အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဝတ်​ပြု 22:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယဇ်ပုရောဟိတ်​တို့​သည် ငါ​၏​ညွှန်ကြားချက်​ကို ရှုတ်ချ​ခြင်း​ဖြင့် အပြစ်​ခံရ​၍ မ​သေ​ရ​မည့်​အကြောင်း ငါ​၏​ညွှန်ကြားချက်​ကို စောင့်ထိန်း​ရ​မည်​။ ငါ​သည် သူ​တို့​ကို သန့်ရှင်း​စေ​သော​ထာဝရဘုရား​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

``ယဇ်​ပု​ရော​ဟိတ်​အား​လုံး​တို့​သည် ငါ​၏ ပ​ညတ်​များ​ကို​လိုက်​နာ​ရ​ကြ​မည်။ ယင်း​သို့ မ​လိုက်​နာ​လျှင်​ပ​ညတ်​တော်​များ​ကို​ချိုး ဖောက်​သော​ကြောင့် သူ​တို့​သည်​အ​ပြစ်​ကူး လွန်​သ​ဖြင့်​သေ​ရ​ကြ​မည်။ ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​၏။ ငါ​သည်​သူ​တို့​ကို​သန့်​ရှင်း စေ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ့ မိန့် မှာ ချက် ကိုဖောက် ကျော် သ ဖြင့် အ ပြစ် ဝန် ထမ်း လျက် သေ ကြ မည် စိုး၍ ထို အ ချက် ကို စောင့် ရှောက် ကြ စေ။ ငါ သည် ထို သူ တို့ ကို သီး သန့် ထား သော ထာ ဝ ရ ဘု ရား ပေ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

ယဇ်​ပု​ရော​ဟိတ်​တို့​သည် ငါ့​ပ​ညတ်​တော်​ကို​ဖျက်​သ​ဖြင့်၊ ကိုယ်​အ​ပြစ်​ကို​ခံ​လျက် မ​သေ​ရ​မည်​အ​ကြောင်း ငါ့​ပ​ညတ်​တ​ရား​ကို​စောင့်​ရှောက်​ရ​ကြ​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို​သန့်​ရှင်း​စေ၏။

အခန်းကိုကြည့်ပါ။



ဝတ်​ပြု 22:9
10 ပူးပေါင်းရင်းမြစ်များ  

အာရုန်​နှင့်​သူ​၏​သား​တို့​သည် တွေ့ဆုံစည်းဝေးရာ​တဲ​တော်​ထဲသို့ ဝင်​သောအခါ​ဖြစ်စေ​၊ သန့်ရှင်းရာဌာန​တော်​၌ အမှု​တော်​ဆောင်ရွက်​ရန် ယဇ်ပလ္လင်​တော်​သို့ ချဉ်းကပ်​သောအခါ​ဖြစ်စေ အပြစ်​သင့်​၍​မ​သေ​စေရန် ထို​ဘောင်းဘီ​ကို​ဝတ်​ရ​မည်​။ ဤသည်ကား အာရုန်​နှင့် နောင်လာမည့်​သူ​၏​သားစဉ်မြေးဆက် အစဉ်အမြဲ​လိုက်နာ​ရ​မည့်​ပြဋ္ဌာန်းချက်​ဖြစ်​၏​။


သူ​မ​သေ​ရ​မည့်​အကြောင်း သက်သေခံချက်​ပေါ်​ရှိ ကရုဏာ​တော်​ပလ္လင်​ကို နံ့သာပေါင်း​၏​မီးခိုးငွေ့​ဖြင့် ဖုံးလွှမ်း​စေရန် နံ့သာပေါင်း​ကို ထာဝရဘုရား​ရှေ့​တော်​ရှိ မီး​ပေါ်၌ တင်ထား​ရ​မည်​။


“​ငါ​သည် ကရုဏာ​တော်​ပလ္လင်​အထက်​တွင် မိုးတိမ်​အားဖြင့်​ထင်ရှား​မည်​ဖြစ်၍ သင်​၏​အစ်ကို​အာရုန်​မ​သေ​ရ​မည့်​အကြောင်း သေတ္တာ​ပေါ်​ရှိ ကရုဏာ​တော်​ပလ္လင်​ရှေ့​၊ ကန့်လန့်ကာ​အတွင်း​ဘက်​ရှိ သန့်ရှင်းရာဌာန​ထဲသို့ အချိန်မရွေး ဝင်ထွက်သွားလာ​ခြင်း​မ​ပြု​ရန် သူ့​အား​ပြော​လော့​။


ထို့ကြောင့် သင်​တို့​ရှေ့​၌​ရှိ​သော​သူ​တို့​ပြုကျင့်​ကြ​သည့် စက်ဆုပ်ရွံရှာဖွယ်​ဓလေ့စရိုက်​တို့​ကို​မ​ပြုကျင့်​မိ​ရန် သင်​တို့​သည် ငါ​၏​ညွှန်ကြားချက်​ကို​စောင့်ထိန်း​ရ​မည်​။ ထို​ဓလေ့စရိုက်​တို့​အားဖြင့် သင်​တို့​ကိုယ်​သင်​တို့ မ​ညစ်ညူး​စေ​နှင့်​။ ငါ​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


သန့်ရှင်း​သော​ပူဇော်သက္ကာ​ကို စား​မိ​စေ​ခြင်း​ဖြင့် သူ​တို့​အပေါ် ဒုစရိုက်​အပြစ်ဒဏ် မ​ကျရောက်​စေ​ရ​။ ငါ​သည် သူ​တို့​ကို သန့်ရှင်း​စေ​သော​ထာဝရဘုရား​ဖြစ်​၏​”​ဟု မိန့်​တော်မူ​၏​။


အစ္စရေး​အမျိုးသား​တို့​သည် အပြစ်​သင့်​၍ မ​သေ​ကြ​ရ​မည့်​အကြောင်း ယခု​မှစ၍​တွေ့ဆုံစည်းဝေးရာ​တဲ​တော်​သို့ မ​ချဉ်းကပ်​ရ​။


သင်​တို့​သည် ဆယ်ဖို့တစ်ဖို့​ထဲမှ​အကောင်းဆုံး​ကို ပေးလှူပူဇော်​သောကြောင့် သင်​တို့​အပေါ် အပြစ်​သင့်​မည်​မ​ဟုတ်​။ သင်​တို့​မ​သေ​ရ​မည့်​အကြောင်း အစ္စရေး​အမျိုးသား​တို့​၏​သန့်ရှင်းသောအရာ​တို့​ကို မ​ညစ်ညူး​စေ​ရ​”​ဟု မိန့်​တော်မူ​၏​။


မိုက်မဲ​သော​မျက်မမြင်​တို့၊ မည်သည့်​အရာ​သည် ပို၍​ကြီးမြတ်​သနည်း။ ထို​ရွှေ​လော​၊ သို့မဟုတ် ထို​ရွှေ​ကို​သန့်ရှင်း​စေ​သည့် ဗိမာန်​တော်​လော။


သို့ဖြစ်၍ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ ကိုယ်တော်​၏​ညွှန်ကြားချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​၊ ပညတ်ချက် တို့​ကို အစဉ်အမြဲ​စောင့်ထိန်း​ရ​မည်​။