ငါသည် သင်မှစ၍ နောင်လာမည့် သင့်သားစဉ်မြေးဆက်၏ဘုရားသခင်ဖြစ်မည့်အကြောင်း ငါ၏ပဋိညာဉ်ကို ငါနှင့်သင်ကြား၌လည်းကောင်း၊ နောင်လာမည့် သင့်သားစဉ်မြေးဆက်ကြား၌လည်းကောင်း တည်စေ၍ သူတို့၏မျိုးဆက်အစဉ်အဆက်တို့၌ ထာဝရပဋိညာဉ်ဖြစ်စေမည်။
ဝတ်ပြု 26:44 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြစ်၍ ရန်သူတို့၏ပြည်၌ သူတို့နေကြရသော်လည်း ငါသည် သူတို့ကိုဖျက်ဆီးသည်အထိ၊ သူတို့နှင့်ဖွဲ့ခဲ့သောငါ၏ပဋိညာဉ်ကို ချိုးဖောက်ရသည်အထိ သူတို့ကို ငါငြင်းပယ်မည်မဟုတ်၊ ရွံရှာမည်မဟုတ်။ အကြောင်းမူကား ငါသည် သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ Common Language Bible သို့ရာတွင်ယင်းသို့ဖြစ်စေကာမူသူတို့သည် ရန်သူ၏ပြည်တွင်နေထိုင်ရစဉ် ငါသည်သူတို့ ကိုအပြီးအပိုင်စွန့်ပစ်မည်မဟုတ်။ ဖျက်ဆီး ပစ်မည်လည်းမဟုတ်။ အကယ်၍ငါသည်သင် တို့ကိုအပြီးအပိုင်စွန့်ပစ်ပါမူ ငါနှင့်သူတို့ ပြုသောပဋိညာဉ်သည်ပျက်ပြယ်လိမ့်မည်။ ငါ သည်သူတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူ၏။- Garrad Bible ထို မျှ လောက် ပြစ် မှား ကြ သော် လည်း သူ တို့ ဘု ရား သ ခင် ထာ ရ ဘု ရား ဖြစ် သော ကြောင့် ငါ သည် ပ ဋိ ညာဥ် တော် ကို ဖျက်၍ သူ တို့ ကို ကုန် ခမ်း စေ ခြင်း ငှါ၊ ရန် သူ တို့ ပြည် တွင် နေ သော သူ တို့ ကို စွန့် ပယ် ခြင်း ငှါ၊ ရန် သူ တို့ ပြည် တွင် နေ သော သူ တို့ ကို စွန့် ပယ် ခြင်း၊ စက် ဆုပ် ခြင်း မ ပြု ဘဲ၊ Judson Bible သို့ရာတွင် ရန်သူပြည်၌နေကြသောအခါ၊ သူတို့ကိုရှင်းရှင်းဖျက်ဆီး၍၊ သူတို့နှင့် ငါပြုသောပဋိညာဉ်ကို ပယ်သည်တိုင်အောင် သူတို့ကိုငါမစွန့်ပစ်၊ မရွံရှာ။ ငါသည် သူတို့၏ဘုရားခင်ထာဝရဘုရားဖြစ်၏။ |
ငါသည် သင်မှစ၍ နောင်လာမည့် သင့်သားစဉ်မြေးဆက်၏ဘုရားသခင်ဖြစ်မည့်အကြောင်း ငါ၏ပဋိညာဉ်ကို ငါနှင့်သင်ကြား၌လည်းကောင်း၊ နောင်လာမည့် သင့်သားစဉ်မြေးဆက်ကြား၌လည်းကောင်း တည်စေ၍ သူတို့၏မျိုးဆက်အစဉ်အဆက်တို့၌ ထာဝရပဋိညာဉ်ဖြစ်စေမည်။
သို့သော် ထာဝရဘုရားသည် သူတို့ကို သနားတော်မူ၏။ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကြောင့် သူတို့ကို သနားစုံမက်၍ ကြည့်ရှုတော်မူ၏။ သူတို့ကို မဖျက်ဆီးလိုသောကြောင့် ယနေ့တိုင်အောင် သူတို့ကို ရှေ့တော်မှ မဖယ်ရှားဘဲနေတော်မူ၏။
သူတို့သည် ကိုယ်တော်၏စကားကို နားမထောင်။ သူတို့အလယ်တွင် ပြုတော်မူသော အံ့ဖွယ်အမှုတို့ကိုမအောက်မေ့ဘဲ ခေါင်းမာလျက် ကိုယ်တော်ကို ပုန်ကန်ကြ၍ ကျွန်ခံရာပြည်သို့ပြန်ရန် ခေါင်းဆောင်ကိုခန့်ထားကြ၏။ သို့သော် ကိုယ်တော်သည် ခွင့်လွှတ်တတ်သော၊ ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာတော်ကြီးမားသောဘုရားဖြစ်တော်မူ၍ သူတို့ကိုစွန့်ပစ်တော်မမူခဲ့။
သို့သော် ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သောဘုရားဖြစ်တော်မူ၍ မေတ္တာကရုဏာတော်ကြီးမားသောကြောင့် သူတို့ကို အဆုံးတိုင် မဖျက်ဆီးခဲ့။ သူတို့ကို စွန့်ပစ်တော်မမူခဲ့။
ဖခင်သည် မိမိ၏သားသမီးများကို သနားစုံမက်သကဲ့သို့ ထာဝရဘုရားသည် မိမိအားကြောက်ရွံ့သောသူတို့ကို သနားစုံမက်တော်မူ၏။
သို့သော် ငါ၏မေတ္တာကရုဏာကို သူ့ထံမှဖယ်ရှားမည်မဟုတ်။ ငါ၏သစ္စာကိုလည်း ဖောက်ဖျက်မည်မဟုတ်။
အကြောင်းမူကား ထာဝရဘုရားသည် မိမိလူမျိုးတော်ကို ပစ်ပယ်တော်မူမည်မဟုတ်။ မိမိ၏အမွေတော်ကိုလည်း စွန့်ပစ်တော်မူမည်မဟုတ်။
ကိုယ်တော်၏နာမကိုထောက်၍ အကျွန်ုပ်တို့ကို ပစ်ပယ်တော်မမူပါနှင့်။ ကိုယ်တော်၏ဘုန်းအသရေပလ္လင်တော်ကို အသရေဖျက်တော်မမူပါနှင့်။ အကျွန်ုပ်တို့နှင့်ဖွဲ့သော ကိုယ်တော်၏ပဋိညာဉ်ကို အောက်မေ့တော်မူပါ၊ ပယ်ဖျက်တော်မမူပါနှင့်။
“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ယုဒပြည်မှ ခါလဒဲပြည်သို့ ငါပို့လိုက်သော၊ ယုဒပြည်မှ ဖမ်းခေါ်သွားခြင်းခံရသောသူတို့သည် ဤကောင်းသောသဖန်းသီးများကဲ့သို့ ဖြစ်ကြ၏။ သူတို့ကို ကောင်းသောသူများအဖြစ် ငါမှတ်ယူမည်။
ထာဝရဘုရားက “ငါသည် သင်နှင့်အတူရှိမည်။ သင့်ကိုကယ်တင်မည်။ သင့်ကို ငါကွဲလွင့်စေရာအရပ်ရပ်ရှိ လူမျိုးအားလုံးကို သုတ်သင်ဖျက်ဆီးမည်။ သင့်ကို ငါသုတ်သင်ဖျက်ဆီးမည်မဟုတ်သော်လည်း အပြစ်မပေးဘဲမနေ။ သင့်ကို တရားမျှတစွာဆုံးမမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ဧဖရိမ်သည် ငါချစ်သောသား၊ ငါမြတ်နိုးသောသားလေးဖြစ်သည်မဟုတ်လော။ ငါသည် သူ့ကို အပြစ်တင်ပြောဆိုလေတိုင်း သူ့ကို အစဉ်သတိရလျက်ရှိပါ၏။ ထို့ကြောင့် သူ့အတွက် စိုးရိမ်ပူပန်၏။ သူ့ကို အလွန်သနား၏”ဟု မိန့်တော်မူ၏။
ယာကုပ်အမျိုးအနွယ် ငါ့အစေအပါးဒါဝိဒ်ကို ငါစွန့်ပယ်မည်။ အာဗြဟံ၊ ဣဇက်၊ ယာကုပ်အမျိုးအနွယ်တို့ကို အုပ်စိုးမည့်သူကိုလည်း သူတို့ထဲမှ ငါပေါ်ထွန်းစေမည်မဟုတ်။ အကယ်စင်စစ် ဖမ်းခေါ်သွားခြင်းခံရသူတို့ကို ငါပြန်လာစေမည်၊ သနားစုံမက်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
‘သို့သော် သင်ငယ်စဉ်က သင်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို အောက်မေ့၍ ငါသည် သင်နှင့် ထာဝရပဋိညာဉ်ဖွဲ့မည်။
ငါကိန်းဝပ်တော်မူရာတဲတော်ကို သင်တို့အလယ်၌ ငါထားမည်။ ငါသည် သင်တို့ကိုရွံရှာမည်မဟုတ်။
ဘုရားသခင်သည် သိထားနှင့်တော်မူသော မိမိ၏လူမျိုးတော်ကို ပစ်ပယ်တော်မမူ။ ပရောဖက်ဧလိယက အစ္စရေးလူမျိုးကို ဘုရားသခင်ထံ တိုင်ကြားသောအခါ ကျမ်းစာ၌ ထိုအကြောင်းနှင့်ပတ်သက်၍ မည်သို့ဆိုထားသည်ကို သင်တို့မသိကြသလော။
ဤသို့ဖြင့် အစ္စရေးလူမျိုးတစ်မျိုးလုံးသည် ကယ်တင်ခြင်းခံရမည်ဟူ၍ဖြစ်၏။ “ကယ်နုတ်သောအရှင်သည် ဇိအုန်မှကြွလာပြီး ယာကုပ်၏အမျိုးအနွယ်ထဲမှ ဘုရားတရားမဲ့ခြင်းများကို ဖယ်ရှားတော်မူလိမ့်မည်။
ထာဝရဘုရား၏ကောင်းကင်တမန်သည် ဂိလဂါလမြို့မှ ဗောခိမ်မြို့သို့တက်လာ၍ “ငါသည် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ပြီး သင်တို့ဘိုးဘေးတို့အား ဤပြည်ကိုပေးမည်ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း ဤပြည်သို့ သင်တို့ကိုပို့ဆောင်ခဲ့၏။ ‘သင်တို့နှင့်ဖွဲ့ခဲ့သောငါ၏ပဋိညာဉ်ကို ငါချိုးဖောက်မည်မဟုတ်။