မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသော လုပ်ဆောင်ရမည့်အလုပ်အမျိုးမျိုးအတွက် စိတ်စေတနာရှိသော အစ္စရေးအမျိုးသားယောက်ျားမိန်းမအပေါင်းတို့သည် ထာဝရဘုရားထံ စေတနာအလျောက်လှူသောအလှူပစ္စည်းကို ယူဆောင်လာကြ၏။
ဝတ်ပြု 22:23 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်အင်္ဂါပုံပျက်၍ ပိန်လှီသော နွား၊ သို့မဟုတ် သိုးသငယ်ကို စေတနာအလျောက် ပူဇော်သောပူဇော်သက္ကာအဖြစ် ပူဇော်နိုင်သော်လည်း ကတိသစ္စာဝတ်ကိုဖြေရန်အတွက်ကား လက်ခံတော်မူမည်မဟုတ်။ Common Language Bible ပုကွသောတိရစ္ဆာန်သို့မဟုတ်ပုံပန်းမကျ သောတိရစ္ဆာန်ကို မိမိစေတနာအလျောက် ပူဇော်သောယဇ်အဖြစ်ဆက်သနိုင်သော် လည်း ကတိသစ္စာအလျောက်ပူဇော်သော ယဇ်အဖြစ်မဆက်သနိုင်။- Garrad Bible စေ တ နာ အ လျောက် ဖြစ် လျှင်၊ အင်္ဂါ တို ရှည် သော နွား၊ သိုး၊ ဆိတ် ကို တင် သွင်း ခွင့် ရှိ သော် လည်း သ စ္စာ ဝတ် အ လျောက် မူ ကား လက် ခံ ဖွယ် မ ဟုတ် ချေ။ Judson Bible သို့ရာတွင် အင်္ဂါပိုခြင်း၊ ချို့တဲ့ခြင်းအပြစ်ရှိသော သိုး၊ ဆိတ်၊ နွားကို အလိုလို ပူဇော်သကာဖို့ပူဇော်ရမည်။ သစ္စာကတိနှင့်ဆိုင်၍ပူဇော်လျှင် စိတ်တော်နှင့်မတွေ့။ |
မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသော လုပ်ဆောင်ရမည့်အလုပ်အမျိုးမျိုးအတွက် စိတ်စေတနာရှိသော အစ္စရေးအမျိုးသားယောက်ျားမိန်းမအပေါင်းတို့သည် ထာဝရဘုရားထံ စေတနာအလျောက်လှူသောအလှူပစ္စည်းကို ယူဆောင်လာကြ၏။
မျက်စိကန်းသောအကောင်၊ ဒဏ်ရာရသောအကောင်၊ အင်္ဂါချို့ယွင်းသောအကောင်၊ ပြည်တည်နာစွဲသောအကောင်၊ နှင်းခူစွဲသောအကောင်၊ ယားနာစွဲသောအကောင် တို့ကို ထာဝရဘုရားအား မပူဇော်ရ။ ထိုသို့သောအကောင်တို့ကို ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်အဖြစ် ယဇ်ပလ္လင်ပေါ် မတင်ရ။
ဝှေးစေ့ပွန်းပဲ့၊ ကြေမွ၊ ကွဲပြဲ၊ စုတ်ပြတ်သောအကောင်ကို ထာဝရဘုရားအား မပူဇော်ရ။ ထိုသို့သောအကောင်ကို သင်တို့ပြည်တွင် မပူဇော်ရ။
တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက “မျက်စိကန်းသောအကောင်ကို ယဇ်ပူဇော်ရန် ယူဆောင်လာခြင်းသည် အပြစ်မဟုတ်လော၊ ခြေမသန်သောအကောင်၊ နာနေသောအကောင်တို့ကို ယဇ်ပူဇော်ခြင်းသည် အပြစ်မဟုတ်လော၊ ထိုသို့သောအကောင်ကို သင့်ဘုရင်ခံအား ဆက်သကြည့်ပါလော့။ သူလက်ခံပြီး သင့်ကို မျက်နှာသာပေးလိမ့်မည်လော”ဟု မိန့်တော်မူ၏။
အကယ်၍ ထိုအကောင်သည် ခြေမသန်ခြင်း၊ မျက်စိမမြင်ခြင်း စသည့် ဆိုးရွားသောအနာအဆာတစ်စုံတစ်ရာဖြစ်နေလျှင် ထိုအနာအဆာရှိသောအကောင်ကို သင်၏ဘုရားသခင်ထာဝရဘုရားအား ယဇ်မပူဇော်ရ။
နွား၊ သို့မဟုတ် သိုးတို့၏ကိုယ်ခန္ဓာ၌ ဆိုးရွားသောအနာအဆာတစ်စုံတစ်ရာရှိလျှင် သင်၏ဘုရားသခင်ထာဝရဘုရားအား မပူဇော်ရ။ ထိုအမှုကို သင်၏ဘုရားသခင်ထာဝရဘုရား စက်ဆုပ်ရွံရှာတော်မူ၏။