇ်ပလ္လင်ပတ်ပတ်လည်ပေါ်၌လည်း သွေးကိုဖျန်းရမည်။
ယဇ်ပုရောဟိတ်သည် အပြစ်ဒဏ်ဖြေရာယဇ်ကောင်၏သွေးအချို့ကိုယူ၍ စင်ကြယ်စေခြင်းခံသောသူ၏ယာဘက်နားပျဉ်းပေါ်၌လည်းကောင်း၊ ယာဘက်လက်မနှင့် ယာဘက်ခြေမပေါ်၌လည်းကောင်း သုတ်လိမ်းရမည်။
အဆီနှင့်အမြီးပိုင်းအဆီကိုလည်းကောင်း၊ အူ၌ရှိသောအဆီအားလုံးကိုလည်းကောင်း၊ အသည်းပေါ်မှအဆီပျဉ်ကိုလည်းကောင်း၊ ကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့၏အဆီကိုလည်းကောင်း၊ ယာဘက်ပေါင်ကိုလည်းကောင်း၊