ထို့နောက် မောရှေနှင့်အာရုန်အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားတို့သည်သွား၍ တစ်သဝေမတိမ်းပြုကြ၏။
ဝတ်ပြု 24:23 - မြန်မာ့စံမီသမ္မာကျမ်း မောရှေသည်လည်း အစ္စရေးအမျိုးသားတို့အားဆင့်ဆိုလေ၏။ ထို့နောက် သူတို့သည် ကျိန်ဆဲသောသူကို တပ်စခန်းအပြင်ဘက်သို့ထုတ်သွား၍ ခဲနှင့်ပေါက်သတ်ကြ၏။ ဤသို့ဖြင့် အစ္စရေးအမျိုးသားတို့သည် မောရှေအားထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ပြုကြလေ၏။ Common Language Bible မောရှေသည်ထိုသို့ဣသရေလအမျိုးသား တို့အား မိန့်ကြားသည့်အတိုင်း သူတို့သည် အပြစ်ကူးလွန်သူကိုစခန်းအပြင်သို့ ထုတ်၍ခဲဖြင့်ပစ်ကြ၏။ ဤနည်းအားဖြင့် ဣသရေလအမျိုးသားတို့သည် မောရှေအား ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း လိုက်နာဆောင်ရွက်ကြ၏။ Garrad Bible ဣ သ ရေ လ အ မျိုး သား တို့ အား မော ရှေ ဆင့် ဆို ရာ ထို သူ တို့ သည် ထာ ဝ ရ ဘု ရား မိန့် မှာ တော် မူ သည့် အ တိုင်း လိုက် နာ၍ ဆဲ ရေး သူ့ ကို တပ် စား ခန်း ပြင် သို့ ထုတ် ပြီး လျှင် ခဲ ပစ် ဒဏ် ခတ် ကြ သ တည်း။ Judson Bible ဣသရေလအမျိုးသားတို့သည်၊ ကျိန်ဆဲသောသူကို တပ်ပြင်သို့ဆောင်သွား၍၊ ကျောက်ခဲနှင့်ပစ်ရမည်အကြောင်း မောရှေဆင့်ဆိုသည်ဖြစ်၍ ထာဝရဘုရားသည် မောရှေအားမှာထားတော်မူသည်အတိုင်း သူတို့သည်ပြုကြ၏။ |
ထို့နောက် မောရှေနှင့်အာရုန်အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အစ္စရေးအမျိုးသားတို့သည်သွား၍ တစ်သဝေမတိမ်းပြုကြ၏။
ဤသည်ကား တစ်နှစ်လျှင်တစ်ကြိမ် အစ္စရေးအမျိုးသားတို့၏အပြစ်ရှိသမျှအတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရန် သင်တို့ အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု မိန့်တော်မူ၏။ အာရုန်သည်လည်း မောရှေအားထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ပြုလေ၏။
တိုင်းတစ်ပါးသားအတွက်ဖြစ်စေ၊ အမျိုးသားချင်းအတွက်ဖြစ်စေ သင်တို့၌ စီရင်ထုံးဖွဲ့ချက်သည် တစ်မျိုးတည်း ဖြစ်ရမည်။ အကြောင်းမူကား ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။