သူသည် ထိုတိရစ္ဆာန်ကို ပြန်ရွေးနုတ်လိုလျှင် ဖြတ်ထားသောတန်ဖိုးအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။
ဝတ်ပြု 27:14 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် မိမိ၏အိမ်ကို ထာဝရဘုရားထံ သန့်ရှင်းသောအရာအဖြစ် ဆက်ကပ်လိုလျှင် ယဇ်ပုရောဟိတ်သည် ထိုအိမ်ကို ကောင်းလျှင်ကောင်းသည့်အလျောက်၊ မကောင်းလျှင်မကောင်းသည့်အလျောက် တန်ဖိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ် ဖြတ်သည့်တန်ဖိုးအတိုင်း တည်စေရမည်။ Common Language Bible တစ်စုံတစ်ယောက်သောသူသည် ထာဝရ ဘုရားအားမိမိအိမ်ကိုပူဇော်ဆက်သသည့် အခါ ယဇ်ပုရောဟိတ်သည်အိမ်၏အခြေ အနေကိုစစ်ဆေး၍ တန်ဖိုးကိုသတ်မှတ် ရမည်။ ထိုသို့သတ်မှတ်သောတန်ဖိုးသည် အတည်ဖြစ်စေရမည်။- Garrad Bible လူ တစ် ဦး တစ် ယောက် သည် ကိုယ် ပိုင် အိမ် ကို ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ထား သော် ပ ရော ဟိတ် သည် အ ကောင်း အ ဆိုး အ လိုက် တန် ဖိုး ပြတ် စေ။ ပြတ် သည့် အ တိုင်း တည် စေ။ Judson Bible လူသည်မိမိအိမ်ကို ထာဝရဘုရားအဖို့သန့်ရှင်းစေလျှင်၊ ကောင်းမကောင်းရှိသည်အလျောက်၊ ယဇ်ပုရောဟိတ်အဖိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ်ဖြတ်သည်အတိုင်း အဖိုးရှိရမည်။ |
သူသည် ထိုတိရစ္ဆာန်ကို ပြန်ရွေးနုတ်လိုလျှင် ဖြတ်ထားသောတန်ဖိုးအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။
မိမိအိမ်ကို ဆက်ကပ်သောသူသည် ထိုအိမ်ကို ပြန်ရွေးနုတ်လိုလျှင် ဖြတ်ထားသောတန်ဖိုးငွေအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကို ထပ်ပေါင်း၍ ပေးရမည်။ ထို့နောက်မှ အိမ်သည် သူ့အပိုင်ဖြစ်လိမ့်မည်။
ထိုသူသည် မိမိလယ်ယာကို မင်္ဂလာရတုနှစ်၌ ဆက်ကပ်လိုလျှင် သင်ဖြတ်သည့်တန်ဖိုးအတိုင်း တည်စေရမည်။
သို့သော် သူသည် မိမိလယ်ယာကို မင်္ဂလာရတုနှစ်လွန်မှ ဆက်ကပ်လိုလျှင် ယဇ်ပုရောဟိတ်သည် နောက်မင်္ဂလာရတုနှစ်အထိ ကျန်ရှိသောနှစ်အရေအတွက်နှင့်အညီ ငွေကိုတွက်၍ သင်ဖြတ်ထားသောတန်ဖိုးမှ နုတ်ရမည်။
မင်္ဂလာရတုနှစ်ရောက်၍ ထိုလယ်ယာသည် ဝယ်သူလက်မှလွတ်သောအခါ ဆက်ကပ်ထားသောလယ်ယာဖြစ်သည်နှင့်အညီ ထာဝရဘုရားအဖို့ သန့်ရှင်း၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်၏ပိုင်ဆိုင်ရာဖြစ်ရမည်။