Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဝတ်​ပြု 27:14 - Common Language Bible

14 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထာ​ဝ​ရ ဘုရား​အား​မိ​မိ​အိမ်​ကို​ပူ​ဇော်​ဆက်​သ​သည့် အ​ခါ ယဇ်​ပု​ရော​ဟိတ်​သည်​အိမ်​၏​အ​ခြေ အ​နေ​ကို​စစ်​ဆေး​၍ တန်​ဖိုး​ကို​သတ်​မှတ် ရ​မည်။ ထို​သို့​သတ်​မှတ်​သော​တန်​ဖိုး​သည် အ​တည်​ဖြစ်​စေ​ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 လူ တစ် ဦး တစ် ယောက် သည် ကိုယ် ပိုင် အိမ် ကို ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ထား သော် ပ ရော ဟိတ် သည် အ ကောင်း အ ဆိုး အ လိုက် တန် ဖိုး ပြတ် စေ။ ပြတ် သည့် အ တိုင်း တည် စေ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 လူ​သည်​မိ​မိ​အိမ်​ကို ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​သန့်​ရှင်း​စေ​လျှင်၊ ကောင်း​မ​ကောင်း​ရှိ​သည်​အ​လျောက်၊ ယဇ်​ပု​ရော​ဟိတ်​အ​ဖိုး​ဖြတ်​ရ​မည်။ ယဇ်​ပု​ရော​ဟိတ်​ဖြတ်​သည်​အ​တိုင်း အ​ဖိုး​ရှိ​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 တစ်စုံတစ်ယောက်​သည် မိမိ​၏​အိမ်​ကို ထာဝရဘုရား​ထံ သန့်ရှင်းသောအရာ​အဖြစ် ဆက်ကပ်​လို​လျှင် ယဇ်ပုရောဟိတ်​သည် ထို​အိမ်​ကို ကောင်း​လျှင်​ကောင်း​သည့်​အလျောက်​၊ မကောင်း​လျှင်​မကောင်း​သည့်​အလျောက် တန်ဖိုးဖြတ်​ရ​မည်​။ ယဇ်ပုရောဟိတ် ဖြတ်​သည့်​တန်ဖိုး​အတိုင်း တည်​စေ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဝတ်​ပြု 27:14
8 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​သည်​တိ​ရစ္ဆာန်​ကို​ပြန်​ဝယ်​ယူ​လို​လျှင် တန်​ဖိုး​အ​ပြင်​နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ်​ဆောင်း ၍​ပေး​ရ​မည်။


မိ​မိ​အိမ်​ကို​ပူ​ဇော်​ဆက်​သ​သော​သူ​သည် အိမ်​ကို​ပြန်​ဝယ်​ယူ​လို​လျှင် တန်​ဖိုး​အ​ပြင် နှစ်​ဆယ်​ရာ​ခိုင်​နှုန်း​ထပ်​ဆောင်း​၍​ပေး​ရ မည်။


ထို​သူ​သည်​မိ​မိ​၏​မြေ​ယာ​ကို ပြန်​လည်​ပေး အပ်​ခြင်း​ဆိုင်​ရာ​နှစ်​ကုန်​ဆုံး​ချိန်​၌​ပူ​ဇော် ဆက်​သ​လျှင် တန်​ဖိုး​အ​ပြည့်​ပေး​ဆောင်​ရ မည်။-


သူ​သည်​မြေ​ယာ​ကို​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင် ရာ​နှစ်​ကုန်​ဆုံး​ပြီး​နောက် တစ်​ချိန်​ချိန်​၌​ပူ​ဇော် ဆက်​သ​လျှင် ယဇ်​ပု​ရော​ဟိတ်​သည်​ရှေ့​လာ​မည့် ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ်​အ​ထိ ကျန် ရှိ​နေ​သေး​သော​နှစ်​အ​ရေ​အ​တွက်​အ​လိုက် တန်​ဖိုး​ငွေ​ကို​လျှော့​၍​သတ်​မှတ်​ရ​မည်။-


ရှေ့​လာ​မည့်​ပြန်​လည်​ပေး​အပ်​ခြင်း​ဆိုင်​ရာ​နှစ် ကျ​ရောက်​သည့်​အ​ခါ​ထို​မြေ​ယာ​သည်​ထာ​ဝ​ရ ဘု​ရား​အား​ပူ​ဇော်​ဆက်​သ​ထား​သော​မြေ ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​အ​မြဲ​ပိုင်​တော်​မူ​၏။ သို့ ဖြစ်​၍​ထို​မြေ​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့် ဆိုင်​သည်။


``ဣ​သ​ရေ​လ​နိုင်​ငံ​တွင်​ငါ့​အား အ​ပြီး အ​ပိုင်​ဆက်​ကပ်​ထား​သ​မျှ​တို့​သည်​သင် တို့​နှင့်​ဆိုင်​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ