အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဝတ်​ပြု 4:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​သည် နွားထီး​ကို တွေ့ဆုံစည်းဝေးရာ​တဲ​တော်​အဝင်ဝ​၊ ထာဝရဘုရား​ရှေ့​တော်​သို့ ဆွဲခေါ်​လာ​၍ မိမိ​လက်​ကို နွားထီး​၏​ခေါင်း​ပေါ်၌ တင်​ရ​မည်​။ နွားထီး​ကို ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။

အခန်းကိုကြည့်ပါ။

Common Language Bible

သူ​သည်​နွား​ကို​တဲ​တော်​တံ​ခါး​ဝ​ထာ​ဝ ဘု​ရား​ရှေ့​တော်​သို့​ယူ​ဆောင်​ခဲ့​ပြီး​လျှင် နွား ၏​ဦး​ခေါင်း​ပေါ်​တွင်​လက်​ကို​တင်​၍ ထာ​ဝ​ရ ဘု​ရား​ရှေ့​တော်​တွင် ထို​နေ​ရာ​၌​နွား​ကို​သတ် ရ​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

ထာ ဝ ရ ဘု ရား ရှေ့၊ တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ အ နီး သို့ နွား ပေါက် ကို ဆောင် သွင်း ရာ ဦး ခေါင်း ပေါ် တွင် လက် တင် ၍၊

အခန်းကိုကြည့်ပါ။

Judson Bible

ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​သို့ ဆောင်​ခဲ့၍၊ ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​မည်။ ထိုအခါ နွား၏ခေါင်းပေါ်မှာမိမိလက်ကိုတင်၍၊ ထာဝရဘုရားရှေ့တော်၌ နွားကိုသတ်ရမည်။

အခန်းကိုကြည့်ပါ။



ဝတ်​ပြု 4:4
11 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် အပြစ်ဖြေရာယဇ်ကောင်​အဖြစ် ဆိတ်သငယ်​တို့​ကို ရှင်ဘုရင်​နှင့်​လူထု​ရှေ့​သို့​ယူလာ​၍ သူ​တို့​သည် ဆိတ်သငယ်​တို့​အပေါ်​တွင် လက်​ကို​တင်​ကြ​၏​။


ငါ​တို့​ရှိသမျှ​သည် လမ်းလွဲ​သော​သိုး​ကဲ့သို့ ကိုယ့်​လမ်း​သို့ အသီးသီး​လိုက်သွား​ကြ​သည်​ဖြစ်၍ ထာဝရဘုရား​သည် ငါ​တို့​၏​အပြစ်​ရှိသမျှ​ကို သူ့​အပေါ်​ကျရောက်​စေ​တော်မူ​၏​။


ခြောက်ဆယ့်​နှစ်​သီတင်း​လွန်​လျှင် ဘိသိက်ခံ​မင်း​သည် မည်သည့်​အရာ​မျှ​မ​ကျန်​ဘဲ ပယ်ရှင်း​ခြင်း​ခံရ​လိမ့်မည်​။ နောက်​တက်လာ​မည့်​မင်း​၏​လူ​တို့​သည် မြို့​နှင့် သန့်ရှင်းရာဌာန​ကို ဖျက်ဆီး​ပစ်​လိမ့်မည်​။ အဆုံး​သည် ရေလွှမ်းမိုး​သကဲ့သို့ ရောက်လာ​လိမ့်မည်​။ အဆုံး​သို့​မ​ရောက်​မ​ချင်း စစ်မက်​ဖြစ်ပွား​လိမ့်မည်​။ ဤသို့ ပျက်စီး​ခြင်း​ကို စီရင်​ထား​တော်မူ​ပြီ​။


အာရုန်​သည် မိမိ​လက်​နှစ်​ဖက်​ကို အသက်ရှင်​သော​ဆိတ်သငယ်​၏​ခေါင်း​ပေါ်၌ တင်​၍ အစ္စရေး​အမျိုးသား​တို့​၏​ဒုစရိုက်​ရှိသမျှ​၊ သူ​တို့​ကျူးလွန်​သော​အပြစ်​ရှိသမျှ​တို့​ကို ဖော်ပြဝန်ခံ​ရ​မည်​။ ထို​အပြစ်​တို့​ကို ဆိတ်သငယ်​၏​ခေါင်း​ပေါ်၌​တင်ထား​ပြီး ထို​ဆိတ်သငယ်​ကို တာဝန်​ရှိ​သူ​မှတစ်ဆင့် တောကန္တာရ​ထဲသို့ လွှတ်လိုက်​ရ​မည်​။


လူထု​ထဲမှ​သက်ကြီးဝါကြီး​တို့​သည် ထာဝရဘုရား​ရှေ့​တော်​၌ မိမိ​တို့​လက်​ကို နွားထီး​၏​ခေါင်း​ပေါ်တွင် တင်​ရ​မည်​။ နွားထီး​ကို ထာဝရဘုရား​ရှေ့​တော်​၌ သတ်​ရ​မည်​။


သူ​သည် မိမိ​လက်​ကို အပြစ်ဖြေရာယဇ်ကောင်​၏​ခေါင်း​ပေါ်၌ တင်​ရ​မည်​။ မီးရှို့ရာယဇ်ကောင်​သတ်​သော​နေရာ​၌ အပြစ်ဖြေရာယဇ်ကောင်​ကို သတ်​ရ​မည်​။


ထို့နောက် မောရှေ​သည် ထာဝရဘုရား​မိန့်မှာ​တော်မူ​သည့်​အတိုင်း အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​တစ်​ကောင်​ကို​ယူဆောင်​လာ​ပြီး အာရုန်​နှင့်​သူ​၏​သား​တို့​သည် မိမိ​တို့​လက်​ကို အပြစ်ဖြေရာယဇ်​ဖြစ်​သော​နွားထီး​၏​ခေါင်း​ပေါ်၌ တင်​ကြ​၏​။


လေဝိ​အမျိုး​တို့​သည် မိမိ​တို့​၏​လက်​ကို နွားထီးပျို​တို့​၏​ခေါင်း​ပေါ်၌​တင်​ရ​မည်​။ လေဝိ​အမျိုး​တို့​အတွက် အပြစ်ဖြေလွှတ်​ခြင်း​ကို​ပြု​ရန် တစ်​ကောင်​ကို အပြစ်ဖြေရာယဇ်​အတွက်​၊ ကျန်​တစ်​ကောင်​ကို မီးရှို့ရာယဇ်​အတွက် ထာဝရဘုရား​ထံ ပူဇော်​ရ​မည်​။


အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​သည်​လည်း အပြစ်​အတွက် တစ်ကြိမ်တည်း​နှင့်အပြီး ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​၏။ သင်​တို့​ကို ဘုရားသခင်​ထံ​တော်​သို့​ပို့ဆောင်​မည့်​အကြောင်း ဖြောင့်မတ်​သော​အရှင်​သည် မ​ဖြောင့်မတ်​သော​သူ​တို့​ကိုယ်စား ဒုက္ခ​ဝေဒနာ​ခံစား​တော်မူ​၏။ ကိုယ်တော်​သည် ကိုယ်ကာယ​၌ အမှန်ပင်​အသေခံ​သော်လည်း ဝိညာဉ်​တော်​၌​မူကား အသက်ရှင်​စေ​ခြင်း​ကို​ခံ​တော်မူ​လျက်