သင်၏တန်ခိုးထင်ရှားသောနေ့၌ သင်၏လူမျိုးသည် စေတနာစိတ်နှင့်ပါဝင်ကြလိမ့်မည်။ သင်၏ပျိုရွယ်ခြင်းနှင်းစက်သည် သန့်ရှင်းသောဘုန်းအာနုဘော်ကိုဆောင်လျက် နံနက်အချိန်ဝမ်းဗိုက်ထဲမှ သင့်ထံသို့လာလိမ့်မည်။
ဝတ်ပြု 7:30 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူသည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်ကို မိမိလက်ဖြင့်ယူဆောင်လာရမည်။ အဆီနှင့်တကွရင်ပုံကို ယူဆောင်လာ၍ ရင်ပုံကို ချီလွှဲရာပူဇော်သက္ကာအဖြစ် ထာဝရဘုရားရှေ့တော်၌ ချီလွှဲရမည်။ Common Language Bible မီးရှို့ရာယဇ်ပူဇော်သကာအနေနှင့် မိမိ လက်နှင့်ကိုယ်တိုင်ယူဆောင်ခဲ့ရမည်။ သူသည် ယဇ်ကောင်၏အဆီနှင့်တကွရင်ပုံသားကို ထာဝရဘုရားအတွက် အထူးပူဇော် သကာအဖြစ်ယူဆောင်ခဲ့ရမည်။- Garrad Bible ထာ ဝ ရ ဘု ရား ထံ မီး ပူ ဇော် ရာ များ ကို ကိုယ့် လက် ဖြင့် တင် သွင်း ရာ ထို ဆီ ဥ နှင့် တ ကွ ရင် ထူး ကို လည်း တင် သွင်း လျက် ထာ ဝ ရ ဘု ရား ရှေ့ ဦး တိုက် ရာ အ လှူ အ ဖြစ် ဖြင့် ရင် ထူး ကို ဦး တိုက် ပြီး မှ၊ Judson Bible ထာဝရဘုရားရှေ့တော်၌ ရင်ပတ်ကိုချီလွှဲ၍၊ ချီလွှဲသောပူဇော်သကာ ပြုစေခြင်းငှာ၊ ရင်ပတ်နှင့် ဆီဥတည်းဟူသောမီးဖြင့် ထာဝရဘုရားအား ပူဇော်သောအရာကို ကိုယ်တိုင်ဆောင်ခဲ့ရမည်။ |
သင်၏တန်ခိုးထင်ရှားသောနေ့၌ သင်၏လူမျိုးသည် စေတနာစိတ်နှင့်ပါဝင်ကြလိမ့်မည်။ သင်၏ပျိုရွယ်ခြင်းနှင်းစက်သည် သန့်ရှင်းသောဘုန်းအာနုဘော်ကိုဆောင်လျက် နံနက်အချိန်ဝမ်းဗိုက်ထဲမှ သင့်ထံသို့လာလိမ့်မည်။
ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံ၊ အလှူပစ္စည်းဖြစ်သောပေါင်တို့ကို သင်နှင့် သင့်သားသမီးတို့သည် သန့်ရှင်းသောနေရာ၌ စားကြရမည်။ အကြောင်းမူကား ၎င်းတို့ကို အစ္စရေးအမျိုးသား၏မိတ်သဟာယယဇ်ထဲမှ သင်ရရှိရမည့်ဝေစု၊ သင့်သားသမီးတို့ရရှိရမည့်ဝေစုအဖြစ် ပေးထားတော်မူပြီ။
ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ်ချီလွှဲရန် အလှူပစ္စည်းဖြစ်သောပေါင်၊ ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံတို့ကို မီးဖြင့်ပူဇော်မည့်အဆီများနှင့်အတူ ယူဆောင်လာရမည်။ ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ဤအမှုသည် သင်နှင့် သင့်သားသမီးတို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု ဆို၏။
သူသည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်အဖြစ် မိမိပူဇော်သောယဇ်ကောင်၏အူကိုဖုံးနေသည့်အဆီ၊ အူ၌ရှိသည့် အဆီအားလုံး၊
သူသည် ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောယဇ်အဖြစ် မိတ်သဟာယယဇ်ကောင်၏ကျောရိုးနှင့်ဆက်နေသော အမြီးပိုင်းတစ်ခုလုံးမှ ခွာယူသည့်အဆီ၊ အူကိုဖုံးနေသည့်အဆီ၊ အူ၌ရှိသည့်အဆီအားလုံး၊
ထို့နောက် ထိုအရာအားလုံးကို အာရုန်နှင့် သူ့သားတို့၏လက်ထဲသို့ ထည့်ပေး၍ ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲကြ၏။
မောရှေသည် ရင်ပုံကိုယူ၍ ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲ၏။ အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီး၏ရင်ပုံသည် မောရှေအတွက် ဝေစုဖြစ်၏။
မောရှေမှာကြားသည့်အတိုင်း အာရုန်သည် ရင်ပုံနှင့်ယာဘက်ပေါင်တို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲလေ၏။
ယဇ်ပုရောဟိတ်သည် ၎င်းတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ချီလွှဲရမည်။ ၎င်းတို့နှင့် ချီလွှဲရာပူဇော်သက္ကာဖြစ်သောရင်ပုံ၊ အလှူပစ္စည်းဖြစ်သောပေါင်တို့သည် ယဇ်ပုရောဟိတ်အဖို့ သန့်ရှင်း၏။ ထို့နောက်မှ နာဇရိလူသည် စပျစ်ဝိုင်ကိုသောက်ခွင့်ရှိ၏။
အစ္စရေးအမျိုးသားတို့ထဲရှိ လေဝိအမျိုးတို့သည် ထာဝရဘုရား၏အမှုတော်ထမ်းဆောင်ရန် အာရုန်သည် သူတို့ကို ထာဝရဘုရားရှေ့တော်၌ ချီလွှဲရာပူဇော်သက္ကာအဖြစ် ဆက်ကပ်ရမည်။
မည်သူကမျှငါ့အသက်ကို ငါ့ထံမှနုတ်ယူသည်မဟုတ်။ ငါ့ဆန္ဒအလျောက် ငါ့အသက်ကိုငါစွန့်၏။ ငါ၌ ကိုယ့်အသက်ကိုစွန့်ပိုင်ခွင့်ရှိ၍ ၎င်းကို ပြန်လည်ရယူပိုင်ခွင့်ရှိ၏။ ငါသည် ဤအမိန့်ကို ငါ့ခမည်းတော်ထံမှရရှိ၏”ဟု မိန့်တော်မူ၏။
အကြောင်းမူကား စေတနာစိတ်ရှိလျှင် မရှိသည့်အရာကိုမထောက်ဘဲ ရှိသည့်အရာကိုထောက်၍ နှစ်သက်လက်ခံတော်မူ၏။
နွားကိုဖြစ်စေ၊ သိုးကိုဖြစ်စေ ယဇ်ပူဇော်သောသူတို့သည် ပခုံး၊ မေးရိုး၊ ဝမ်းဗိုက် စသည်တို့ကို ယဇ်ပုရောဟိတ်အားပေးရမည်။ ဤသည်ကား လူတို့ထံမှ ယဇ်ပုရောဟိတ်တို့ရရှိသောဝေစုဖြစ်၏။