သင်တို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကို လိုက်နာရမည်။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ထိန်းပြုကျင့်ရမည်။ သို့ပြုလျှင် သင်တို့သည် ငါပေးသောပြည်၌ ဘေးကင်းလုံခြုံစွာနေထိုင်ရမည်။
သင်တို့ဘေးကင်းလုံခြုံစွာနေထိုင်နိုင်ရန် ထာဝရဘုရား၏ပညတ်တော်ရှိသမျှ ကိုစောင့်ထိန်းလော့။-
ငါ့ ထုံး ဖွဲ့ ချက်၊ ဆုံး ဖြတ် ချက် များ ကို စောင့် ရှောက် ပြု ကျင့် လျှင် ကိုယ့် ပြည် တွင် လုံ ခြုံ စွာ နေ ထိုင် ခွင့် ရှိ ကြ လိမ့် မည်။
သင်တို့သည် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို ကျင့်စောင့်လျှင်၊ ထိုပြည်၌ ဘေးလွတ်လျက်နေရကြလိမ့်မည်။
ထာဝရဘုရားက အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘သင့်အရိုက်အရာကိုဆက်ခံပြီး သင့်ရာဇပလ္လင်ပေါ်တွင် ငါစံမြန်းစေမည့် သင့်သားတော်သည် ငါ့နာမအဖို့ အိမ်တော်ကို တည်လိမ့်မည်’ဟု မိန့်မှာခဲ့သည့်အတိုင်း အကျွန်ုပ်သည် အကျွန်ုပ်၏ဘုရားသခင်ထာဝရဘုရား၏နာမတော်အဖို့ အိမ်တော်ကို တည်ဆောက်ရန် ရည်ရွယ်ပါ၏။
ပဋိညာဉ်တော်ကိုစောင့်ထိန်း၍ ဥပဒေသတို့ကို လိုက်နာရန် သတိရသောသူတို့အပေါ်၌လည်းကောင်း တည်၏။
အကျွန်ုပ်သည် ငြိမ်းချမ်းစွာလဲလျောင်း၍ အိပ်ပျော်ပါမည်။ အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်တစ်ပါးတည်းသာလျှင် အကျွန်ုပ်အား ဘေးကင်းလုံခြုံစွာနေထိုင်ရသောအခွင့်ကို ပေးတော်မူပါ၏။
သို့သော် ငါ့စကားကိုနားထောင်သောသူသည် ဘေးကင်းလုံခြုံစွာနေရ၍ ဘေးအန္တရာယ်ကို မကြောက်ဘဲ အေးချမ်းစွာနေရလိမ့်မည်။”
ထိုဘုရင်လက်ထက်၌ ယုဒအမျိုးသည် ကယ်တင်ခြင်းခံရလိမ့်မည်။ အစ္စရေးလူမျိုးသည် ဘေးကင်းလုံခြုံစွာနေထိုင်ရလိမ့်မည်။ ထိုဘုရင်၏နာမကိုကား ‘ငါတို့ကို ဖြောင့်မတ်စေတော်မူသောထာဝရဘုရား’ဟု ခေါ်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့က ‘သင်တို့၏အကျင့်ဆိုး၊ စရိုက်ဆိုးများကိုစွန့်၍ ပြန်လာကြလော့။ သင်တို့နှင့်သင်တို့၏ဘိုးဘေးတို့အား ထာဝရဘုရားပေးတော်မူသောပြည်တွင် ကာလအစဉ်အဆက်နေထိုင်ကြလော့။
ထိုနေ့၌ ယုဒအမျိုးသည် ကယ်တင်ခြင်းခံရလိမ့်မည်။ ဂျေရုဆလင်မြို့သူမြို့သားတို့သည် ဘေးကင်းလုံခြုံစွာနေထိုင်ရလိမ့်မည်။ ထိုမြို့အား ငါတို့ကို ဖြောင့်မတ်စေတော်မူသောထာဝရဘုရားဟူ၍ ခေါ်ဆိုကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သူတို့ပြုခဲ့သောစက်ဆုပ်ရွံရှာဖွယ်အမှုများကြောင့် ထိုပြည်ကို လူသူကင်းမဲ့ရာ၊ ဆိတ်ညံရာဖြစ်စေသောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်ဟူ၍ မိန့်တော်မူ၏’ဟု ဆင့်ဆိုလော့။
သင်သည် ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းရမည်။ အမျိုးမတူသောတိရစ္ဆာန်ကို မိတ်မလိုက်စေရ။ သင်၏လယ်ထဲ၌ အမျိုးမတူသောမျိုးစေ့ကို ရောမကြဲရ။ အမျိုးမတူသောချည်ဖြင့် ရက်ထားသောအဝတ်ကို မဝတ်ရ။
ငါ၏ပြဋ္ဌာန်းချက်၊ ငါ၏စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို စောင့်ထိန်းရမည်။ လိုက်နာရမည်။ ငါသည် ထာဝရဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုပြည်၌ အသီးအနှံဖြစ်ထွန်း၍ သင်တို့သည် ဝစွာစားရမည်။ ဘေးကင်းလုံခြုံစွာနေထိုင်ရမည်။
ဂျော်ဒန်မြစ်ကိုကူး၍ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရား အမွေအဖြစ်ပေးတော်မူသောပြည်၌ သင်တို့နေထိုင်ရမည်။ ကိုယ်တော်သည် သင်တို့ပတ်ပတ်လည်ရှိ ရန်သူအပေါင်းတို့ဘေးမှ ကင်းဝေးစေတော်မူသဖြင့် သင်တို့လုံခြုံစွာနေရလိမ့်မည်။
ဗင်္ယာမိန်အမျိုးကိုကား၊ ထာဝရဘုရားချစ်တော်မူသောဗင်္ယာမိန်သည် အထံတော်၌ လုံခြုံစွာနေရပါစေသော။ ကိုယ်တော်သည် သူ့ကိုအစဉ်အမြဲကွယ်ကာတော်မူ၍ သူ၏ပခုံးပေါ်တွင် ကိန်းဝပ်တော်မူပါစေသော။
အစ္စရေးလူမျိုးသည် ဘေးကင်းလုံခြုံစွာဖြင့် တသီးတခြားနေထိုင်ရမည်။ ယာကုပ်အမျိုးအနွယ်သည် ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ပေါများရာအရပ်၊ ကောင်းကင်မှ နှင်းတဖွဲဖွဲကျရာအရပ်၌ နေထိုင်ရမည်။