ဝတ်ပြု 25:25 - မြန်မာ့စံမီသမ္မာကျမ်း သင်၏အမျိုးသားချင်းတစ်ဦးသည် ဆင်းရဲသွား၍ သူ့လက်ဝယ်ရှိမြေအချို့ကို ရောင်းလျှင် ရွေးနုတ်ခွင့်ရှိသော သူ၏ဆွေမျိုးသားချင်းသည်လာ၍ သူရောင်းသောမြေကို ရွေးနုတ်ရမည်။ Common Language Bible ဣသရေလအမျိုးသားချင်းတစ်ဦးသည် ဆင်းရဲနွမ်းပါးသဖြင့် မိမိ၏မြေကိုရောင်း ချရလျှင် သူနှင့်အနီးစပ်ဆုံးဆွေမျိုးသား ချင်းကထိုမြေကိုပြန်၍ဝယ်ယူရမည်။- Garrad Bible ဆွေ မျိုး သား ချင်း တစ် ဦး သည် ဆင်း ရဲ၍ ပိုင် မြေ အ ချို့ ကို ရောင်း စား ရ လျှင် နီး စပ် သူ အ မွေ ဆိုင် သည် ရောင်း ပြီး မြေ ကို ရွေး ပိုင် ခွင့် ရှိ လိမ့် မည်။ Judson Bible သင်၏အမျိုးသားချင်းသည်ဆင်းရဲ၍၊ မိမိပိုင်သောမြေကိုရောင်းလျှင်လည်းကောင်း၊ သူ၏ပေါက်ဖော်တစ်စုံတစ်ယောက်သည် ဝယ်ခြင်းငှာလာလျှင်လည်းကောင်း၊ မိမိပေါက်ဖော် ရောင်းသောဥစ္စာကို ရွေးနုတ်ရသောအခွင့်ရှိရမည်။ |
ထိုသူ၌ ရွေးနုတ်ပေးမည့်သူ မရှိဘဲ သူသည် ကြီးပွားလာ၍ သူ့မြေကို ပြန်ရွေးနုတ်ရန် ငွေအလုံအလောက်ရှိလျှင်
အကယ်၍ သင်နှင့်အတူနေထိုင်သည့် တိုင်းတစ်ပါးသားဧည့်သည်သည် ကြီးပွား၍ သူနှင့်အတူနေထိုင်သည့် သင်၏အမျိုးသားချင်းသည် ဆင်းရဲသွားသဖြင့် သူသည် သင်နှင့်အတူနေထိုင်သည့်တိုင်းတစ်ပါးသားဧည့်သည်ထံ၌ဖြစ်စေ၊ တိုင်းတစ်ပါးသား၏မျိုးနွယ်စုဝင်ထံ၌ဖြစ်စေ သူ့ကိုယ်သူရောင်းလျှင်
မိမိပိုင်သောလယ်ယာထဲမှမဟုတ်၊ မိမိဝယ်ထားသောလယ်ယာထဲမှ ထာဝရဘုရားအား ဆက်ကပ်လိုလျှင်
အကြောင်းမူကား သင်တို့သည် ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်ကိုသိကြ၏။ ကိုယ်တော်သည် ကြွယ်ဝသော်လည်း သူ၏ဆင်းရဲခြင်းအားဖြင့် သင်တို့ကြွယ်ဝကြမည့်အကြောင်း သင်တို့အတွက် ဆင်းရဲခြင်းကိုခံတော်မူ၏။
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး
ထိုအခါ နောမိက သူ့ချွေးမအား “အသက်ရှင်သောသူ၊ သေသောသူတို့ကို မေတ္တာကရုဏာအစဉ်ထားတော်မူသော ထာဝရဘုရားသည် သူ့ကို ကောင်းချီးပေးပါစေသော။ သူသည် ငါတို့နှင့် ဆွေးမျိုးနီးစပ်သူ၊ ငါတို့ကို ရွေးနုတ်ခွင့်ရှိသူ ဖြစ်၏”ဟု ဆို၏။
ငါသည် ရွေးနုတ်ခွင့်ရှိသူ မှန်သော်လည်း ငါ့ထက် ပို၍ရွေးနုတ်ခွင့်ရှိသူတစ်ဦး ရှိသေး၏။
သင်သွား၍အလုပ်အတူတူလုပ်ခဲ့သောအစေအပါးတို့၏သခင် ဗောဇသည် ငါတို့၏ဆွေမျိုးသားချင်း မဟုတ်လော။ ယခုည သူသည် တလင်းပြင်တွင် မုယောစပါးလာလှေ့လိမ့်မည်။
ထို့ကြောင့် ဗောဇက “သင် မည်သူနည်း”ဟု မေးရာ ရုသက “အကျွန်ုပ်သည် သခင့်ကျွန်မ ရုသ ဖြစ်ပါ၏။ သခင်သည် အကျွန်ုပ်ကို ရွေးနုတ်ခွင့်ရှိသူဖြစ်သောကြောင့် သခင်၏ဝတ်လုံစွန်းဖြင့် သခင့်ကျွန်မကို လွှမ်းခြုံပေးပါတော့”ဟု ဆို၏။
ထိုအခါ ဗောဇက ရွေးနုတ်ခွင့်ရှိသောသူအား “မောဘပြည်မှ ပြန်လာသော နောမိသည် ငါတို့၏ညီအစ်ကိုဧလိမလက် ပိုင်သောမြေတစ်ကွက်ကို ရောင်းလိုသည်ဖြစ်၍