အကြောင်းမူကား အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက နောင်တွင် ဤပြည်၌ အိမ်များ၊ လယ်ယာများ၊ စပျစ်ခြံများကို ဝယ်ကြလိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ငါပြော၏။
ဝတ်ပြု 25:28 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ပြန်ပေးရန် ငွေအလုံအလောက်မရှိလျှင် သူရောင်းထားသောမြေသည် မင်္ဂလာရတုနှစ်အထိ ဝယ်သူ၏လက်ထဲ၌ ရှိနေရမည်။ မင်္ဂလာရတုနှစ်၌ သူသည် မြေကိုပြန်ရသဖြင့် သူသည်မိမိပိုင်သောမြေသို့ ပြန်သွားခွင့်ရှိမည်။ Common Language Bible အကယ်၍သူသည်မြေကိုပြန်ဝယ်ယူရန် ငွေမရှိလျှင် ထိုမြေသည်ရှေ့လာမည့်ပြန် လည်ပေးအပ်ခြင်းဆိုင်ရာနှစ်အထိဝယ်သူ ၏လက်ဝယ်ရှိစေရမည်။ ထိုနှစ်၌ယင်းမြေ ကိုမူလပိုင်ရှင်အားပြန်ပေးရမည်။ Garrad Bible မ လုံ လောက် လျှင် မူ ကား၊ ရောင်း ပြီး သော မြေ ကို မင်္ဂ လာ နှစ် တိုင် အောင် ဝယ် သူ့ လက် တွင် ရပ် နား စေ ပြီး မှ မင်္ဂ လာ နှစ် လက် လွတ် သ ဖြင့် ပိုင် ရင်း မြေ သို့ ပြန် နေ ခွင့် ရှိ လိမ့် မည်။ Judson Bible ပြန်၍မပေးနိုင်လျှင် ရောင်းခဲ့သောဥစ္စာကို ယုဘိလနှစ်တိုင်အောင် ဝယ်သောသူလက်၌ ရှိစေရမည်။ ယုဘိလနှစ်တွင် လက်လွှတ်၍ အရှင်ဟောင်းလက်သို့ ရောက်စေရမည်။ |
အကြောင်းမူကား အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက နောင်တွင် ဤပြည်၌ အိမ်များ၊ လယ်ယာများ၊ စပျစ်ခြံများကို ဝယ်ကြလိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ငါပြော၏။
သင်တို့သည် ငါးဆယ်မြောက်နှစ်ကို သန့်ရှင်းစေ၍ ထိုပြည်၌နေထိုင်သောသူအပေါင်းတို့ လွတ်လပ်ခွင့်ရကြောင်း တစ်ပြည်လုံးကြေညာရမည်။ ထိုနှစ်သည် သင်တို့အဖို့ မင်္ဂလာရတုနှစ်ဖြစ်၍ သင်တို့အသီးသီး မိမိပိုင်ဆိုင်ရာမြေသို့လည်းကောင်း၊ မိမိမျိုးနွယ်စုထံသို့လည်းကောင်း ပြန်ရမည်။
တစ်စုံတစ်ယောက်သည် တံတိုင်းခတ်ထားသောမြို့ထဲရှိ နေအိမ်ကို ရောင်းလျှင် ရောင်းသောနေ့မှ တစ်နှစ်အတွင်း ရွေးနုတ်ခွင့်ရှိ၏။ ထိုအချိန်အတွင်း ရွေးနုတ်ရမည်။
သူသည် တစ်နှစ်ပြည့်သွားသည်အထိ မရွေးနုတ်လျှင် တံတိုင်းခတ်ထားသောမြို့ထဲရှိ အိမ်ကိုဝယ်သူသည် မျိုးဆက်အစဉ်အဆက် အမြဲပိုင်ရမည်။ မင်္ဂလာရတုနှစ်ရောက်သော်လည်း အိမ်ကို ပြန်ပေးရမည်မဟုတ်။
ထို့နောက်တွင် သူသည် မိမိသားသမီးများနှင့်တကွ သင့်ထံမှထွက်သွား၍ မိမိမျိုးနွယ်စုရှိရာသို့ပြန်သွားရမည်။ မိမိဘိုးဘေးတို့ပိုင်ဆိုင်ရာမြေသို့ ပြန်သွားရမည်။
မင်္ဂလာရတုနှစ်ရောက်သောအခါ ထိုလယ်ယာကို ရောင်းခဲ့သူ မူလမြေပိုင်ရှင်အား ပြန်ပေးရမည်။