Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒေသနာကျမ်း။ 3:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ခပ်သိမ်း​သော​အရာ​အတွက် သတ်မှတ်​ထား​သော​အချိန်အခါ​ရှိ​၍ ကောင်းကင်​အောက်​ရှိ ခပ်သိမ်း​သော​အကြောင်းကိစ္စ​အတွက် သူ့​အချိန်​ရှိ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ခပ်သိမ်းသော အမှုအရာတို့သည် မိမိတို့အချိန် ရှိ၏။ မိုဃ်းကောင်းကင်အောက်၌ ကြံစည်သမျှ အသီးသီး ကို့ကို ပြုရသောအချိန်ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 မိုး ကောင်း ကင် အောက် တွင် ခပ် သိမ်း သော အ ခြင်း အ ရာ အ မှု အ ရေး အ ဖို့၊ ရွယ် ထား သော အ ချိန် ရှိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ခပ်​သိမ်း​သော​အ​မှု​အ​ရာ​တို့​သည် မိ​မိ​တို့​အ​ချိန်​ရှိ၏။ မိုး​ကောင်း​ကင်​အောက်၌ ကြံ​စည်​သ​မျှ အ​သီး​အ​သီး​တို့​ကို ပြု​ရ​သော​အ​ချိန်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒေသနာကျမ်း။ 3:1
12 ပူးပေါင်းရင်းမြစ်များ  

ဧလိရှဲ​က သူ့​အား “​ထို​လူ​သည် ရထား​ပေါ်​မှ​ဆင်းလာ​ပြီး သင်​နှင့်​တွေ့​သည့်​နေရာ​သို့ ငါ့​ဝိညာဉ်​သည် ရောက်​နေ​သည်​ကို သင်​မ​သိ​သလော​။ ယခု​အချိန်​သည် ငွေ​ကို​လက်ခံ​ရ​မည့်​အချိန်​လော​။ အဝတ်အစား​၊ သံလွင်ခြံ​၊ စပျစ်ခြံ​၊ သိုး​နွား​၊ ကျွန်ယောက်ျား​ကျွန်မိန်းမ​တို့​ကို လက်ခံ​ရ​မည့်​အချိန်​လော​။


ထိုသို့ ဒုက္ခရောက်​သောအခါ မနာရှေ​မင်းကြီး​သည် သူ​၏​ဘုရားသခင်​ထာဝရဘုရား​၏​မျက်နှာ​တော်​ကို ရှာ​လျက် ဘိုးဘေး​တို့​၏​ဘုရားသခင်​ရှေ့​တော်​တွင် မိမိကိုယ်ကို​အလွန်​နှိမ့်ချ​လေ​၏​။


လူ​သည် မိမိ​နှုတ်​၏​တုံ့ပြန်​စကား​အားဖြင့် ဝမ်းမြောက်​ခြင်း​ကို​ခံစား​ရ​၏​။ သင့်လျော်​သော​အချိန်​၌ ပြောဆို​သော​စကား​သည်​လည်း ကောင်းမြတ်​လှ​ပေ​၏​။


အပြင်​၌ သင်​၏​အလုပ်​ကို ပြင်ဆင်​၍ လယ်ယာ​၌ အရာရာ​ကို သင့်​အတွက်​အဆင်သင့်​ပြင်​ထား​လော့​။ ထို့နောက်မှ သင့်​အိမ်​ကို​ဆောက်​လော့​။


ငါ​သည် မိုးကောင်းကင်​အောက်​၌​ပြု​သမျှ​သော​အရာ​တို့​ကို ဉာဏ်ပညာ​အားဖြင့် ရှာဖွေ​ရန်​နှင့်​စူးစမ်း​ရန် ငါ​၏​စိတ်​ကို​ပိုင်းဖြတ်​ထား​၏​။ ၎င်း​မှာ လူ​သား​တို့​ကို​ရုန်းကန်​စေရန် သူ​တို့​အား ဘုရားသခင်​ပေးအပ်​တော်မူ​သည့် ငြီးငွေ့ဖွယ်​ကောင်း​သော​အလုပ်​ဖြစ်​၏​။


ထို့ကြောင့် ငါ​သည် အသက်ရှင်​ရ​ခြင်း​ကို​မုန်း​၏​။ အဘယ်ကြောင့်​ဆိုသော် နေ​အောက်​တွင်​ပြု​သော​အမှု​သည် ငါ့​အတွက် ငြီးငွေ့ဖွယ်​ကောင်း​၏​။ အကြောင်းမူကား ခပ်သိမ်း​သော​အရာ​သည် အချည်းနှီး​ဖြစ်​ပြီး လေ​ကို​လိုက်ဖမ်း​ခြင်း​ဖြစ်​၏​။


လူသား​တို့​သည် မိမိ​တို့​၏​အနည်းငယ်​သော အသက်တာ​နေ့ရက်​များ​၌ မိုးကောင်းကင်​အောက်​တွင် မည်သည့်​အရာ​ပြု​ကောင်း​သည်​ကို ငါ​မြင်​ရ​သည်​အထိ ငါ့​စိတ်နှလုံး​ကို ဉာဏ်ပညာ​ဖြင့်​ဦးဆောင်​ရင်း မိုက်မဲ​သော​အမှု​၌​ကျင်လည်​၍ ငါ့​ကိုယ်ခန္ဓာ​ကို​စပျစ်ဝိုင်​ဖြင့်​အားတက်​စေ​မည်​ဟု ငါ့​စိတ်နှလုံး​ထဲတွင် ငါ​ကြံစည်​၏​။


“​ဘုရားသခင်​သည် ဖြောင့်မတ်​သော​သူ​နှင့် ဆိုးယုတ်​သော​သူ​တို့​ကို တရားစီရင်​တော်မူ​မည်​။ အကြောင်းမူကား ခပ်သိမ်း​သော​အကြောင်းကိစ္စ​နှင့် ခပ်သိမ်း​သော​အမှု​အတွက် သူ့​အချိန်​ရှိ​၏​”​ဟု ငါ့​စိတ်နှလုံး​ထဲ၌ ငါ​မြွက်ဆို​၏​။


ကောင်းကျိုးချမ်းသာ​ခံစား​ရာ​ကာလ​၌ ဝမ်းမြောက်​လော့​။ ဒုက္ခခံရာ​ကာလ​၌​မူကား ဆင်ခြင်​လော့​။ လူ​သည် သူ့​နောက်တွင်​ဖြစ်​မည့်​အရာ​တစ်စုံတစ်ခု​ကို​မျှ မ​တွေ့ရှိ​စေရန် ဘုရားသခင်​သည် ကောင်းကျိုးချမ်းသာ​နှင့်အတူ ဒုက္ခ​ကို​လည်း ဖြစ်ပေါ်​စေ​တော်မူ​၏​။


“​အပြောကြီး​သော အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​၊ အခွင့်ကောင်း​ကို သင်​လက်လွတ်​ရ​ပြီ​”​ဟူ၍​လည်း အော်ဟစ်​ကြ​၏​။


နံနက်​စောစော​အချိန်​တွင်​လည်း ‘မိုး​ကောင်းကင်​အုံ့မှိုင်း​လျက်​နီရဲ​သည်​ဖြစ်၍ ယနေ့​မုန်တိုင်း​လာ​လိမ့်မည်’​ဟု ဆို​တတ်​ကြ​၏။ သင်​တို့​သည်​မိုး​ကောင်းကင်​၏​အသွင်အပြင်​ကို ပိုင်းခြား​၍​သိ​ကြ​သော်လည်း အချိန်​ကာလ​များ​၏​နိမိတ်​လက္ခဏာ​များ​ကို​မူ ပိုင်းခြား​၍​မ​သိ​နိုင်​ကြ။]


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ