အာဗေလသည်လည်း မိမိသိုးအုပ်ထဲမှ သိုးသားဦးများနှင့် သိုးတို့၏အဆီများကိုယူဆောင်လာ၏။ ထာဝရဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏပြုတော်မူ၏။
ဝတ်ပြု 3:16 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်သည် မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောစားဖွယ်ရာပူဇော်သက္ကာအဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ အဆီရှိသမျှကို ထာဝရဘုရားပိုင်တော်မူ၏။ Common Language Bible ယဇ်ပုရောဟိတ်သည်ယင်းတို့ကိုယဇ်ပလ္လင် ပေါ်တွင် မီးရှို့ပူဇော်ရမည်။ ဤပူဇော်သကာ ၏ရနံ့ကိုထာဝရဘုရားနှစ်သက်တော် မူ၏။ အဆီရှိသမျှတို့သည်ထာဝရ ဘုရားနှင့်ဆိုင်၏။- Garrad Bible ဆီ ဥ ရှိ သ မျှ ထာ ဝ ရ ဘု ရား ပိုင် ရာ တော် ဖြစ် သည် နှင့် အ ညီ ပ ရော ဟိတ် သည် စိတ် တော် ပြေ ဖွယ် ရ နံ့၊ မီး ပူ ဇော် ရာ အ စာ အာ ဟာ ရ အ ဖြစ် ဖြင့် ပ လ္လင် တော် ပေါ် မှာ ပူ ဇော် ရ မည်။ Judson Bible ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ မွှေးကြိုင်ရာဖို့ မီးဖြင့်ပြုသော ပူဇော်သကာ အစာအာဟာရဖြစ်သတည်း။ ဆီဥရှိသမျှကို ထာဝရဘုရားဆိုင်တော်မူ၏။ |
အာဗေလသည်လည်း မိမိသိုးအုပ်ထဲမှ သိုးသားဦးများနှင့် သိုးတို့၏အဆီများကိုယူဆောင်လာ၏။ ထာဝရဘုရားသည် အာဗေလနှင့် သူ၏ပူဇော်သက္ကာကို ပမာဏပြုတော်မူ၏။
ဤတွင် များစွာသောမီးရှို့ရာယဇ်အပြင် အဆီဖြင့်ပူဇော်သောမိတ်သဟာယယဇ်များ၊ သွန်းလောင်းရာပူဇော်သက္ကာနှင့်ပူဇော်သော မီးရှို့ရာယဇ်များလည်း ပါရှိ၏။ ဤသို့ဖြင့် ထာဝရဘုရား၏အိမ်တော်အမှုကို ပြန်လည်အသက်ဝင်စေခဲ့၏။
ရှောလမုန်မင်းကြီးတည်ထားသောကြေးနီယဇ်ပလ္လင်၌ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာနှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်ရန် နေရာမဆံ့ပေ။ ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်ရှေ့ရှိ ဝင်းအတွင်းကို သန့်ရှင်းစေ၍ ထိုနေရာတွင်ပင် မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်ကောင်၏အဆီတို့ကို ပူဇော်လေ၏။
အူကိုဖုံးနေသည့်အဆီရှိသမျှကိုလည်းကောင်း၊ အသည်းပေါ်မှအဆီပျဉ်ကိုလည်းကောင်း၊ ကျောက်ကပ်နှစ်ခုနှင့်ထိုကျောက်ကပ်နှစ်ခုအပေါ်ရှိအဆီကိုလည်းကောင်း ယူ၍ ယဇ်ပလ္လင်ပေါ်၌ရှို့ရမည်။
ထိုသိုးထီးသည် အရိုက်အရာခန့်အပ်ခြင်းဆိုင်ရာသိုးထီးဖြစ်သောကြောင့် ထိုသိုးထီး၏အဆီနှင့်အမြီးပိုင်းအဆီကိုလည်းကောင်း၊ အူကိုဖုံးနေသည့်အဆီနှင့် အသည်းပေါ်မှအဆီပျဉ်ကိုလည်းကောင်း၊ ကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့ပေါ်ရှိအဆီကိုလည်းကောင်း၊ ယာဘက်ပေါင်ကိုလည်းကောင်း ယူရမည်။
ထာဝရဘုရားသည် သူ့ကိုချိုးဖဲ့ခြေမွှရန် အလိုတော်ရှိ၏။ သူ့ကိုနာကျင်စေတော်မူ၏။ သူ၏စိတ်ဝိညာဉ်သည် အပြစ်ဒဏ်ဖြေရာယဇ်ကို ပူဇော်ပြီးလျှင် သူသည် သားစဉ်မြေးဆက်ကိုမြင်ရမည်။ သူ၏နေ့ရက်တို့သည် ရှည်၍ ထာဝရဘုရား၏အလိုတော်သည် သူ၏လက်၌ ပြည့်စုံခြင်းသို့ရောက်မည်။
ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးသားတို့ ငါ့ထံမှ လမ်းလွဲသွားကြသောအခါ လေဝိအမျိုးယဇ်ပုရောဟိတ်ဇာဒုတ်၏သားမြေးတို့သည် သန့်ရှင်းရာဌာန၏အမှုကို စောင့်ထိန်းခဲ့ကြ၏။ ထို့ကြောင့် သူတို့သည် ငါ့ထံသို့ဆည်းကပ်၍ ငါ့အမှုတော်ကို ထမ်းဆောင်ရမည်။ ငါ့ရှေ့မှောက်တွင်ရပ်လျက် အဆီ၊ အသွေးတို့ကို ပူဇော်ရမည်’ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်သည် တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝအနီး ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်၌ သွေးကို ဖျန်း၍ အဆီကို ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် ရှို့ရမည်။
အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ကောင်၏အဆီကိုရှို့သကဲ့သို့ ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် ခေါင်းဆောင်၏အပြစ်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
အဆီရှိသမျှကိုလည်း မိတ်သဟာယယဇ်ကောင်မှအဆီကိုခွာယူသကဲ့သို့ ခွာယူရမည်။ ထိုအဆီတို့ကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့အဖြစ် ယဇ်ပလ္လင်ပေါ်၌ ရှို့ရမည်။ ထိုသို့ ယဇ်ပုရောဟိတ်သည် သူ့အတွက်အပြစ်ဖြေလွှတ်ခြင်းကိုပြုပေးသဖြင့် သူသည် အပြစ်လွှတ်ခြင်းခံရမည်။
အဆီနှင့်အမြီးပိုင်းအဆီကိုလည်းကောင်း၊ အူ၌ရှိသောအဆီအားလုံးကိုလည်းကောင်း၊ အသည်းပေါ်မှအဆီပျဉ်ကိုလည်းကောင်း၊ ကျောက်ကပ်နှစ်ခုနှင့် ၎င်းတို့၏အဆီကိုလည်းကောင်း၊ ယာဘက်ပေါင်ကိုလည်းကောင်း၊
ထိုအခါ ထာဝရဘုရားထံတော်မှမီးဆင်းသက်၍ ယဇ်ပလ္လင်ပေါ်ရှိမီးရှို့ရာယဇ်နှင့်အဆီတို့ကိုလောင်ကျွမ်းလေ၏။ လူအပေါင်းတို့သည် တွေ့မြင်သောအခါ ရွှင်လန်းစွာကြွေးကြော်လျက် ပျပ်ဝပ်ရှိခိုးကြလေ၏။
ကိုယ်တော်ကလည်း“ ‘သင်၏ဘုရားသခင်ထာဝရဘုရားကို သင်၏စိတ်နှလုံးအကြွင်းမဲ့၊ သင်၏စိတ်ဝိညာဉ်တစ်ခုလုံးနှင့် သင်၏အသိဉာဏ်ရှိသမျှတို့ဖြင့် ချစ်ရမည်။’