လေဝိအမျိုးဣမန၏သား အရှေ့တံခါးစောင့်ကောရေသည် ဘုရားသခင်ထံစေတနာအလျောက်ပေးလှူသောပူဇော်သက္ကာများကို စီမံအုပ်ချုပ်ရ၏။ သူသည် ထာဝရဘုရားထံ ပေးလှူသောအလှူပစ္စည်းနှင့် အသန့်ရှင်းဆုံးအလှူပစ္စည်းတို့ကို ခွဲဝေပေးရ၏။
ဝတ်ပြု 6:16 - မြန်မာ့စံမီသမ္မာကျမ်း ကျန်ရှိသောဘောဇဉ်ပူဇော်သက္ကာကို အာရုန်နှင့်သူ၏သားတို့ စားရမည်။ ၎င်းကို တဆေးမဲ့မုန့်ဖုတ်၍ သန့်ရှင်းသောနေရာ၌ စားရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်၏ဝင်းထဲ၌ပင် စားရမည်။ Common Language Bible ကျန်သောမုန့်ညက်သည် ယဇ်ပုရောဟိတ်စား သုံးရန်အတွက်ဖြစ်သည်။ ယဇ်ပုရောဟိတ်သည် ထိုမုန့်ညက်ကိုတဆေးမဲ့မုန့်ဖုတ်၍ ထာဝရ ဘုရားစံတော်မူရာတဲတော်ဝင်းအတွင်း တွင် သန့်ရှင်းရာဌာန၌စားသုံးရမည်။ ထာဝရ ဘုရားသည်ထိုမုန့်ညက်ကိုဘောဇဉ်သကာထဲမှ ယဇ်ပုရောဟိတ်တို့အားပေးတော်မူသောဝေစု ဖြစ်သတည်း။ ထိုဘောဇဉ်သကာသည်အပြစ် ဖြေရာ၊ အပြစ်ဒဏ်ပြေရာယဇ်ကဲ့သို့အလွန် သန့်ရှင်း၏။- Garrad Bible အ ကြွင်း အ ကျန် ကို ကား အာ ရုန့် နှင့် သား တို့ သည် သီး သန့် သော အ ရပ်၊ တွေ့ ဆုံ ရာ တဲ တော် တံ တိုင်း အ တွင်း ၌ ပင် တ ဆေး ထည့်၍ မ ပေါင်း ဘဲ စား ကြ ရ မည်။ မီး ပူ ဇော် ရာ တော် များ အ နက် ထို သူ တို့ အား ဝေ စု အ ဖြစ် ငါ ပေး ပြီ ဖြစ်၍ အ ပြစ် ဖြေ ရာ သ က္ကာ၊ ပြစ် ဒဏ် ပြေ ရာ သ က္ကာ နည်း တူ အ ထူး သီး သန့် ၏။ Judson Bible ကြွင်းသောအရာတို့ကို၊ အာရုန်နှင့်သူ၏သားတို့သည်၊ ပရိသတ်စည်းဝေးရာ တဲတော်ဝင်းအတွင်းတွင်၊ သန့်ရှင်းရာဌာန၌ တဆေးမပါဘဲစားရမည်။ |
လေဝိအမျိုးဣမန၏သား အရှေ့တံခါးစောင့်ကောရေသည် ဘုရားသခင်ထံစေတနာအလျောက်ပေးလှူသောပူဇော်သက္ကာများကို စီမံအုပ်ချုပ်ရ၏။ သူသည် ထာဝရဘုရားထံ ပေးလှူသောအလှူပစ္စည်းနှင့် အသန့်ရှင်းဆုံးအလှူပစ္စည်းတို့ကို ခွဲဝေပေးရ၏။
ဤည၌ပင် အသားကိုမီးကင်၍ တဆေးမဲ့မုန့်နှင့်ခါးသောဟင်းရွက်တို့ဖြင့် စားရမည်။
ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာယဇ်တို့ကို သူတို့စားရမည်။ အစ္စရေးလူမျိုးတို့ ဆက်ကပ်သောအရာဟူသမျှသည် သူတို့အပိုင်ဖြစ်ရမည်။
ကျန်ရှိသောဘောဇဉ်ပူဇော်သက္ကာသည် အာရုန်နှင့်သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပူဇော်သောယဇ်များထဲမှ အထူးသန့်ရှင်းသောပူဇော်သက္ကာဖြစ်၏။
ထိုသို့သောအပြစ်တစ်စုံတစ်ရာကို ကျူးလွန်မိခဲ့သောသူ၏အပြစ်အတွက် ယဇ်ပုရောဟိတ်သည် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။ ကျန်ရှိသောအရာသည် ဘောဇဉ်ပူဇော်သက္ကာကဲ့သို့ပင် ယဇ်ပုရောဟိတ်အတွက်ဖြစ်၏”ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်ပူဇော်သမျှသော ဘောဇဉ်ပူဇော်သက္ကာသည် အကုန်အစင်လောင်ကျွမ်းရမည်။ ၎င်းကိုမစားရ”ဟု မိန့်တော်မူ၏။
အပြစ်ဖြေရာယဇ်ကိုပူဇော်သောယဇ်ပုရောဟိတ်သည် ထိုယဇ်ကို စားရမည်။ တွေ့ဆုံစည်းဝေးရာတဲတော်ဝင်းအတွင်း သန့်ရှင်းသောနေရာ၌ စားရမည်။
တစ်ဖန် ထာဝရဘုရားက အာရုန်အား “ငါ့အား ပေးလှူသောအလှူပစ္စည်းတို့ကို သင့်အား ငါပေးပြီ။ အစ္စရေးအမျိုးသားတို့၏သန့်ရှင်းသောအရာရှိသမျှတို့ကို သင့်ဝေစုအဖြစ်လည်းကောင်း၊ သင်၏သားမြေးတို့ အစဉ်အမြဲရရှိရမည့်ဝေစုအဖြစ်လည်းကောင်း ငါပေးပြီ။
ထို့ကြောင့် ငါတို့သည် တဆေးဟောင်းတည်းဟူသော ဆိုးညစ်ခြင်းနှင့်မလိုတမာဖြစ်ခြင်းတို့၏တဆေးပါသောမုန့်အားဖြင့်မဟုတ်ဘဲ ဖြူစင်ခြင်းနှင့်သမ္မာတရားတည်းဟူသော တဆေးမဲ့မုန့်အားဖြင့် ပွဲတော်ကိုကျင်းပကြကုန်စို့။