မည်သူသည် မိမိ၏အမှားများကို သိနားလည်နိုင်ပါသနည်း။ ကွယ်ဝှက်နေသောအပြစ်များနှင့် အကျွန်ုပ်ကိုကင်းလွတ်စေတော်မူပါ။
ဝတ်ပြု 5:2 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် မစင်ကြယ်သောတောရိုင်းတိရစ္ဆာန်အသေကောင်၊ ယဉ်ပါးသောတိရစ္ဆာန်အသေကောင်၊ တွားသွားသောတိရစ္ဆာန်အသေကောင်စသည့် မစင်ကြယ်သောအရာတစ်စုံတစ်ခုအား ထိမိသည်ကို သတိမမူမိလျှင်လည်း သူသည် မစင်ကြယ်ရာသို့ရောက်၍ သူ့အပေါ် အပြစ်သက်ရောက်မည်။ Common Language Bible တစ်စုံတစ်ယောက်သောသူသည် တိရစ္ဆာန်အသေ ကောင်အစရှိသောဘာသာထုံးနည်းအရ မစင် ကြယ်သောအရာကိုမသိဘဲနှင့်ကိုင်မိလျှင် ကိုင်မိကြောင်းသိလျှင်သိချင်း သူသည်အပြစ် ကူးလွန်ရာရောက်သည်။ Garrad Bible လူ တစ် ဦး သည် မ သန့် သော သား ယဉ် သား ရဲ အ သေ ကောင် ကို ဖြစ် စေ၊ မ သန့် သော ပိုး မွှား အ ကောင် အ လောင်း ကို ဖြစ် စေ၊ မ သိ ဘဲ ထိ မိ၍ မ သန့် ရာ ရောက် သ ဖြင့် အ ပြစ် ဒဏ် ခံ ထိုက် သော် လည်း ကောင်း၊ လူ ဆိုင် သော မ သန့် ရာ တစ် စုံ တစ် ခု ကို မ သိ ဘဲ ထိ မိ၍၊ Judson Bible တစ်စုံတစ်ယောက်သောသူသည် မစင်ကြယ်သော သားရဲ၊ သားယဉ်၊ တွားတတ်သော တိရစ္ဆာန်၏အသေကောင်အစရှိသော မစင်ကြယ်သောအရာတစ်စုံတစ်ခုကို အမှတ်တမဲ့ထိမိသဖြင့်၊ မစင်ကြယ်ရာသို့ရောက်၍ အပြစ်ရှိသော်လည်းကောင်း၊ |
မည်သူသည် မိမိ၏အမှားများကို သိနားလည်နိုင်ပါသနည်း။ ကွယ်ဝှက်နေသောအပြစ်များနှင့် အကျွန်ုပ်ကိုကင်းလွတ်စေတော်မူပါ။
ထွက်သွားကြ။ ထွက်သွားကြ။ ထိုအရပ်မှ ထွက်ခွာသွားကြ။ မစင်ကြယ်သောအရာကို မထိကြနှင့်။ ထိုအရပ်မှ ထွက်ခွာသွားကြလော့။ ထာဝရဘုရား၏တဲတော်တန်ဆာပလာများကို ထမ်းသောသူတို့၊ သန့်ရှင်းစင်ကြယ်ခြင်းရှိကြလော့။
ထိုသတ္တဝါတို့သည် သင်တို့အဖို့ ရွံရှာဖွယ်ရာဖြစ်သောကြောင့် ၎င်းတို့၏အသားကိုမစားရ။ အသေကောင်ကိုလည်း ရွံရှာရမည်။
ထို့ကြောင့် ထိုအကောင်တို့၏အသားကိုမစားရ။ အသေကောင်ကိုလည်း မထိရ။ ထိုအကောင်တို့သည် သင်တို့အဖို့ မစင်ကြယ်။
အစ္စရေးလူထုအပေါင်းတို့သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို မရည်ရွယ်ဘဲလုပ်မိပြီး လူအစုအဝေးတို့သည် ထိုအမှုကို အပြစ်ဖြစ်မှန်းမသိမမြင်သော်လည်း သူတို့အပေါ်အပြစ်သက်ရောက်၍
တစ်စုံတစ်ယောက်သည် ‘မလုပ်ရ’ဟု ထာဝရဘုရားပညတ်ထားတော်မူသော ပညတ်ချက်တစ်ခုခုကို လုပ်မိ၍ အပြစ်ပြုမိမှန်းကို မသိလျှင်လည်း သူ့အပေါ် အပြစ်သက်ရောက်၍ သူသည် ကိုယ့်အပြစ်ကိုယ်ခံရမည်။
သူသည် လူ၏အညစ်အကြေးဖြစ်သည့် လူကိုမစင်ကြယ်စေသော အညစ်အကြေးတစ်စုံတစ်ရာအား ထိမိသည်ကို သတိမမူမိဘဲနေ၍ နောက်မှထိမိသည်ကို သိလာလျှင်လည်း သူ့အပေါ် အပြစ်သက်ရောက်မည်။
တစ်စုံတစ်ယောက်သည် ဆိုးညစ်သောအမှုကိုပြုမည်၊ ကောင်းသောအမှုကိုပြုမည်ဟူ၍ နှုတ်ဖြင့်မဆင်မခြင်ကျိန်ဆိုပြီး ထိုမဆင်မခြင်ကျိန်ဆိုသောအရာကို သူသည် သတိမမူမိဘဲနေ၍ နောက်မှ ထိုအရာကို သိလာလျှင်လည်း ထိုကျိန်ဆိုသောအရာတစ်စုံတစ်ခုကြောင့် သူ့အပေါ် အပြစ်သက်ရောက်မည်။
တစ်စုံတစ်ဦးသည် လူ၏အညစ်အကြေးကိုဖြစ်စေ၊ မစင်ကြယ်သောတိရစ္ဆာန်ကိုဖြစ်စေ၊ မစင်ကြယ်သောရွံရှာဖွယ်ရာ တစ်စုံတစ်ခုကိုဖြစ်စေ မစင်ကြယ်သောမည်သည့်အရာကိုမဆို ထိမိပြီး ထာဝရဘုရားအဖို့ ပူဇော်သောမိတ်သဟာယယဇ်ကောင်၏အသားကိုစားလျှင် ထိုသူသည် မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။
ဟဂ္ဂဲကလည်း “ညစ်ညူးသောအသေကောင်ကိုထိမိပြီးမှ ထိုစားစရာကို ထိမိလျှင်လည်း ညစ်ညူးသလော”ဟု မေးလျှင် ယဇ်ပုရောဟိတ်တို့က “ညစ်ညူးသည်”ဟု ပြန်ဖြေကြ၏။
မစင်ကြယ်သောသူ ထိမိသောအရာမှန်သမျှသည် မစင်မကြယ်ဖြစ်၏။ ထိုအရာတို့ကို ထိမိသောသူသည်လည်း နေဝင်ချိန်အထိ မစင်မကြယ်ဖြစ်၏”ဟု မိန့်တော်မူ၏။
သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် မထင်ရှားသော သင်္ချိုင်းဂူများနှင့်တူကြ၏။ လူတို့သည် ၎င်းအပေါ်မှာ မသိဘဲ သွားလာတတ်ကြ၏”ဟု မိန့်တော်မူ၏။
“ထို့ကြောင့် ထိုသူတို့အထဲမှ ထွက်၍ သီးခြားနေကြလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။ “ညစ်ညူးသောအရာကို မတို့မထိနှင့်။ ထိုသို့ပြုလျှင် ငါသည် သင်တို့ကိုလက်ခံ၍
ဝက်သည် ခွာကွဲသော်လည်း စားမြုံ့မပြန်သောကြောင့် သင်တို့အဖို့ မစင်ကြယ်။ အသားကိုမစားရ။ အသေကောင်ကိုလည်း မထိရ။