ဝတ်ပြု 25:30 - မြန်မာ့စံမီသမ္မာကျမ်း30 သူသည် တစ်နှစ်ပြည့်သွားသည်အထိ မရွေးနုတ်လျှင် တံတိုင်းခတ်ထားသောမြို့ထဲရှိ အိမ်ကိုဝယ်သူသည် မျိုးဆက်အစဉ်အဆက် အမြဲပိုင်ရမည်။ မင်္ဂလာရတုနှစ်ရောက်သော်လည်း အိမ်ကို ပြန်ပေးရမည်မဟုတ်။ အခန်းကိုကြည့်ပါ။Common Language Bible30 သို့ရာတွင်တစ်နှစ်အတွင်းအိမ်ကိုပြန်၍မ ဝယ်ယူလျှင် နောက်တစ်ဖန်ပြန်လည်ဝယ်ယူ ခွင့်မရှိသည့်အပြင်ဝယ်ယူသူနှင့်သူ၏ အဆက်အနွယ်တို့သည်ထိုအိမ်ကိုအမြဲ ပိုင်စေရမည်။ ပြန်လည်ပေးအပ်ခြင်းဆိုင်ရာ နှစ်တွင်ထိုအိမ်ကိုမူလပိုင်ရှင်အားပြန် မပေးရ။- အခန်းကိုကြည့်ပါ။Garrad Bible30 တစ် နှစ် အ တွင်း မ ရွေး လျှင် ထို တိုက် အိမ် သည် ဝယ် သူ့ အ မျိုး အ စဉ် အ ဆက် အ ဆုံး ပိုင် ဖြစ် လိမ့် မည်။ မင်္ဂ လာ နှစ်၌ လက် မ လွတ် ရ။ အခန်းကိုကြည့်ပါ။Judson Bible30 တစ်နှစ်အတွင်းတွင် မရွေးနုတ်လျှင်၊ ထိုအိမ်ကိုဝယ်သောသူမှစ၍ သားစဉ်မြေးဆက်တို့သည် အမြဲပိုင်ရကြမည်။ ယုဘိလနှစ်ရောက်သော်လည်း လက်မလွှတ်ရ။ အခန်းကိုကြည့်ပါ။ |