ထာဝရဘုရား၏ဝိညာဉ်တော်ကို မည်သူလမ်းညွှန်နိုင်သနည်း။ ကိုယ်တော့်ကို အကြံပေးသူ၊ ညွှန်ကြားသူကား မည်သူနည်း။
ဝတ်ပြု 22:12 - မြန်မာ့စံမီသမ္မာကျမ်း ယဇ်ပုရောဟိတ်၏သမီးသည် သာမန်လူနှင့် ယူလျှင် သူသည် သန့်ရှင်းသောအလှူပစ္စည်းကို စားခွင့်မရှိ။ Common Language Bible ယဇ်ပုရောဟိတ်မဟုတ်သူတစ်ယောက်နှင့် ထိမ်းမြားစုံဖက်သော ယဇ်ပုရောဟိတ်၏ သမီးသည်သန့်ရှင်းသောပူဇော်သကာ ကိုမစားရ။- Garrad Bible ပ ရော ဟိတ် မျိုး မ ဟုတ် သူ၏ မ ယား ဖြစ် သော ပ ရော ဟိတ် သ မီး သည် မြှောက် ဆက် ပြီး ဝ တ္ထု ကို မ စား ရ။ Judson Bible ယဇ်ပုရောဟိတ်သမီးသည် တစ်ပါးအမျိုးသား၏မယားဖြစ်လျှင်၊ သန့်ရှင်းသော ပူဇော်သကာအရာကို မစားရ။ |
ထာဝရဘုရား၏ဝိညာဉ်တော်ကို မည်သူလမ်းညွှန်နိုင်သနည်း။ ကိုယ်တော့်ကို အကြံပေးသူ၊ ညွှန်ကြားသူကား မည်သူနည်း။
ယောက်ျားမယူသေးသော အစ်မ၊ သို့မဟုတ် နှမအပျိုကညာအတွက် ကိုယ့်ကိုယ်ကိုယ်ညစ်ညူးစေနိုင်၏။
သို့သော် ယဇ်ပုရောဟိတ်သည် မိမိငွေဖြင့် တစ်စုံတစ်ယောက်ကို ဝယ်ထားလျှင် ထိုသူသည် စားခွင့်ရှိ၏။ သူ၏အိမ်၌ မွေးဖွားသောသူတို့သည်လည်း သူ၏အစားအစာကို စားခွင့်ရှိ၏။
သို့သော် ယဇ်ပုရောဟိတ်၏သမီးသည် မုဆိုးမဖြစ်သွားလျှင်ဖြစ်စေ၊ ကွာရှင်းထားလျှင်ဖြစ်စေ သူ၌သားသမီးမရှိဘဲ သူ့ဖခင်၏အိမ်သို့ပြန်လာ၍ အပျိုကဲ့သို့ ပြန်နေလျှင် ဖခင်၏အစားအစာကို စားခွင့်ရှိ၏။ သာမန်လူတစ်ယောက်မျှ စားခွင့်မရှိ။