သူတို့သည် ဩမဲဖြင့် ခြင်တွယ်သောအခါ များများရသောသူမပို၊ နည်းနည်းရသောသူမလိုချေ။ တစ်ဦးစီစားနိုင်သလောက် ကောက်ယူကြ၏။
ဝတ်ပြု 7:10 - မြန်မာ့စံမီသမ္မာကျမ်း ဆီဖြင့်ရောသည်ဖြစ်စေ၊ မရောသည်ဖြစ်စေ ဘောဇဉ်ပူဇော်သက္ကာရှိသမျှကို အာရုန်၏သားအပေါင်းတို့ ညီတူညီမျှ ပိုင်၏။ Common Language Bible သို့ရာတွင်မဖုတ်မကင်ရသေးသောဘောဇဉ် သကာသည် ဆီနှင့်ရောပြီးသည်ဖြစ်စေ၊ ဆီ နှင့်မရောရသေးသည်ဖြစ်စေ၊ အာရုန်၏ အမျိုးအနွယ်ယဇ်ပုရောဟိတ်အားလုံးတို့ နှင့်ဆိုင်သဖြင့် အညီအမျှဝေယူစေရ မည်။ Garrad Bible ဆီ ရော သည် ဖြစ် စေ၊ မ ရော သည် ဖြစ် စေ၊ ဘော ဇဉ် သ က္ကာ ဟူ သ မျှ လည်း ပိုင်း ခြား ခြင်း မ ရှိ ဘဲ အာ ရုန့် သား စဉ် မြေး ဆက် အ ပေါင်း တို့ ပိုင် ရာ ဖြစ် သ တည်း။ Judson Bible ဆီထည့်သည်ဖြစ်စေ၊ မထည့်သည်ဖြစ်စေ၊ ဘောဇဉ်ပူဇော်သကာရှိသမျှကို အာရုန်၏သားအပေါင်းတို့သည် အညီအမျှယူရကြမည်။ |
သူတို့သည် ဩမဲဖြင့် ခြင်တွယ်သောအခါ များများရသောသူမပို၊ နည်းနည်းရသောသူမလိုချေ။ တစ်ဦးစီစားနိုင်သလောက် ကောက်ယူကြ၏။
မီးဖိုထဲ၌ဖုတ်သောဘောဇဉ်ပူဇော်သက္ကာရှိသမျှနှင့် အိုးကင်း၊ ဒယ်ပြားဖြင့်လုပ်သောမုန့်အားလုံးကို ဘောဇဉ်ပူဇော်သက္ကာပူဇော်ပေးသောယဇ်ပုရောဟိတ်သည် ပိုင်၏။
ယခုအချိန်တွင် သင်တို့၏ကြွယ်ဝမှုသည် သူတို့၏လိုအပ်မှုကို ဖြည့်ဆည်းပေးလျှင် သူတို့၏ကြွယ်ဝမှုသည်လည်း သင်တို့၏လိုအပ်မှုကို ဖြည့်ဆည်းပေးကြလိမ့်မည်။