ယဇ်ပုရောဟိတ်သည် ကောင်းလျှင်ကောင်းသည့်အလျောက်၊ မကောင်းလျှင်မကောင်းသည့်အလျောက် တန်ဖိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ် တန်ဖိုးဖြတ်သည့်အတိုင်း တည်စေရမည်။
ဝတ်ပြု 27:23 - မြန်မာ့စံမီသမ္မာကျမ်း သင်ဖြတ်ထားသောတန်ဖိုးအတိုင်း ယဇ်ပုရောဟိတ်သည် မင်္ဂလာရတုနှစ်အထိ သူ့ကို တွက်ပေးရမည်။ သူသည် ထိုနေ့၌ပင် ထာဝရဘုရားအဖို့ သန့်ရှင်းသောအရာအဖြစ် သင်ဖြတ်ထားသောတန်ဖိုးကို ပေးရမည်။ Common Language Bible ယဇ်ပုရောဟိတ်သည် ရှေ့လာမည့်ပြန်လည်ပေး အပ်ခြင်းဆိုင်ရာနှစ်အထိ ကျန်ရှိနေသေး သောနှစ်များကိုရေတွက်၍ လယ်မြေ၏တန်ဖိုး ကိုသတ်မှတ်ရမည်။ ထိုသူသည်လယ်မြေ၏ တန်ဖိုးကို ထိုနေ့၌ပင်ပေးဆောင်ရမည်။ ထို ငွေသည်ထာဝရဘုရားနှင့်ဆိုင်သည်။- Garrad Bible သင် ပြတ် ဆို ချက် အ ရ မင်္ဂ လာ နှစ် မ တိုင် မီ ကျ သင့် သော တန် ဖိုး ကို ပ ရော ဟိတ် ရေ တွက် လျက် ထို နေ့ ချင်း ပင် ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ရာ အ ဖြစ် ဖြင့် ပြတ် ဆို ချက် အ တိုင်း ပေး စေ။ Judson Bible ယုဘိလနှစ်တိုင်အောင်ဖြတ်သောအဖိုးကို၊ ယဇ်ပုရောဟိတ်ရေတွက်၍၊ ထာဝရဘုရားအဖို့ သန့်ရှင်းစေသောနေ့၌ အဖိုးဖြတ်သောငွေကို ပေးရမည်။ |
ယဇ်ပုရောဟိတ်သည် ကောင်းလျှင်ကောင်းသည့်အလျောက်၊ မကောင်းလျှင်မကောင်းသည့်အလျောက် တန်ဖိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ် တန်ဖိုးဖြတ်သည့်အတိုင်း တည်စေရမည်။
သို့သော် သူသည် မိမိလယ်ယာကို မင်္ဂလာရတုနှစ်လွန်မှ ဆက်ကပ်လိုလျှင် ယဇ်ပုရောဟိတ်သည် နောက်မင်္ဂလာရတုနှစ်အထိ ကျန်ရှိသောနှစ်အရေအတွက်နှင့်အညီ ငွေကိုတွက်၍ သင်ဖြတ်ထားသောတန်ဖိုးမှ နုတ်ရမည်။
မိမိပိုင်သောလယ်ယာထဲမှမဟုတ်၊ မိမိဝယ်ထားသောလယ်ယာထဲမှ ထာဝရဘုရားအား ဆက်ကပ်လိုလျှင်
မင်္ဂလာရတုနှစ်ရောက်သောအခါ ထိုလယ်ယာကို ရောင်းခဲ့သူ မူလမြေပိုင်ရှင်အား ပြန်ပေးရမည်။