အမျိုးသားချင်းအတွက်ဖြစ်စေ၊ သင်တို့ထဲတွင်တည်းခိုနေထိုင်သော တိုင်းတစ်ပါးသားအတွက်ဖြစ်စေ ပညတ်တရားတစ်ပါးတည်းဖြစ်ရမည်”ဟု မိန့်တော်မူ၏။
ဝတ်ပြု 24:22 - မြန်မာ့စံမီသမ္မာကျမ်း တိုင်းတစ်ပါးသားအတွက်ဖြစ်စေ၊ အမျိုးသားချင်းအတွက်ဖြစ်စေ သင်တို့၌ စီရင်ထုံးဖွဲ့ချက်သည် တစ်မျိုးတည်း ဖြစ်ရမည်။ အကြောင်းမူကား ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။ Common Language Bible ငါသည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်သောကြောင့်သင်တို့နှင့်တကွ သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြား တို့သည်ဤပညတ်ကိုစောင့်ထိန်းကြရမည်'' ဟုမိန့်တော်မူ၏။ Judson Bible ကိုယ်အမျိုးသားဖြစ်စေ၊ သူတစ်ပါးအမျိုးသားဖြစ်စေ၊ တစ်ပါးတည်းသောတရားနှင့်သာ စီရင်ခြင်းကိုခံရမည်။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည်ဟု မောရှေအားမိန့်တော်မူ၏။ |
အမျိုးသားချင်းအတွက်ဖြစ်စေ၊ သင်တို့ထဲတွင်တည်းခိုနေထိုင်သော တိုင်းတစ်ပါးသားအတွက်ဖြစ်စေ ပညတ်တရားတစ်ပါးတည်းဖြစ်ရမည်”ဟု မိန့်တော်မူ၏။
အစ္စရေးအမျိုးအနွယ်ထဲမှဖြစ်စေ၊ သူတို့တွင် တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားထဲမှဖြစ်စေ တစ်စုံတစ်ယောက်သည် သွေးတစ်မျိုးမျိုးကိုစားလျှင် ထိုသွေးစားသောသူကို ငါမျက်နှာလွှဲ၍ သူ၏လူမျိုးမှ ငါပယ်ဖျက်မည်။
သင်တို့သည် အီဂျစ်ပြည်၌ တိုင်းတစ်ပါးသားဖြစ်ခဲ့ဖူးသည်ဖြစ်၍ သင်တို့ထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားကို ကိုယ့်အမျိုးသားချင်းကဲ့သို့ မှတ်ရမည်။ သူ့ကို ကိုယ်နှင့်အမျှချစ်ရမည်။ ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
မောရှေသည်လည်း အစ္စရေးအမျိုးသားတို့အားဆင့်ဆိုလေ၏။ ထို့နောက် သူတို့သည် ကျိန်ဆဲသောသူကို တပ်စခန်းအပြင်ဘက်သို့ထုတ်သွား၍ ခဲနှင့်ပေါက်သတ်ကြ၏။ ဤသို့ဖြင့် အစ္စရေးအမျိုးသားတို့သည် မောရှေအားထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း ပြုကြလေ၏။
မရည်ရွယ်ဘဲအပြစ်ပြုမိသောသူနှင့်ပတ်သက်၍ အစ္စရေးအမျိုးသားတို့တွင် အမျိုးသားချင်းအတွက်ဖြစ်စေ၊ သူတို့တွင် တည်းခိုနေထိုင်သော တစ်ပါးအမျိုးသားအတွက်ဖြစ်စေ တရားသည် တစ်မျိုးတည်း ဖြစ်ရမည်။
သင်တို့တွင်တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားသည် ထာဝရဘုရားအဖို့ ပသခါပွဲတော်ကို ကျင်းပလိုလျှင် ပသခါပွဲတော်ဆိုင်ရာပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်များနှင့်အညီ ကျင်းပရမည်။ တိုင်းတစ်ပါးသားအတွက်ဖြစ်စေ၊ အမျိုးသားချင်းအတွက်ဖြစ်စေ ပြဋ္ဌာန်းချက်သည် တစ်မျိုးတည်း ဖြစ်ရမည်”ဟု မိန့်တော်မူ၏။
ထိုအချိန်က သင်တို့၏တရားသူကြီးများကိုလည်း ‘သင်တို့၏အမျိုးသားချင်းတို့ထဲ၌ရှိသောအမှုများကိုနားထောင်၍ အမျိုးသားအချင်းချင်းကြား၌ဖြစ်စေ၊ အမျိုးသားချင်းနှင့် သူ့ထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားကြား၌ဖြစ်စေ ဖြောင့်မတ်စွာတရားစီရင်ရမည်။