အာရုန်နှင့်သူ၏သားတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရာတွင် သူတို့သန့်ရှင်းရန် သင်ပြုရမည့်အရာကား ဤသို့တည်း။ နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်နှင့် အပြစ်အနာအဆာကင်းသောသိုးထီးနှစ်ကောင်ကို ယူလော့။
ဝတ်ပြု 7:37 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်၊ အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာယဇ်နှင့် မိတ်သဟာယယဇ်တို့နှင့်ဆိုင်သောတရားဖြစ်၏။ Common Language Bible ဤကားမီးရှို့ရာပူဇော်သကာ၊ ဘောဇဉ်သကာ၊ အပြစ်ဖြေရာပူဇော်သကာ၊ အပြစ်ဒဏ်ပြေ ရာပူဇော်သကာ၊ သိက္ခာတင်ရာပူဇော်သကာ၊ မိတ်သဟာယပူဇော်သကာတို့နှင့်ဆိုင် သောပြဋ္ဌာန်းချက်များဖြစ်သည်။- Garrad Bible ထာ ဝ ရ ဘု ရား ထံ ဣ သ ရေ လ အ မျိုး သား တို့ ဆက် ကပ် လှူ ဒါန်း ကြ ရ မည် ဟု သိ နာ တော တွင် မိန့် မှာ တော် မူ သော နေ့၌ သိ နာ တောင် ပေါ် မှာ မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သော မီး ရှို့ ရာ သ က္ကာ၊ ဘော ဇဉ် သ က္ကာ၊ အ ပြစ် ဖြေ ရာ သ က္ကာ၊ ပြစ် ဒဏ် ပြေ ရာ သ က္ကာ၊ ခန့် ထား ခြင်း ဆိုင် ရာ သ က္ကာ၊ မိတ် သ ဟာ ယ ပူ ဇော် သ က္ကာ များ၏ တ ရား ကား ထို သို့ ပင် တည်း။ Judson Bible ဤရွေ့ကား၊ ဣသရေလအမျိုးသားတို့သည်၊ သိနာတော၌ ထာဝရဘုရားအား ပူဇော်သကာပြုရမည်အကြောင်းမှာထားတော်မူသောနေ့၌ သိနာတောင်ပေါ်မှာ ထာဝရဘုရားသည် မောရှေအားပေးတော်မူသော မီးရှို့ရာယဇ်တရား၊ ဘောဇဉ်ပူဇော်သကာတရား၊ အပြစ်ဖြေရာယဇ်တရား၊ ဒုစရိုက်ဖြေရာယဇ်တရား၊ အရာ၌ခန့်ထားရာယဇ်တရား၊ မိတ်သဟာယယဇ်တရားဖြစ်သတည်းဟု မိန့်တော်မူ၏။ |
အာရုန်နှင့်သူ၏သားတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရာတွင် သူတို့သန့်ရှင်းရန် သင်ပြုရမည့်အရာကား ဤသို့တည်း။ နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်နှင့် အပြစ်အနာအဆာကင်းသောသိုးထီးနှစ်ကောင်ကို ယူလော့။
ထိုသိုးထီးသည် အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီးဖြစ်သောကြောင့် ထိုသိုးထီး၏အဆီနှင့်အမြီးပိုင်းအဆီကိုလည်းကောင်း၊ အူကိုဖုံးနေသည့်အဆီနှင့် အသည်းပေါ်မှအဆီပျဉ်ကိုလည်းကောင်း၊ ကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့ပေါ်ရှိအဆီကိုလည်းကောင်း၊ ယာဘက်ပေါင်ကိုလည်းကောင်း ယူရမည်။
သူသည် သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သောအပြစ်အတွက် အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ထာဝရဘုရားထံသို့ ယူဆောင်လာရမည်။ တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်၏။
“အာရုန်နှင့်သူ၏သားတို့သည် ဘိသိက်ခံသောနေ့၌ ထာဝရဘုရားအားပူဇော်ရမည့် ပူဇော်သက္ကာမှာ ဤသို့ဖြစ်၏။ အကောင်းဆုံးဂျုံမှုန့် တစ်ဧဖာ၏ဆယ်ပုံတစ်ပုံကို နေ့စဉ်ပူဇော်ရသောဘောဇဉ်ပူဇော်သက္ကာအဖြစ် နံနက်အချိန်၌တစ်ဝက်၊ နေဝင်ချိန်၌တစ်ဝက် ပူဇော်ရမည်။
ထို့နောက် မောရှေသည် ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း နောက်သိုးထီးတစ်ကောင်ဖြစ်သည့် အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီးကို ယူဆောင်လာပြီး အာရုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကို သိုးထီး၏ခေါင်းပေါ်၌ တင်ကြ၏။
မောရှေသည် သိုးထီးကိုသတ်ပြီးလျှင် သွေးအချို့ကိုယူ၍ အာရုန်၏ယာဘက်နားပျဉ်း၌လည်းကောင်း၊ ယာဘက်လက်မနှင့် ယာဘက်ခြေမ၌လည်းကောင်း သုတ်လိမ်း၏။