သင်ပိုင်သော ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့သည် သင်တို့ဝန်းကျင်၌ရှိသောလူမျိုးခြားတို့ထဲမှဖြစ်ရမည်။ ထိုသူတို့ထဲမှ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို သင်တို့ ဝယ်ယူရမည်။
ဝတ်ပြု 25:45 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် သင်တို့ထံ၌ တည်းခိုနေထိုင်သောဧည့်သည်တို့၏သားသမီးများထဲမှလည်းကောင်း၊ သင်တို့ပြည်၌မွေးဖွား၍ သင်တို့နှင့်အတူနေထိုင်သည့် သူတို့၏မျိုးနွယ်စုထဲမှလည်းကောင်း သင်တို့ဝယ်ယူခွင့်ရှိ၏။ ထိုသူတို့သည် သင်တို့၏အပိုင်ဖြစ်ရမည်။ Common Language Bible သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြား တို့၏သားသမီးများကိုလည်းဝယ်ယူနိုင် သည်။ သင်တို့၏ပြည်တွင်မွေးဖွားသောယင်း ကလေးများကိုသင်တို့ဝယ်ယူနိုင်သည်။- Garrad Bible နေ ပြည် တွင် ပေါက် ဖွား သော ချင်း တို့ သား သ မီး အ နက် လည်း ကောင်း၊ ကျွန် ယောက်ျား၊ ကျွန် မိန်း မ များ ကို အ ပိုင် ဝယ်၍ သား စဉ် မြေး ဆက် လည်း ကျွန် ပိုင် မြေ အ ဖြစ် ဖြင့် ကာ လ အ စဉ် အ ဆက် ခံ ရ ကြ မည်။ Judson Bible ထိုမှတစ်ပါး၊ သင်တို့တွင်တည်းနေသော တစ်ကျွန်းတစ်နိုင်ငံသားတို့ကိုလည်းကောင်း၊ သင်တို့ပြည်၌ သူတို့ရသောသားသမီးများကိုလည်းကောင်း ဝယ်၍ပိုင်ရမည်။ |
သင်ပိုင်သော ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့သည် သင်တို့ဝန်းကျင်၌ရှိသောလူမျိုးခြားတို့ထဲမှဖြစ်ရမည်။ ထိုသူတို့ထဲမှ ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကို သင်တို့ ဝယ်ယူရမည်။
သင်တို့သည် ထိုသူတို့ကို နောင်လာမည့်သင်တို့၏သားမြေးတို့ ပိုင်ဆိုင်သောအမွေအဖြစ် ချန်ထားခဲ့နိုင်၏။ ထိုသူတို့ကို တစ်သက်လုံးကျွန်ပြုခွင့်ရှိ၏။ သို့သော် သင်တို့၏အမျိုးသားချင်းဖြစ်သော အစ္စရေးအမျိုးသားတို့သည် အချင်းချင်းတစ်ဦးအပေါ်တစ်ဦး ရက်စက်ကြမ်းတမ်းစွာမအုပ်စိုးရ။