ရောင်းသောသူသည် အသက်ရှင်မည်ဆိုလျှင်လည်း မိမိရောင်းလိုက်သောပစ္စည်းကို ပြန်ရမည်မဟုတ်။ လူထုတစ်ရပ်လုံးနှင့်ဆိုင်သော ဗျာဒိတ်နိမိတ်သည် ပြန်လှည့်သွားမည်မဟုတ်။ လူတိုင်း အပြစ်ပြုကြသောကြောင့် ဆက်၍အသက်ရှင်နေနိုင်မည်မဟုတ်။
ဝတ်ပြု 25:31 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် တံတိုင်းမခတ်ထားသောရွာရှိ နေအိမ်များကို လယ်ယာကဲ့သို့သတ်မှတ်ရမည်။ သူသည် နေအိမ်ကို ရွေးနုတ်ခွင့်ရှိ၏။ မင်္ဂလာရတုနှစ်ရောက်သောအခါ သူသည် အိမ်ကို ပြန်လည်ရရှိမည်။ Common Language Bible မြို့ရိုးမရှိသောကျေးရွာများ၌ရှိသည့် အိမ်များကိုရောင်းဝယ်ရာတွင်လယ်ယာ များကိုရောင်းဝယ်သည့်နည်းအတိုင်းလိုက် နာရမည်။ ပြန်လည်ပေးအပ်ခြင်းဆိုင်ရာ နှစ်တွင်ထိုအိမ်ကိုမူလပိုင်ရှင်အားပြန် ပေးရမည်။- Garrad Bible မြို့ ရိုး မဲ့ တော ရွာ ရှိ တိုက် အိမ် ကို မူ ကား လယ် ယာ ကဲ့ သို့ မှတ် ယူ သည့် အ လျောက် ရွေး နုတ် နိုင် ခွင့် ရှိ လျက် မင်္ဂ လာ နှစ် တွင် လက် လွတ် ရ မည်။ Judson Bible မြို့ရိုးမရှိ၊ ရွာ၌ရှိသောအိမ်ကို လယ်ယာကဲ့သို့မှတ်၍ ရွေးနုတ်ရသော အခွင့်ရှိ၏။ ယုဘိလနှစ်ရောက်သောအခါ လက်လွှတ်ရမည်။ |
ရောင်းသောသူသည် အသက်ရှင်မည်ဆိုလျှင်လည်း မိမိရောင်းလိုက်သောပစ္စည်းကို ပြန်ရမည်မဟုတ်။ လူထုတစ်ရပ်လုံးနှင့်ဆိုင်သော ဗျာဒိတ်နိမိတ်သည် ပြန်လှည့်သွားမည်မဟုတ်။ လူတိုင်း အပြစ်ပြုကြသောကြောင့် ဆက်၍အသက်ရှင်နေနိုင်မည်မဟုတ်။
သူသည် တစ်နှစ်ပြည့်သွားသည်အထိ မရွေးနုတ်လျှင် တံတိုင်းခတ်ထားသောမြို့ထဲရှိ အိမ်ကိုဝယ်သူသည် မျိုးဆက်အစဉ်အဆက် အမြဲပိုင်ရမည်။ မင်္ဂလာရတုနှစ်ရောက်သော်လည်း အိမ်ကို ပြန်ပေးရမည်မဟုတ်။
လေဝိအမျိုးတို့ပိုင်သောမြို့များရှိ သူတို့၏အိမ်များကိုကား လေဝိအမျိုးတို့သည် ရွေးနုတ်ခွင့်အစဉ်အမြဲရှိ၏။