အကျွန်ုပ်တို့၏ကျီများသည် လယ်ယာထွက်ကုန် အမျိုးမျိုးတို့ဖြင့် ပြည့်ကြပါစေသော။ အကျွန်ုပ်တို့၏သိုးများသည် အကျွန်ုပ်တို့၏ ကွင်းပြင်များထဲတွင် ထောင်သောင်းမက ပွားများကြပါစေသော။
ဝတ်ပြု 26:5 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် စပျစ်သီးဆွတ်ခူးချိန်အထိ တလင်းနယ်ရလိမ့်မည်။ စိုက်ပျိုးချိန်အထိ စပျစ်သီးဆွတ်ခူးရလိမ့်မည်။ အစားအစာကို ဝစွာစားရ၍ သင်တို့၏ပြည်၌ ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ Common Language Bible အသီးအနှံများလှိုင်လှိုင်ထွက်သဖြင့် သင်တို့ သည်စပါးရိတ်သိမ်း၍မပြီးပြတ်မီ စပျစ်သီး စုသိမ်းချိန်ရောက်လိမ့်မည်။ စပျစ်သီးစုသိမ်း၍ မပြီးပြတ်မီစပါးစိုက်ပျိုးချိန်ရောက်လိမ့်မည်။ သင်တို့သည်ဝစွာစားရ၍ဘေးကင်းလုံခြုံ စွာနေထိုင်ရလိမ့်မည်။ Garrad Bible စ ပါး နယ် ခြင်း သည် စ ပျစ် သီး ဆွတ် ခူး ချိန် တိုင် အောင် လည်း ကောင်း၊ ဆွတ် ခူး ခြင်း သည် မျိုး ကြဲ ချိန် တိုင် အောင် လည်း ကောင်း မီ သ ဖြင့် အ စာ အာ ဟာ ရ ကို ဝ စွာ စား ခွင့် ကိုယ့် ပြည် တွင် လုံ ခြုံ စွာ နေ ထိုင် ခွင့် ရှိ ကြ လိမ့် မည်။ Judson Bible စပါးနင်းနယ်သောအမှုသည်၊ စပျစ်သီးညှစ်ရာကာလတိုင်အောင်လည်းကောင်း၊ စပျစ်သီးညှစ်သောအမှုသည်၊ မျိုးစေ့ကြဲရာ ကာလတိုင်အောင်လည်းကောင်း မီသဖြင့်၊ သင်တို့သည်ဝစွာစား၍၊ ကိုယ်ပြည်၌ဘေးလွတ်လျက် နေရကြလိမ့်မည်။ |
အကျွန်ုပ်တို့၏ကျီများသည် လယ်ယာထွက်ကုန် အမျိုးမျိုးတို့ဖြင့် ပြည့်ကြပါစေသော။ အကျွန်ုပ်တို့၏သိုးများသည် အကျွန်ုပ်တို့၏ ကွင်းပြင်များထဲတွင် ထောင်သောင်းမက ပွားများကြပါစေသော။
အို ဘုရားရှင်၊ ကိုယ်တော်သည် မျိုးဆက်အစဉ်အဆက် အကျွန်ုပ်တို့၏မှီခိုရာဖြစ်တော်မူ၏။
တစ်ဖန် မောရှေက “ထာဝရဘုရားသည် နေဝင်ချိန်၌ သင်တို့စားစရာအသားကိုလည်းကောင်း၊ နံနက်အချိန်၌ လုံလောက်သောမုန့်ကိုလည်းကောင်း ပေးတော်မူမည်။ အကြောင်းမူကား ထာဝရဘုရားထံ သင်တို့ညည်းညူ၍ မြည်တွန်တောက်တီးသောအသံကို ထာဝရဘုရား ကြားတော်မူပြီ။ ငါတို့သည် မည်သူဖြစ်၍နည်း။ သင်တို့မြည်တွန်တောက်တီးသောအသံသည် ငါတို့ကိုဆန့်ကျင်သည်မဟုတ်၊ ထာဝရဘုရားကိုဆန့်ကျင်နေခြင်းပင်ဖြစ်၏”ဟု ဆိုလေ၏။
သို့သော် ငါ့စကားကိုနားထောင်သောသူသည် ဘေးကင်းလုံခြုံစွာနေရ၍ ဘေးအန္တရာယ်ကို မကြောက်ဘဲ အေးချမ်းစွာနေရလိမ့်မည်။”
ထာဝရဘုရား၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၏။ ဖြောင့်မတ်သောသူသည် ထိုရဲတိုက်သို့ပြေးဝင်၍ လုံခြုံစွာနေရ၏။
သင်တို့သည် စိတ်ဆန္ဒအပြည့်အဝဖြင့် နာခံကြလျှင် မြေကြီး၏အကောင်းဆုံးသောအရာကို စားရမည်။
ကိုယ်တော်သည် မြေ၌သင်ကြဲသောမျိုးစေ့အတွက် မိုးကိုရွာစေတော်မူသဖြင့် မြေမှထွက်သောအစားအစာသည် ပေါများကြွယ်ဝမည်။ ထိုနေ့ရက်တွင် သင်၏တိရစ္ဆာန်တို့သည် ကျယ်ပြန့်သောမြက်ခင်းပြင်၌ ကျက်စားကြမည်။
ထိုဘုရင်လက်ထက်၌ ယုဒအမျိုးသည် ကယ်တင်ခြင်းခံရလိမ့်မည်။ အစ္စရေးလူမျိုးသည် ဘေးကင်းလုံခြုံစွာနေထိုင်ရလိမ့်မည်။ ထိုဘုရင်၏နာမကိုကား ‘ငါတို့ကို ဖြောင့်မတ်စေတော်မူသောထာဝရဘုရား’ဟု ခေါ်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုနေ့ရက်တွင် သူတို့ကို တောရိုင်းတိရစ္ဆာန်များ၊ မိုးကောင်းကင်ငှက်များ၊ မြေပေါ်ရှိတွားသွားသောသတ္တဝါများနှင့် ပဋိညာဉ်ဖွဲ့စေမည်။ လေး၊ ဓား၊ စစ်ပွဲတို့ကို မြေပေါ်မှဖယ်ရှားမည်။ သူတို့သည် ဘေးကင်းလုံခြုံစွာအိပ်စက်ခွင့်ရလိမ့်မည်။
သင့်ကိုသစ္စာရှိရှိ လက်ထပ်ယူမည်။ သင်သည်လည်း ထာဝရဘုရားကို သိကျွမ်းရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက မိမိလူမျိုးတော်အား “ကြည့်ရှုလော့။ ငါသည် သင်တို့အား ကောက်ပဲသီးနှံ၊ စပျစ်ဝိုင်အသစ်နှင့်ဆီကို ပေးသနား၍ သင်တို့သည် ဝပြောစွာစားသောက်ရမည်။ သင်တို့ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာဖြစ်စေတော့မည်မဟုတ်။
အို တောတိရစ္ဆာန်တို့၊ မကြောက်ကြနှင့်။ ကန္တာရသည် စိမ်းလန်းသောစားကျက်မြေ ဖြစ်လာမည်။ အပင်များ အသီးသီးမည်။ သဖန်းပင်နှင့် စပျစ်ပင်တို့လည်း အလွန်ဖြစ်ထွန်းကြလိမ့်မည်။
သင်တို့သည် ဝလင်စွာစားရသဖြင့် သင်တို့အဖို့ အံ့ဖွယ်သောအမှုပြုတော်မူသော သင်တို့၏ဘုရားသခင်ထာဝရဘုရား၏နာမတော်ကို သင်တို့ချီးမွမ်းကြလိမ့်မည်။ ငါ၏လူမျိုးတော်သည် ဘယ်သောအခါမျှ အရှက်ကွဲရတော့မည်မဟုတ်။
ထာဝရဘုရားက “ကြည့်ရှုလော့။ ထွန်ယက်သောသူသည် ရိတ်သိမ်းသောသူကိုလည်းကောင်း၊ စပျစ်သီးနင်းနယ်သောသူသည် မျိုးစေ့ကြဲသောသူကိုလည်းကောင်း ကျော်လွန်သွားမည့်နေ့ရက်ရောက်လာလိမ့်မည်။ တောင်များပေါ်တွင် စပျစ်ဝိုင်အသစ်ယိုစီး၍ တောင်ကုန်းရှိသမျှကို ဖုံးလွှမ်းမည့်နေ့ရက်ရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
အို ဂျေရုဆလင်မြို့၊ ဂျေရုဆလင်မြို့၊ ပရောဖက်များကိုသတ်၍ မိမိထံသို့ စေလွှတ်ခြင်းခံရသောသူတို့ကို ခဲနှင့်ပေါက်သတ်သောမြို့၊ ကြက်မသည် မိမိ၏ကြက်ကလေးများကို အတောင်အောက်၌စုသိမ်းသကဲ့သို့ ငါသည် သင်၏သားသမီးတို့ကိုစုသိမ်းရန် ကြိမ်ဖန်များစွာ အလိုရှိခဲ့၏။ သို့သော် သင်သည်အလိုမရှိ။
သို့သော် မိမိအကြောင်းကို သက်သေမခံဘဲနေတော်မူသည်မဟုတ်။ ကိုယ်တော်သည် သင်တို့အတွက် ကောင်းကင်မှမိုးရွာစေတော်မူ၍ အသီးအနှံဖြစ်ထွန်းသော ရာသီတို့ကိုပေးကာ အစာအာဟာရနှင့်ဝမ်းမြောက်ခြင်းတို့ဖြင့် သင်တို့စိတ်နှလုံးကို ပြည့်ဝစေလျက် ကောင်းသောအမှုကို ပြုတော်မူ၏”ဟု အော်ဟစ်ပြောဆိုကြ၏။
သင်တို့၏တိရစ္ဆာန်များအတွက် လယ်ယာ၌ မြက်ပင်ကို ပေါက်စေတော်မူမည်။ သင်တို့သည်လည်း ဝလင်စွာစားရကြမည်။
ဤလောက၌ ချမ်းသာသောသူတို့သည် စိတ်နေမြင့်ခြင်း၊ မမြဲသောစည်းစိမ်များအပေါ်၌ မျှော်လင့်အားထားခြင်းမရှိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံတို့ကို ငါတို့အား ကြွယ်ဝစွာပေးသနားတော်မူသော ဘုရားသခင်အပေါ်၌ မျှော်လင့်အားထားကြရန်လည်းကောင်း၊
သင်တို့သည် နောက်ဆုံးသောကာလ၌ဖော်ပြရန် အသင့်ပြင်ဆင်ထားသောကယ်တင်ခြင်းအတွက် ဘုရားသခင်၏တန်ခိုးတော်၌ ယုံကြည်ခြင်းအားဖြင့် စောင့်ရှောက်ခြင်းကိုခံရကြ၏။