ခပ်သိမ်းသောအရာအတွက် သတ်မှတ်ထားသောအချိန်အခါရှိ၍ ကောင်းကင်အောက်ရှိ ခပ်သိမ်းသောအကြောင်းကိစ္စအတွက် သူ့အချိန်ရှိ၏။
ဝတ်ပြု 23:37 - မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား ထာဝရဘုရားအဖို့ မီးဖြင့်ပူဇော်သောမီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ယဇ်ကောင်နှင့် သွန်းလောင်းရာပူဇော်သက္ကာတို့ကို ရက်အလိုက်ပူဇော်ရန် သင်တို့ကြေညာရမည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရားသတ်မှတ်ထားသောဓမ္မပွဲတော်များဖြစ်၏။ Common Language Bible (ဤဘာသာရေးပွဲတော်များတွင် ထာဝရ ဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းရန် သင်တို့သည်စုဝေးဝတ်ပြုကိုးကွယ်ခြင်း နှင့်မီးရှို့ရာပူဇော်သကာ၊ ဘောဇဉ်ပူဇော် သကာ၊ ယဇ်ပူဇော်ခြင်းစပျစ်ရည်ပူဇော် သကာများကိုသတ်မှတ်သောနေ့ရက်အလိုက် ပူဇော်ခြင်းကိုပြုလုပ်ရကြမည်။- Garrad Bible ထာ ဝ ရ ဘု ရား ထံ သ စ္စာ ဝတ် အ လျောက် စေ တ နာ အ လျောက် အ လှူ မှ စ သော ဒါ န အ မျိုး မျိုး ကို လှူ ဒါန်း သော အ ချိန် များ နှင့် ထာ ဝ ရ ဘု ရား၏ ဥ ပုသ် နေ့ များ ပြင် မီး ပူ ဇော် ရာ တည်း ဟူ သော မီး ရှို့ ရာ သ က္ကာ၊ ဘော ဇဉ် သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ၊ သွန်း လောင်း ရာ သ က္ကာ များ ကို ဆိုင် ရာ ဆိုင် ရာ နေ့၌ ထာ ဝ ရ ဘု ရား ထံ ဆက် ကပ် ရန် ထာ ဝ ရ ဘု ရား ချိန်း ချက် တော် မူ သည့် အ လျောက် သင် တို့ ကြော် ငြာ ရ သော ဓ မ္မ အ စည်း အ ဝေး များ ကား ထို သို့ ပင် တည်း။ Judson Bible ဤရွေ့ကား၊ ထာဝရဘုရား၏ဥပုသ်နေ့၊ ထာဝရဘုရားအားဆက်ကပ်ရသော အလှူဒါန၊ သစ္စာကတိနှင့်ဆိုင်သောပူဇော်သကာ၊ အလိုလိုပြုသောပူဇော်သကာမှတစ်ပါး၊ နေ့ရက်အသီးအသီးတို့၌ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာ၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ ယဇ်ပူဇော်ခြင်း၊ သွန်းလောင်းရာပူဇော်သကာကို ပြုစေခြင်းငှာ စီရင်ရသောဓမ္မစည်းဝေးခြင်း၊ ထာဝရဘုရား၏ပွဲတော်များ ဖြစ်သတည်း။ |
ခပ်သိမ်းသောအရာအတွက် သတ်မှတ်ထားသောအချိန်အခါရှိ၍ ကောင်းကင်အောက်ရှိ ခပ်သိမ်းသောအကြောင်းကိစ္စအတွက် သူ့အချိန်ရှိ၏။
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တို့ကြေညာရမည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရားသတ်မှတ်ထားသောဓမ္မပွဲတော်များကား ဤသို့ဖြစ်၏။ ဤပွဲတော်များသည် ငါသတ်မှတ်ထားသောပွဲတော်များဖြစ်၏။
ထာဝရဘုရား၏ဥပုသ်နေ့ကိုစောင့်ထိန်းသည်သာမက၊ သင်တို့၏ပူဇော်သက္ကာများ၊ သင်တို့၏ကတိသစ္စာအလျောက်ပူဇော်သောအရာအားလုံး၊ သင်တို့၏စေတနာအလျောက်ပူဇော်သောအရာအားလုံးတို့ကို ထာဝရဘုရားအား ပူဇော်ရမည်။
အချိန်တန်သောအခါ သင်တို့ကြေညာရမည့် သန့်ရှင်းသောဓမ္မစည်းဝေးခြင်းတည်းဟူသော ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်များကား ဤသို့ဖြစ်၏။
မောရှေသည်လည်း ထာဝရဘုရားသတ်မှတ်ထားသောပွဲတော်များကို အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလေ၏။