ဝတ်ပြု 24:19 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ယောက်သည် မိမိအိမ်နီးချင်းကို အနာတရဖြစ်စေလျှင် ထိုသူသည် မိမိပြုသည့်အတိုင်း ပြန်ခံရမည်။ Common Language Bible ``အခြားသူတစ်ဦးအားထိခိုက်နာကျင် စေသောသူသည်ကိုယ်တိုင်လည်းထိုအတိုင်း ခံစေရမည်။- Garrad Bible သူ တစ် ပါး၌ ပျက် ယွင်း စေ လျှင် ချိုး ခြင်း အ စား ချိုး ခြင်း၊ မျက် စိ အ စား မျက် စိ၊ သွား အ စား သွား၊ ပြု သည့် အ လျောက် ခံ ရ မည်။ သူ တစ် ပါး၌ ပျက် ယွင်း စေ သည့် အ တိုင်း ပင် ခံ ဆပ် စေ။ Judson Bible လူသည် အိမ်နီးချင်းကိုနာအောင်ပြုလျှင်၊ သူ့ကိုပြုသည်အတိုင်း ကိုယ်ခံရမည်။ |
မီးလောင်ခြင်းအတွက် မီးလောင်ခြင်း၊ ထိခိုက်ဒဏ်ရာအတွက် ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာအတွက် ပွန်းပဲ့ဒဏ်ရာ ပြန်ပေးဆပ်ရမည်။
သူတစ်ပါး၏တိရစ္ဆာန်ကိုသတ်သောသူသည် တစ်ကောင်အတွက်တစ်ကောင် အလျော်ပေးရမည်။
တစ်စုံတစ်ယောက်ကို အနာတရဖြစ်စေသောသူသည် အရိုးချိုးသည့်အတွက်အရိုးချိုးခြင်း၊ မျက်စိအတွက်မျက်စိ၊ သွားအတွက်သွား မိမိပြုသည့်အတိုင်း ပြန်ခံရမည်။
အကြောင်းမူကား သင်တို့စီရင်သည့်နည်းလမ်းအတိုင်း သင်တို့သည် စီရင်ခြင်းခံရ၍ သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးလိမ့်မည်။
သင်သည် သူ့ကို မသနားရ။ အသက်အတွက် အသက်၊ မျက်စိအတွက် မျက်စိ၊ သွားအတွက် သွား၊ လက်အတွက် လက်၊ ခြေအတွက် ခြေ သူ့ကို ပြန်ခံစေရမည်။
ထိုအခါ အဒေါနိဗေဇက်မင်းကြီးက “ငါသည် ဘုရင်အပါးခုနစ်ဆယ်တို့၏ခြေမ၊ လက်မကိုဖြတ်၍ ငါ့စားပွဲအောက်၌စားနုပ်စားပေါက်တို့ကိုကောက်စားစေခဲ့၏။ ဘုရားသခင်သည် ငါပြုခဲ့သည့်အတိုင်း ငါ့အားပြန်ပြုတော်မူပြီ”ဟု ဆိုလေ၏။ သူတို့သည် အဒေါနိဗေဇက်မင်းကြီးကို ဂျေရုဆလင်မြို့သို့ခေါ်ဆောင်သွားပြီး ထိုမြို့၌ပင် သူသေလေ၏။