ဝတ်ပြု 26:5 - Common Language Bible5 အသီးအနှံများလှိုင်လှိုင်ထွက်သဖြင့် သင်တို့ သည်စပါးရိတ်သိမ်း၍မပြီးပြတ်မီ စပျစ်သီး စုသိမ်းချိန်ရောက်လိမ့်မည်။ စပျစ်သီးစုသိမ်း၍ မပြီးပြတ်မီစပါးစိုက်ပျိုးချိန်ရောက်လိမ့်မည်။ သင်တို့သည်ဝစွာစားရ၍ဘေးကင်းလုံခြုံ စွာနေထိုင်ရလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible5 စ ပါး နယ် ခြင်း သည် စ ပျစ် သီး ဆွတ် ခူး ချိန် တိုင် အောင် လည်း ကောင်း၊ ဆွတ် ခူး ခြင်း သည် မျိုး ကြဲ ချိန် တိုင် အောင် လည်း ကောင်း မီ သ ဖြင့် အ စာ အာ ဟာ ရ ကို ဝ စွာ စား ခွင့် ကိုယ့် ပြည် တွင် လုံ ခြုံ စွာ နေ ထိုင် ခွင့် ရှိ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible5 စပါးနင်းနယ်သောအမှုသည်၊ စပျစ်သီးညှစ်ရာကာလတိုင်အောင်လည်းကောင်း၊ စပျစ်သီးညှစ်သောအမှုသည်၊ မျိုးစေ့ကြဲရာ ကာလတိုင်အောင်လည်းကောင်း မီသဖြင့်၊ သင်တို့သည်ဝစွာစား၍၊ ကိုယ်ပြည်၌ဘေးလွတ်လျက် နေရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 သင်တို့သည် စပျစ်သီးဆွတ်ခူးချိန်အထိ တလင်းနယ်ရလိမ့်မည်။ စိုက်ပျိုးချိန်အထိ စပျစ်သီးဆွတ်ခူးရလိမ့်မည်။ အစားအစာကို ဝစွာစားရ၍ သင်တို့၏ပြည်၌ ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
တစ်ဖန်မောရှေက``ထာဝရဘုရားသည်သင် တို့၏အပြစ်တင်ညည်းညူသံကိုကြားတော် မူသဖြင့် သင်တို့စားရန်ညနေတွင်အသား ကိုလည်းကောင်း၊ နံနက်တွင်လိုသမျှမုန့်ကို လည်းကောင်းပေးတော်မူလိမ့်မည်။ သင်တို့သည် ငါတို့အားအပြစ်တင်ညည်းညူကြခြင်း သည်စင်စစ်အားဖြင့်ထာဝရဘုရားအား အပြစ်တင်ညည်းညူကြခြင်းပင်ဖြစ်၏'' ဟုဆိုလေ၏။
ယခုအခါသင်တို့သည်အစာရေစာ အလုံအလောက် ရရှိကြမည်ဖြစ်၍၊ရောင့်ရဲလျက်နေလိမ့်မည်။ သင်တို့သည်မိမိတို့အတွက်အံ့သြဖွယ် အမှုများကိုပြုတော်မူသော၊ ဘုရားသခင်ထာဝရဘုရားအားထောမနာ ပြုကြလိမ့်မည်။ ငါ၏လူမျိုးတော်သည်နောင်ဘယ်အခါ၌မျှ ကဲ့ရဲ့ခြင်းကိုခံရကြတော့မည်မဟုတ်။
``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်တော် မူသောစေတမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မကြီးသည်ကြက်ကလေးများကိုမိမိ ၏အတောင်အောက်တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင့်ကိုယုယပိုက်ထွေးနိုင်ရန်ကြိမ် ဖန်များစွာကြိုးစားခဲ့လေပြီ။ သို့ရာတွင်သင် သည်ငါ့ကိုအခွင့်မပေးခဲ့။-
သို့ရာတွင်ကိုယ်တော်ရှိတော်မူကြောင်းသက် သေခံအထောက်အထားများဖြင့် လူတို့အား အစဉ်ပင်ပြသတော်မူ၏။ ကိုယ်တော်သည် ကောင်းကင်မှမိုးကိုရွာစေလျက်အချိန်တန် လျှင် သီးနှံများကိုဖြစ်ပွားစေတော်မူ၏။ သင် တို့အားအစာအာဟာရကျွေးမွေး၍စိတ် ရွှင်လန်းဝမ်းမြောက်စေတော်မူ၏'' ဟုကြွေး ကြော်လေသည်။-