သင်၏ရန်သူတို့ကို သင့်လက်သို့ အပ်နှံတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော”ဟု မြွက်ဆိုလေ၏။ အာဗြံသည်လည်း ရှိသမျှသောအရာတို့၏ဆယ်ဖို့တစ်ဖို့ကို သူ့အားပေးလှူ၏။
ဝတ်ပြု 27:30 - မြန်မာ့စံမီသမ္မာကျမ်း မြေမှထွက်သော ကောက်ပဲသီးနှံ၊ သစ်သီးဝလံတို့၏ဆယ်ဖို့တစ်ဖို့အားလုံးကို ထာဝရဘုရားပိုင်၏။ ထာဝရဘုရားအဖို့ သန့်ရှင်း၏။ Common Language Bible မြေယာမှထွက်သောအသီးအနှံ သို့မဟုတ် သစ်သီးဆယ်ပုံတစ်ပုံသည် ထာဝရဘုရား နှင့်ဆိုင်၏။- Garrad Bible အ သီး အ နှံ ဖြစ် စေ၊ သစ် သီး ဖြစ် စေ၊ မြေ ထွက် ဟူ သ မျှ အ နက် ဆယ် ဖို့ တစ် ဖို့ ထာ ဝ ရ ဘု ရား ပိုင် တော် မူ ရာ ဖြစ်၏။ Judson Bible စပါးဖြစ်စေ၊ သစ်သီးဖြစ်စေ၊ မြေကဖြစ်သမျှသောအသီးအနှံ ဆယ်စုတစ်စုသည် ထာဝရဘုရား၏ဘဏ္ဍာတော်ဖြစ်၏။ ထာဝရဘုရားအဖို့သန့်ရှင်းရမည်။ |
သင်၏ရန်သူတို့ကို သင့်လက်သို့ အပ်နှံတော်မူသော၊ အမြင့်ဆုံးသောဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော”ဟု မြွက်ဆိုလေ၏။ အာဗြံသည်လည်း ရှိသမျှသောအရာတို့၏ဆယ်ဖို့တစ်ဖို့ကို သူ့အားပေးလှူ၏။
မှတ်တိုင်အဖြစ် အကျွန်ုပ်စိုက်ထူသော ဤကျောက်သည်လည်း ဘုရားသခင်၏အိမ်တော်ဖြစ်မည်။ အကျွန်ုပ်အားပေးသနားတော်မူသောအရာရှိသမျှတို့၏ဆယ်ဖို့တစ်ဖို့ကို ကိုယ်တော်အား မုချပူဇော်ပါမည်”ဟု ဆိုလျက် ကတိသစ္စာပြုလေ၏။
အသီးအနှံ၏ငါးပုံတစ်ပုံကို ဖာရောမင်းကြီးအားဆက်သရမည်။ လေးပုံသည် လယ်ယာအတွက်မျိုးစေ့၊ သင်တို့နှင့်သင်တို့၏အိမ်သူအိမ်သားများမှစ၍ သင်တို့၏ကလေးများစားသုံးရန်အတွက်အစားအစာ ဖြစ်ရမည်”ဟု ဆို၏။
ဤသို့ဖြင့် ငါးပုံတစ်ပုံသည် ဖာရောမင်းကြီးအပိုင်ဖြစ်၏ဟု ယောသပ်စီရင်ခဲ့သောစည်းမျဉ်းဥပဒေသည် အီဂျစ်ပြည်၌ ယနေ့တိုင်အောင်တည်၏။ ယဇ်ပုရောဟိတ်တို့၏မြေကိုကား ဖာရောမင်းကြီးမပိုင်ပေ။
လူတို့သည် အလှူပစ္စည်းများ၊ ဆယ်ဖို့တစ်ဖို့များ၊ ဆက်ကပ်လှူဒါန်းသောပစ္စည်းများကို သစ္စာရှိစွာယူဆောင်လာကြ၏။ လေဝိအမျိုးသားကောနနိသည် ထိုအလှူပစ္စည်းတို့ကို ကြီးကြပ်အုပ်ချုပ်ပေးရပြီး သူ့ညီရှိမိသည် သူ၏လက်ထောက် ဖြစ်၏။
ထိုနေ့တွင် အလှူပစ္စည်းများ၊ အသီးဦးများ၊ ဆယ်ဖို့တစ်ဖို့များထားရှိရာ သိုလှောင်တိုက်အခန်းများအုပ်ထိန်းမည့်သူတို့ကို ခန့်ထားကြ၏။ သူတို့သည် ယဇ်ပုရောဟိတ်များနှင့် လေဝိသားများအဖို့ ပညတ်တရားကျမ်းတွင်ပါသောဝေစုအတိုင်း မြို့ရွာများရှိလယ်ယာများမှ ကောက်ခံစုသိမ်းပေးရ၏။ အကြောင်းမူကား ယဇ်ပုရောဟိတ်များနှင့် လေဝိသားများ အမှုတော်ထမ်းနေသည်ကို ယုဒအမျိုးတို့ နှစ်သက်ဝမ်းမြောက်ကြ၏။
ထိုအခါ ယုဒလူအပေါင်းတို့သည် ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ စသည်တို့၏ဆယ်ဖို့တစ်ဖို့ကို သိုလှောင်ခန်းသို့ယူဆောင်လာကြ၏။
သူ့အား အခန်းကြီးတစ်ခန်းကို ပေးထား၏။ ထိုအခန်းသည် ယခင်က ဘောဇဉ်ပူဇော်သက္ကာ၊ နံ့သာပေါင်း၊ အသုံးအဆောင်ပစ္စည်းများနှင့်တကွ လေဝိအမျိုးများ၊ တံခါးစောင့်များ၊ သီချင်းသည်များကို ပညတ်တော်အတိုင်းပေးရသော ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်၊ ဆီ စသည်တို့၏ဆယ်ဖို့တစ်ဖို့နှင့် ယဇ်ပုရောဟိတ်တို့အတွက် အလှူပစ္စည်းတို့ကို သိုထားသောအခန်းဖြစ်၏။
ဆက်ကပ်ထားသောအရာရှိသမျှတို့တွင် လူဖြစ်လျှင်ပင် ရွေးနုတ်ခွင့်မရှိ။ သူသည် မုချအသတ်ခံရမည်။
တစ်စုံတစ်ယောက်သည် မိမိဆယ်ဖို့တစ်ဖို့ထဲမှအချို့ကို အမှန်ပင်ရွေးနုတ်လိုလျှင် ၎င်း၏တန်ဖိုးအပြင် ငါးပုံတစ်ပုံထပ်ပေါင်း၍ ပေးရမည်။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဇီရာတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြ၏။ သို့သော် ပညတ်တရားထဲမှ ပို၍အရေးကြီးသော တရားမျှတခြင်း၊ ကရုဏာထားခြင်းနှင့် သစ္စာစောင့်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ချန်လှပ်မထားရ။
သို့သော် ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ပင်စိမ်း၊ စမုန်စပါးနှင့် ဟင်းသီးဟင်းရွက်အမျိုးမျိုးတို့ကို ဆယ်ဖို့တစ်ဖို့ပေးလှူကြသော်လည်း တရားမျှတခြင်းနှင့် ဘုရားသခင်အပေါ်ထားရှိရမည့်ချစ်ခြင်းတို့ကို ချန်လှပ်ထားကြ၏။ ဤအရာများကို ပြုရမည်ဖြစ်ပြီး အထက်တွင်ဆိုသောအရာများကိုလည်း ဥပေက္ခာမပြုရ။
အကျွန်ုပ်သည် တစ်ပတ်လျှင် နှစ်ကြိမ်အစာရှောင်ပြီး ရရှိသမျှအားလုံး၏ဆယ်ဖို့တစ်ဖို့ကိုလှူပါ၏’ဟု ဆုတောင်းလေ၏။
အစားအစာဝေစုကို ညီတူမျှတူရပိုင်ခွင့်ရှိသည့်အပြင် ဘိုးဘေးတို့ပိုင်သောဥစ္စာကိုရောင်း၍ရသောငွေကိုလည်း ရပိုင်ခွင့်ရှိ၏။
သင်သည် ဆယ်ဖို့တစ်ဖို့နှစ်ဖြစ်သော တတိယနှစ်၌ သင့်သီးနှံ၏ဆယ်ဖို့တစ်ဖို့ရှိသမျှကိုဖယ်ထားပြီး လေဝိအမျိုး၊ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမ တို့အား ပေး၍ သင်၏မြို့များ၌ သူတို့သည် ဝလင်စွာစားရကြမည်။