သင့်အိမ်နီးချင်းထံမှ လယ်ယာကို သင်ဝယ်သောအခါ မင်္ဂလာရတုနှစ်ပြီး၍ကျန်ရှိသောနှစ်အရေအတွက်နှင့်အညီ ဝယ်ရမည်။ သူသည်လည်း သီးနှံရိတ်သိမ်းနိုင်မည့်နှစ်အရေအတွက်နှင့်အညီ သင့်အား ရောင်းရမည်။
ဝတ်ပြု 25:16 - မြန်မာ့စံမီသမ္မာကျမ်း ဖြစ်ထွန်းသောသီးနှံအရေအတွက်နှင့်အညီ သင့်အား ရောင်းရခြင်းဖြစ်သောကြောင့် နှစ်အရေအတွက်များလျှင် တန်ဖိုးကိုတိုး၍ နှစ်အရေအတွက်နည်းလျှင် တန်ဖိုးကိုလျှော့ရမည်။ Common Language Bible အရောင်းအဝယ်ပြုလုပ်ရာ၌မြေမှအသီး အနှံထွက်အကြိမ်ပေါင်းကိုတွက်ချက်၍ ရောင်း ဝယ်ရသည်ဖြစ်သောကြောင့် အသီးအနှံထွက် မည့်နှစ်အနည်းအများအလိုက်မြေတန်ဖိုး ကိုဖြတ်ရမည်။- Garrad Bible မြေ ထွက် ကျန် သ မျှ ကို သာ ရောင်း ဝယ် ခွင့် ရှိ သ ဖြင့် ကျန် နှစ် များ သည် နှင့် အ မျှ တန် ဖိုး တိုး ခြင်း၊ နည်း သည် နှင့် အ မျှ လျော့ ခြင်း ပြု ရ မည်။ Judson Bible ထိုသို့ အသီးသီးရသော နှစ်များကိုလိုက်၍ရောင်းသောကြောင့်၊ နှစ်ပေါင်း အနည်းအများအလိုက် အဖိုးလျော့လျက်၊ တိုးလျက်ရောင်းဝယ်ရမည်။ |
သင့်အိမ်နီးချင်းထံမှ လယ်ယာကို သင်ဝယ်သောအခါ မင်္ဂလာရတုနှစ်ပြီး၍ကျန်ရှိသောနှစ်အရေအတွက်နှင့်အညီ ဝယ်ရမည်။ သူသည်လည်း သီးနှံရိတ်သိမ်းနိုင်မည့်နှစ်အရေအတွက်နှင့်အညီ သင့်အား ရောင်းရမည်။
သူသည် မိမိရောင်းထားသောနှစ်ကိုတွက်၍ လိုငွေကို ဝယ်သူအား ပေးပြီးမှ မိမိပိုင်သောမြေသို့ ပြန်သွားခွင့်ရှိမည်။
သူ့ကိုယ်သူ ရွေးနုတ်သောအခါ နှစ်များစွာကျန်သေးလျှင် ထိုနှစ်တို့၏အရေအတွက်နှင့်အညီ သူ့ကိုဝယ်သောငွေမှနုတ်၍ ပြန်အမ်းရမည်။
သို့သော် သူသည် မိမိလယ်ယာကို မင်္ဂလာရတုနှစ်လွန်မှ ဆက်ကပ်လိုလျှင် ယဇ်ပုရောဟိတ်သည် နောက်မင်္ဂလာရတုနှစ်အထိ ကျန်ရှိသောနှစ်အရေအတွက်နှင့်အညီ ငွေကိုတွက်၍ သင်ဖြတ်ထားသောတန်ဖိုးမှ နုတ်ရမည်။