သင်၏အမျိုးသားချင်းတစ်ဦးသည် ဆင်းရဲသွား၍ သူ့လက်ဝယ်ရှိမြေအချို့ကို ရောင်းလျှင် ရွေးနုတ်ခွင့်ရှိသော သူ၏ဆွေမျိုးသားချင်းသည်လာ၍ သူရောင်းသောမြေကို ရွေးနုတ်ရမည်။
ဝတ်ပြု 25:26 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူ၌ ရွေးနုတ်ပေးမည့်သူ မရှိဘဲ သူသည် ကြီးပွားလာ၍ သူ့မြေကို ပြန်ရွေးနုတ်ရန် ငွေအလုံအလောက်ရှိလျှင် Common Language Bible ထိုမြေကိုပြန်၍ဝယ်ယူမည့်ဆွေမျိုးသား ချင်းမရှိသော် ပိုင်ရှင်သည်နောင်အခါ၌ ငွေ ကြေးတတ်နိုင်သောအခါကိုယ်တိုင်မြေကို ပြန်၍ဝယ်ယူနိုင်စေရမည်။- Garrad Bible ရွေး ပိုင် သူ မ ရှိ သော် လည်း ကိုယ် တိုင် ရွေး လောက် အောင် ရ တတ် က၊ Judson Bible ထိုမြေကို ရွေးနုတ်သောသူတစ်ယောက်မျှ မပေါ်မရှိ၍၊ မြေရှင်ဟောင်းသည် ကိုယ်တိုင်ရွေးနုတ်နိုင်လျှင်၊ |
သင်၏အမျိုးသားချင်းတစ်ဦးသည် ဆင်းရဲသွား၍ သူ့လက်ဝယ်ရှိမြေအချို့ကို ရောင်းလျှင် ရွေးနုတ်ခွင့်ရှိသော သူ၏ဆွေမျိုးသားချင်းသည်လာ၍ သူရောင်းသောမြေကို ရွေးနုတ်ရမည်။
သူသည် မိမိရောင်းထားသောနှစ်ကိုတွက်၍ လိုငွေကို ဝယ်သူအား ပေးပြီးမှ မိမိပိုင်သောမြေသို့ ပြန်သွားခွင့်ရှိမည်။
သူ၏ဘကြီးဖြစ်စေ၊ သူ့ဘကြီး၏သားဖြစ်စေ သူ့ကို ရွေးနုတ်ရမည်။ သို့မဟုတ် သူ၏မျိုးနွယ်စုထဲမှ သူနှင့်သွေးသားတော်စပ်သူတစ်ယောက်ယောက်က သူ့ကို ရွေးနုတ်ရမည်။ သို့မဟုတ် သူကိုယ်တိုင်ကြီးပွားသောအခါ သူ့ကိုယ်သူ ရွေးနုတ်ရမည်။
သူသည် သိုးသငယ်ကို ပူဇော်ရန်မတတ်နိုင်လျှင် သူကျူးလွန်မိခဲ့သောအပြစ်အတွက် အပြစ်ဒဏ်ဖြေရာယဇ်အဖြစ် ချိုးငှက်နှစ်ကောင်၊ သို့မဟုတ် ခိုငယ်နှစ်ကောင်ကို ထာဝရဘုရားထံသို့ ယူဆောင်လာရမည်။ တစ်ကောင်သည် အပြစ်ဖြေရာယဇ်အတွက်ဖြစ်ပြီး ကျန်တစ်ကောင်သည် မီးရှို့ရာယဇ်အတွက်ဖြစ်၏။