လေဝိအမျိုးတို့ပိုင်သောမြို့များရှိ သူတို့၏အိမ်များကိုကား လေဝိအမျိုးတို့သည် ရွေးနုတ်ခွင့်အစဉ်အမြဲရှိ၏။
လေဝိအနွယ်ဝင်တို့သည်မိမိတို့နေထိုင် ရာသတ်မှတ်ထားသောမြို့များတွင်မိမိ တို့ရောင်းပြီးသောအိမ်များကိုအချိန် မရွေးပြန်၍ဝယ်ယူခွင့်ရှိသည်။-
သို့ ရာ တွင် လေ ဝိ ဂိုဏ်း သား ဝ တ္ထု ကံ မြို့ ရှိ တိုက် အိမ် များ ကို အ ခါ ခပ် သိမ်း ပင် ဂိုဏ်း သား တို့ ရွေး နုတ် ပိုင် ခွင့် ရှိ ၏။
သို့ရာတွင် လေဝိသားပိုင်သောမြို့နှင့် မြို့အိမ်တို့ကို၊ အဘယ်ကာလအချိန်မဆိုဘဲ ရွေးနုတ်ရသောအခွင့်ရှိ၏။
မြို့ပြတစ်မြို့စီနှင့် ဝန်းကျင်ရှိစားကျက်မြေများတွင် နေထိုင်ကြသော အာရုန်သားမြေးယဇ်ပုရောဟိတ်များထဲမှ နာမည်နှင့်တကွ ခွဲခန့်ထားသော ယောက်ျားတို့သည် ယဇ်ပုရောဟိတ်အမျိုးယောက်ျားသားအားလုံးနှင့် လေဝိအမျိုးစာရင်းဝင်သူအားလုံးတို့ကို ဝေစုခွဲဝေပေးရ၏။
ဤမြေသည် ထာဝရဘုရားအဖို့ သန့်ရှင်းသောမြေဖြစ်သောကြောင့် သူတို့သည် ဤအကောင်းဆုံးမြေကို မရောင်းရ၊ အလဲအလှယ်မလုပ်ရ၊ အခြားသူလက်သို့ မလွှဲပြောင်းရ။
သို့သော် တံတိုင်းမခတ်ထားသောရွာရှိ နေအိမ်များကို လယ်ယာကဲ့သို့သတ်မှတ်ရမည်။ သူသည် နေအိမ်ကို ရွေးနုတ်ခွင့်ရှိ၏။ မင်္ဂလာရတုနှစ်ရောက်သောအခါ သူသည် အိမ်ကို ပြန်လည်ရရှိမည်။
တစ်စုံတစ်ယောက်သည် လေဝိအမျိုးတို့ထံမှအိမ်ကိုဝယ်ယူလျှင် လေဝိအမျိုးတို့ပိုင်ဆိုင်ရာမြို့ရှိ ထိုရောင်းထားသောအိမ်ကို မင်္ဂလာရတုနှစ်ရောက်သောအခါ ပြန်ပေးရမည်။ အကြောင်းမူကား အစ္စရေးအမျိုးသားတို့တွင် လေဝိအမျိုးတို့ပိုင်သောမြို့များရှိ အိမ်များသည် သူတို့၏အပိုင်ဖြစ်၏။